သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း ဆေးဝါးရှားပါးခက်ခဲ  


ယခင်မှတ်တမ်းဓာတ်ပုံ။
ယခင်မှတ်တမ်းဓာတ်ပုံ။

[[Zawgyi/Unicode]]

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA ကြား တိုက်ပွဲတွေပြန်ဖြစ်ပွားခဲ့ပြီးတဲ့နောက် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တချို့မှာ သွားလာခွင့်၊ သယ်ယူပို့ဆောင်ခွင့်တွေ စစ်တပ်ဘက်ကကန့်သတ်ထားသလို ဆေးဝါးပစ္စည်းသယ်ယူခွင့်ကိုလည်း စစ်ဆေး ကန့်သတ်နေပါတယ်။ ရာသီဥတု အကူးအပြောင်းကာလ လူတွေ ဖျားနာနေတဲ့အချိန်မှာ ဆေးဝါးသယ်ယူခွင့်ကန့်သတ်ထားတာကြောင့် ကုသဖို့ အခက်အခဲတွေ ရှိနေကြောင်း ဒေသခံ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းအခြေအနေ ရန်ကုန်ကလာတဲ့ သတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

“ဟိုတလောကလည်း ဆေးတွေမှာလိုက်တာ လမ်းမှာဖွင့်စစ်ပြီးတော့ ဆေးတွေကို မိုးရေထဲမှာ ပစ်ထားတာတွေ၊ အဲလိုမျိုးတွေကြုံရတယ်။ ဒီရောက်လာတော့ ဆေးတွေအကုန်လုံးပျက်စီး။ မြေပုံက တိုက်နယ်ဆရာဝန် သတင်းကြားတော့ ဆေးတွေ မမှာရဲတော့ဘူး။ ဆေးမှာတာကို ရပ်ထားတယ်။ အခက်အခဲရှိတာပေါ့။ ရှိတဲ့ဆေးတွေနဲ့ပဲ ဖြစ်သလို လုပ်နေရတာဆိုတော့လေ။” (ဆရာဝန်တဦး)

ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ်တချို့မှာ ကုန်ပစ္စည်းသယ်ယူတာ၊ ခရီးသွားလာတွေကို ပြီးခဲ့တဲ့လကတည်းက မြန်မာစစ်တပ်က လုံခြုံရေးအကြောင်းပြချက်နဲ့ ကန့်သတ်ထားပါတယ်။ တချိန်တည်းမှာ မြို့နယ်တွေကြား ဆေးဝါးသယ်ယူခွင့်တွေကိုပါ တင်းကြပ်ထားမြစ်ထားတဲ့အတွက် ကျန်းမာရေးကုသဖို့ အခက်တွေ့နေတယ်လို့ ဒေသခံတွေ ပြောပါတယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းက ဆေးတွေဝယ်လာတဲ့ မြေပုံမြို့နယ် ငပသုန် တိုက်နယ်ဆရာဝန်အပါအဝင် ဒေသခံကျေးရွာသား ၃ ဦး အဖမ်းခံခဲ့ရတယ်လို့လည်း ငပသုန် ဒေသခံတဦးက ပြောပါတယ်။ ဆရာဝန်တွေကိုတော့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့တယ်လို့ ပြောပါတယ်။

“ ကျောက်ဖြူမြို့ကို မြေပုံမြို့နယ်က ဘုတ်တွေတစီးမှ မကပ်ရဘူးဆိုတော့ အခက် အခဲဖြစ်မှာစိုးလို့၊ အဲဒီအချိန်က လူနာလည်းများတယ်ဆိုတော့ နောက်ဆုံးလမ်း တွေ ဘာတွေပိတ်သွားရင် လူနာတွေအတွက်၊ လူထုအတွက် အခက်အခဲဖြစ်မှာ စိုးလို့ ဆရာဝန်က အရင်ကထက် ဆေးတွေတိုးဝယ်လိုက်တာ။ ဒီဒေသမှာ ရွာပေါင်း ၁၀ ကျော်၊ ၂၀ လောက်က ဒီဆေးရုံကို အားကိုးပြီး မှီခိုနေကြတာလေ။ အဲဒါကြောင့် ဆရာဝန်ကလည်း တစုံတခုဆေးပြတ်သွားရင် ဒုက္ခရောက်မှာစိုးလို့ ပိုဝယ် တာ။ အဲဒါကြောင့် ဖမ်းတယ်။ ဆေးတွေ အကုန်လုံးကိုလည်း သိမ်းသွားတယ်။”

တိုက်နယ်ဆရာဝန်ကို ပြန်လွတ်ပေးလိုက်ပေမယ့် ကျန်တဲ့ ဒေသခံ ၃ ဦးကိုတော့ စစ်ကောင်စီက အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၁၉ (ခ) နဲ့ တရားစွဲထားတယ်လို့ လည်း နီးစပ်တဲ့ ဒေသခံရွာသားကပြောပါတယ်။ လောလောဆယ် အဲဒီ ငပသုန်တိုက်နယ်ဆေးရုံမှာ ဆေးဝါးတွေ ပြတ်လပ်နေတာကြောင့် ကျန်းမာရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း ငပသုန်ဒေသခံတဦးက ဆက်ပြောပါတယ်။

“ လောလောဆယ်ကတော့ ကလေးတွေ ဖျားကြတယ်၊ နာကြတယ်။ ဒီမှာက ကိုဗစ်လိုလိုပြန်ဖြစ်နေတယ်လေ။ ဒါနဲ့ အခက်အခဲဖြစ်နေကြတယ်။ အဓိကတော့ ကျန်းမာရေးပါပဲ၊ ဆရာဝန်မရှိတဲ့နောက်ပိုင်း ကျန်းမာရေးက အဓိက အခက်အခဲဖြစ်နေတယ်။”

ဒါ့အပြင် ရခိုင်မြောက်ပိုင်းက တခြားမြို့နယ်တွေမှာလည်း ဆေးဝါးသယ်ယူခွင့်မရတာကြောင့် ဆေးဝါးပြတ်လပ်မှုတွေ ကြုံတွေ့နေရတယ် ဆရာဝန်တဦးကပြောပါတယ်။

“ ဒီဖက်မှာဆေးတွေ သယ်ယူရတာ အခက်အခဲတော့ရှိတယ်ဗျာ။ ရှိတယ်ဆိုတာက လမ်းမှာ အစစ်အဆေးတော်တော်များတယ်။ ဟိုတလောကလည်း ဆေးတွေမှာလိုက်တာ လမ်းမှာဖွင့်စစ်ပြီးတော့ ဆေးတွေကို မိုးရေထဲမှာ ပစ်ထားတာတွေ၊ အဲလိုမျိုးတွေကြုံရတယ်။ ဒီရောက်လာတော့ ဆေးတွေအကုန်လုံးပျက်စီး။ မြေပုံက တိုက်နယ်ဆရာဝန် သတင်းကြားတော့ ဆေးတွေ မမှာရဲတော့ဘူး။ ဆေးမှာတာကို ရပ်ထားတယ်။ အခက်အခဲရှိတာပေါ့။ ရှိတဲ့ဆေးတွေနဲ့ပဲ ဖြစ်သလို လုပ်နေရတာဆိုတော့လေ။”

ဒီအတိုင်း ရှေ့ဆက်ဆေးဝါးသယ်ယူခွင့်တွေကို ကန့်သတ်ထားမယ်ဆိုရင် ဒေသခံ ပြည်သူတွေ ကျန်းမာရေးအတွက် တော်တော် ဒုက္ခဖြစ်လာနိုင်တယ်လို့လည်း အဲဒီဆရာဝန်ကပြောပါတယ်။

“ ဒီဒေသတခုလုံးက ဒီဆေးရုံကိုပဲ အားကိုးနေရတာဆိုတော့ ဆေးတွေပြတ်သွားရင် အတော်ဒုက္ခရောက်မှာ။ ကျနော်တို့မှာ လမ်းခရီးအခက်အခဲတွေလည်း အများကြီးပဲ။ ဆေးရှိရင် လုပ်ပေးလို့ရတဲ့ အခြေအနေအထားရှိရဲ့သားနဲ့ မလုပ်ပေးနိုင် တာတွေ ဖြစ်လာနိုင်တယ်ပေါ့နော်။”

ဒါ့အပြင်ရခိုင်ပြည်နယ်အတွင်း ဆေးဝါး သယ်ယူ တင်သွင်းခွင့်တွေကိုလည်း စစ်ကောင်စီက ကန့်သတ်ထားတာကြောင့် အခက်ကြုံနေရကြောင်း ဒေသခံ ဆေးဆိုင်ပိုင်ရှင်တွေကလည်း ပြောဆိုကြပါတယ်။ အခုလို ဆေးဝါးသယ်ယူခွင့်တွေကို ကန့်သတ်ထားတာနဲ့ ပတ်သက်ပြီး အသေးစိတ်မေးမြန်းဖို့ ရခိုင်ပြည်နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေကို VOA က ဆက်သွယ်ခဲ့ပေမယ့် အကြောင်းတစုံတရာ တုံ့ပြန်မှု မရခဲ့ပါဘူး။

တိုက်ရိုက် လင့်ခ်

--------------------

[[Unicode]]












XS
SM
MD
LG