သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီတပ်နယ်မြေရှင်းစစ်ဆင်ရေး မြောင်မြို့နယ်ကျေးရွာ ၁၀ ရွာက ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်


စစ်ကောင်စီက နယ်မြေရှင်းလင်းနေတဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းက ကျေးရွာတချို့ (ဓာတ်ပုံ-MIMU)
စစ်ကောင်စီက နယ်မြေရှင်းလင်းနေတဲ့ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်အတွင်းက ကျေးရွာတချို့ (ဓာတ်ပုံ-MIMU)

[[Zawgyi/Unicode]]

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်ထဲမှာ ပြီးခဲ့တဲ့ သီတင်းပတ်ကုန် စစ်ကောင်စီတပ်တွေရဲ့ နယ်မြေရှင်းလင်းတဲ့ စစ်ဆင်ရေးအတွင်း အနည်းဆုံး ကျေးရွာ ၁၀ ရွာ က ထောင်နဲ့ချီတဲ့ရွာသူရွာသားတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ အရင်ကလည်း ထွက်ပြေးတိမ်းရှောင်နေတဲ့ ရွာသားတွေရှိနေပြီး မြန်မာစစ်တပ်နဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကြား စစ်ရေးတင်းမာနေတာကြောင့် ဒုက္ခသည်တွေ အိမ်မပြန်နိုင်ကြသေးပါဘူး။ မြောင်မြို့ဘက်ကအခြေအနေ သတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး မြောင်မြို့နယ်ကျေးရွာတွေကို စစ်ကောင်စီဘက်က စက်တင်ဘာ ၄ ရက် ညပိုင်းက စတင်ပြီး နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတဲ့အတွက် ရဲစခန်းအနီးက ကျေးရွာတော်တော်များများ ဘေးလွတ်ရာတိမ်းရှောင် နေရပါတယ်။ လက်ရှိအချိန် စစ်ကောင်စီဟာ မြောင်မြို့နယ်နဲ့ ရေစကြို မြို့နယ် မှာ စစ်ကြောင်းတကြောင်းနဲ့ မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းအနီးမှာ စစ်ကြောင်း တကြောင်း စုစုပေါင်း စစ်ကြောင်း ၂ ကြောင်းခွဲပြီး နယ်မြေရှင်းလင်းရေးလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါ့ကြောင့်လည်း ကျေးရွာ ၁၀ ရွာထက် မနည်းက ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“စစ်ကြောင်းတကြောင်းက မြောင်နယ်တောင်ဖျားပေါ့နော်။ မြောင်နယ်တောင်ဖျား ငါးရန့်အို မင်းလှရွာကနေ ပန်းညိုရွာကိုရောက်တယ်။ အဲ့အချိန်မှာ အဲ့ဘက်ရွာတွေက ပြေးကြရတယ်။ ညကျတော့ ကျောက်ရစ်ရဲစခန်းက ဘူးကိုင်းရွာကို ထပ်ဝင်တယ်။ ဝင်တဲ့အတွက်ကြောင့် ဘူးကိုင်းနဲ့ ဘေးပတ်ပတ်လည်ရွာတွေကပါ ထပ်ပြီးတော့ ပြေးကြရတယ်ခင်ဗျ။ အဲ့တော့ စစ်ကြောင်းက ၂ ကြောင်း၊ တောင်ဖျားနဲ့ အလယ်ကြောပေါ့နော်။ အဲ့ရွာတွေပြေးကြရတာဗျ။ မနက်ပိုင်း တောင်ဖျားမှာက ၃/၄ ထောင်လောက်ရှိတယ်။ ရွာ ၅ ရွာဆိုတော့။ ညပိုင်းမှာက ၅ ထောင်လောက်ရှိတယ်။”

ဒုက္ခသည်တွေဟာ ဘုန်းကြီးကျောင်းတွေနဲ့ စစ်တပ်ဘက်က ထိုးစစ်ဆင်တာမရှိတဲ့ တခြား ကျေးရွာတွေဆီမှာ ခိုလှုံနေရပါတယ်။ စစ်ဘေးရှောင်နေရတဲ့ အခြေအနေနဲ့ ပတ်သက်လို့ စစ်ဘေးရှောင်တဦးကလည်း အခုလို ပြောပါတယ်။

“ညတုန်းက ၈ နာရီကျော်လောက်က ပြေးတာ ဒုက္ခကတော့ အကြီးအကျယ်ရောက်တာပေ့ါ။ ကျနော်တို့နယ်လည်း မီးရှို့ခံရတဲ့ ရွာတွေအများကြီးရှိတယ်။ အခြေအနေက အခုလောလောဆယ်တော့ ရှောင်ရတာပေါ့။ ကျနော်တို့ကတော့ မြန်မြန်ပြီးသွားမှ အဆင်ပြေမယ်။ အဆင်မပြေဘူးပေါ့ဗျာ။ အားလုံး လူကြီးတွေကော၊ ကျွဲနွားတွေဆိုလည်း အကုန်ပစ်ထားခဲ့ရတယ်။ တိရစ္ဆာန်တွေဆိုရင် အစားလည်း မစားရ ဒုက္ခက တော်တော်ကြီးပါတယ်။”

စစ်ကိုင်းတိုင်း မြောင်နယ်ထဲကို သြဂုတ်လ ၃၁ ရက်ကတည်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်လာပြီး နယ်မြေရှင်းလင်းနေတာပါ။ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ် ပွားတာ မရှိပေမယ့် လက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့် အရပ်သား ၅ ဦးသေဆုံးခဲ့ပြီး အသက်မပြည့်သေးတဲ့ကလေးငယ်တွေအပါအဝင် ၇ ဦး လက်နက်ကြီးထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်က ပြောပါတယ်။

ထိခိုက်ဒဏ်ရာရတာတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်တာတော့ မရှိသလို သီးခြား အတည်ပြုချက်တော့ မရသေးပါဘူး။ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီနဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန်အပြစ်ဖို့နေကြပါတယ်။ လောလောဆယ် တိုက်ပွဲတွေ အကြီးအကျယ် မဖြစ်ပေမယ့် စစ်ရေးအရ တင်းမာမှုတွေကတော့ ရှိနေပါတယ်။ စစ်တပ်ဘက်က နယ်မြေရှင်းလင်းရေး ထိုးစစ်ဆက်လုပ်နေတဲ့အတွက် ဒေသခံတွေ နေရပ်မပြန်ရဲသလို စိုက် ပျိုးရေးလုပ်ငန်းတွေ ဆက်လက်လုပ်ကိုင်ဖို့ အခက်ခဲတွေကြုံနေရတဲအ့ကြောင်း မြောင် ဒေသခံတွေက VOA ကို ပြောပါတယ်။

===============

[[Unicode]]









XS
SM
MD
LG