“အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး အစိုးရကဏ္ဍက ပျက်စီးသွားတာမို့လို့ ရာဇဝတ်မှုကျူးလွန်တဲ့ သူတွေက ပိုပြီးတော့ အတင့်ရဲလာတာပေါ့။ စားဝတ်နေရေးကလည်း တနေ့ထက်တနေ့ ပိုပြီးတော့ ကြပ်တည်း လာတော့ ဒီကိစ္စတွေ ပိုများလာတာပေါ့။” (ဦးဖေသန်း-ရခိုင်အရေးကျွမ်းကျင်သူ)
“ခရီးသည်တင်ကားပေါ်ကို တက်ရောက်စစ်ဆေးခဲ့ပါတယ်။ အဲ့အချိန် ကားပေါ်မှာပါလာတဲ့ PDF အမည်ခံအကြမ်းဖက် ၃ ဦးက လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို စတင်ပစ်ခတ်ခဲ့ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ဖြစ်စဉ်မှာ PDF နှစ်ဦး အသေဖမ်းဆီးရမိခဲ့ပါတယ်။ တဦးကို အရှင်ဖမ်းဆီးရမိခဲ့ပါတယ်။” (ဗိုလ်ချုပ်ဇော်မင်းထွန်း)
“အဲဒီလမ်းကကုန်ပစ္စည်းတွေ အဓိကလာတယ်လေ။ အခုဆိုရင် ကားလမ်းပိတ်လိုက်တော့ လာမယ့်အစီအစဉ်လည်းမရှိတော့ဘူး။ သွားလို့လည်းမရ၊ လာလို့လည်းမရဘူးလေ။ အဲဒါကြောင့် စားဝတ်နေရေးအတွက် ကုန်ပစ္စည်းတွေက ဈေးတက်ပြီးတော့ စားဝတ်နေရေး အခက်အခဲဖြစ်ကြတာပေါ့။”(ဦးမောင်အုန်း-လွှတ်တော်ကိုယ်စားလှယ်ဟောင်း)
ပြီးခဲတဲ့နှစ် နိုဝင်ဘာလက အာဖဂန်နစ္စတန်ကနေ ထွက်ပြေးလွတ်မြောက်လာတဲ့ အမျိုးသမီး တိုက်ကွမ်ဒို အားကစားသမားတဦးဟာ ၂၀၂၄ မှာကျင်းပမယ့် ပြင်သစ်အိုလံပစ် အားကစားပွဲမှာ ဝင်ပြိုင်ဖို့ ပြင်သစ် တိုက်ကွမ်ဒို လက်ရွေးစင်အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းနေပါပြီ။ Jalal Mirzad ပေးပို့တဲ့သတင်းကို ကိုစံကျော် တင်ပြထားပါတယ်။
" နောက်ဆုံးတော့ ပေါ်လစီနဲ့ပတ်သက်တာ ဒေါ်လာပေါ့၊ control လုပ်လိုက်တဲ့အခါ အကုန်လုံးက ကျပ်တာပေါ့။ အပြင်မှာ မှောင်ခိုတွေဖြစ်၊ မှောင်ခိုက မတရားတက်တာပေါ့။ ငွေရှားပါးပြီးတော့ စီးပွားရေးသမားတွေလည်း သူတို့ဆီက လောလောဆယ် ငွေမရတဲ့အခါကျတော့ လုပ်ငန်းကိုင်ငန်းတွေအကုန် ထိခိုက်တာပေါ့။" (စားအုန်းဆီလုပ်ငန်းရှင်)
NCA လက်မှတ်ထိုးပြီး စစ်မှန်တဲ့ ဖက်ဒရယ်လမ်းကြောင်းကို သွားနေတဲ့အချိန်မှာ သူတို့က မနာလိုဘူးပေါ့နော်။ တနည်းအားဖြင့် လူမိုက်ဆန်တာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားရေးနဲ့ပတ်သက်ပြီး အခြေခံအတွေးအခေါ်တွေ ခံယူချက်တွေ၊ အမျိုးသားရေးမူဘောင်တွေ သူတို့မှာမရှိဘူး။ ” (ဒုတိယ ဗိုလ်မှူးကြီး ခိုင်ကျော်စိုး - ALP)
ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား စစ်ရေးတင်းမာနေတဲ့ ဒီကာလအတွင်း နှစ်ဘက်ထိပ်တိုက်တွေ့ ပစ်ခတ်မှုတွေ နေ့တိုင်းနီးပါးရှိနေတယ်လို့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က ပြောပါတယ်။
"သူတို့ဘက်က လက်နက်ကြီးနဲ့ကို အချက် ၄၀ လောက် ဆက်တိုက်ပစ်တယ်ပေါ့နော်၊ မနက်ကျတော့ ဖိုက်တာဂျက်တွေ ရောက်လာတယ်၊ တိုက်လေယာဉ်တွေ။ ရဟတ်ယာဉ်လည်းလာတယ်။ အခုနောက်ထပ်လည်းလာဖို့ သတင်းရထားတာရှိတယ်။ သူတို့ဘက်က ဗိုလ်မှူးတယောက်လည်းကျတယ်၊ စကစဘက်က။ အဲဒါ လာသယ်ဖို့ရှိတယ်၊ ရဟတ်ယာဉ်နဲ့လေ။" (ကိုဆွေ- စစ်ဦးစီး PDF Siyin)
“မနေ့ကကျတော့ လိုင်ဇာလမ်းမှာ ရွှေညောင်ပင် ၃၂၁ မှာ တိုက်ပွဲဖြစ်တယ်။ လက်နက်ကြီးတွေ ပစ်ခတ်တာ ကြားရတယ်။ ဒီနေ့လည်း ဆဒုံးအသွားပေါ့။ ဆဒုံးမြို့ရဲ့အဆင်း ဘွမ်ထောင်နဲ့ အင်ဝမ်းကောင် ကြားမှာလည်း ဒီမနက် ၁၀ နာရီလား အဲဒီဝန်းကျင်မှာ ၁၁ နာရီ အဲဒီဝန်းကျမှာ တိုက်ပွဲ တခေါက်ဖြစ်တယ်။”(ဒေသခံ)
“ ကျောင်းသားက ဆယ်ယောက်လောက်ပါတယ်။ နောက် ကျောင်းဝန်ထမ်း ကျောင်းစောင့်တယောက်ပါတယ်။ ငါးတန်းတယောက်၊ လေးတန်းတယောက်က ထိပြီးသေတာ။ သုံးယောက်ကတော့ ဒဏ်ရာရတယ်၊ လက်ရှိကတော့ ဒဏ်ရာရသူတွေ ပလက်ဝမြို့နယ် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံရနေပါတယ်။” (ပလက်ဝဒေသခံ)
“ ကန်ပြင်ဒုက္ခသည်စခန်းမှာ အစိုးရကထောက်ပံ့တဲ့ တနေ့ ဆန်နို့ဆီဗူး နှစ်လုံးကိုလည်း မရတာကြာပြီ။ နောက်ပိုင်း ICRC ကလည်း စားနပ်ရိက္ခာ ထောက်ပံ့တာတွေမရတော့ ကိုယ့်ဖာသာကိုယ် ရုန်းကန်နေကြရတယ်။ အခု ကုန်ဈေးနှုန်းတွေလည်း တက်နေတော့ အပြင်မှာ ထွက်ရှာတဲ့ ငွေလောက်နဲ့ အဆင်မပြေကြဘူး။”(ရသေ့တောင်ကူညီရေးသမား ကိုကျော်မင်းခိုင်)
“အဓိက က ဂဲလောင်းချောင်း ဘေးဝဲယာပေါ့နော်။ ဂဲလောင်းချောင်းဘေး ဘယ် ညာ ဝဲယာတွေက ပိုခံရတာပေါ့နော်။ အဓိက က အိမ်တွေမြေကျွံတာ၊ အိမ်ကျွံသွားတာတွေတော့ရှိတယ်။ တချို့က အုတ်တံတိုင်းတွေပြိုတယ်။ တချို့ကလည်း အိမ်တခြမ်းပြိုတာတွေလည်းရှိတယ်ပေါ့နော်။” (ရေဘေးကူညီသူတဦး)
မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ယောက် ကြိုးပေး သတ်ဖြတ်ခံရတာနဲ့ ပတ်သက်ပြီး တရုတ်ကို နိုင်ငံတကာက ဖိအားပေး ပြောဆိုနေတာတွေရှိပေမယ့် တရုတ် နိုင်ငံခြားရေးဌာနကတော့ သူတို့အနေနဲ့ တခြားနိုင်ငံရဲ့ ပြည်တွင်းရေးရာ ကိစ္စတွေကို ဝင်ပြီးမစွက်ဖက်ဘူးဆိုတဲ့ မူအတိုင်းပဲ ရပ်တည်တယ်ဆိုပြီး တုံ့ပြန်ခဲ့ပါတယ်။
ရှမ်းပြည်နယ် မိုင်းရှုးမြို့နယ်အတွင်းမှာ စခန်း ၃ ခုဖယ်ရှားပေးဖို့ ရှမ်းပြည် တိုးတက်ရေးပါတီ SSPP က ငြင်းပယ်လိုက်ပြီးနောက် စစ်ကောင်စီဘက်က စစ်ရေးလှုပ်ရှားမှုတွေ တိုးမြှင့်လာကြောင်း ဒေသခံတွေက ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် မန်နောင်ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KIA အကြား ဒီမနက်အစောပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ မန်နောင်ရွာက ၃ နှစ်အရွယ် ကလေးတဦး ဦးခေါင်းကို လက်နက်ကြီးစ ထိမှန်ခဲ့ပြီး လားရှိုးဆေးရုံကို ထပ်မံလွှဲပြောင်းခဲ့ပေမယ့် ညနေ ၄ နာရီလောက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
“ ကျနော်တို့ အခုဆိုရင် ခရီးသွားရင်လည်း လွတ်လွတ်လပ်လပ်သွားလို့မရတော့ဘူး သွားချင်တဲ့ နေရာကိုသွားလို့မရဘူး။ ပြီးတော့ ညဖက် နေမကောင်းလို့ တခုခုဖြစ်လို့ ဆေးရုံဆေးခန်း သွား မယ်ဆိုရင်တောင် ကြောက်နေရတယ်။ လမ်းမှာ ဖမ်းမလာ စစ်မလားဆိုတာကို။ ဘယ်လိုလုပ်ရ မလဲဆို တာလည်းမသိတော့ဘူး။”
စစ်ရေးတင်းမားနေတဲ့ ကယား(ကရင်နီ)ပြည်နယ်မှာ စစ်ကောင်စီက မြေမြှုပ်မိုင်းအသုံးပြုမှုတွေ များလာပြီး မြေမြှုပ်မိုင်းကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။ သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေ ခန့်မှန် ၅၀ လောက်ရှိတယ်လို့ KNDF က ပြောပါတယ်။
"မနက်ပိုင်း ၄နာရီလောက်က လာဖမ်းလာတာ၊ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ယောက်ပါ။ နောက်နှစ်ယောက်ကတော့ ပန်းတောပြင် စစ်ဆေးရေးဂိတ်က နှစ်ယောက်ဖမ်းတယ်၊ အဲဒီမှာ ပုဏ္ဏားကျွန်းက တယောက်ပါတယ်လို့ နောက်တစ်ယောက်ကတော့ ဘယ်ကလည်း မသိဘူး။”
ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တို့ကြား ပြီးခဲ့တဲ့ ရက်ပိုင်း မောင်တော မြောက်ပိုင်းမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က သေဆုံးသူများသလို စစ်ကောင်စီ တပ်သား ၁၄ ဦးကိုလည်း အရှင်ဖမ်းဆီးထားတယ်လို့ AA ဘက်က ဒီကနေ့ထုတ်ပြန် ထားပါတယ်။
“ဆီလုပ်ငန်းရှင်တွေက ကိုတာခွဲတမ်းနဲ့ပဲ ရတာလေ။ ကုန်သွားပြီဆို ထပ်မရောင်းပေးတော့ဘူး။ အပြင်ဈေးကွက်အနေနဲ့က ဒေါ်လာဈေးကွက်လိုပေါ့။ အပြင်မှာ ၂,၀၀၀ ကျော်ပေါက်နေတယ်ဆို စားအုန်းဆီကလည်း ရည်ညွှန်းဈေးအရ မရောင်းလားဆို ရောင်းပေးတယ်။ အဖြစ်ပေါ့။ လက်တွေ့ဝယ်ရတာကတော့ ၉၀၀၀ ကနေ ၉၂၀၀ လောက်အထိ ပေါက်ဈေးရှိတယ်။” (ဆီကုန်သည်)
နောက်ထပ်ကြည့်ရှုရန်