သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောမြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ AA အကြား တိုက်ပွဲပြင်းထန်နေ


Myanmar Security force in Maungdaw, Rakhine
Myanmar Security force in Maungdaw, Rakhine

[[Zawgyi/Unicode]]

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား တိုက်ပွဲပြင်းထန်နေတဲ့ မောင်တောမြောက်ပိုင်းမှာ ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေပြီး တိုက်ပွဲအတွင်း ပိတ်မိနေတဲ့ ကျေးရွာတွေ အများအပြားရှိနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒီကနေ့မနက်ပိုင်းကလည်း မောင်တောမြောက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေတာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ ထွက်ပြေးနေရသလို စစ်ကောင်စီဘက်က ရဟတ်ယာဉ်သုံး ပစ်ခတ်တာတွေ ရှိနေတယ်လို့ AA ဘက်က ပြောပါတယ်။ မောင်တောမြောက်ပိုင်း အခြေအနေ သတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့ကတည်းက AA ရခိုင်တိုင်းရင်သား လက်နက်ကိုင် အဖွဲ့နဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။ မောင်တော်မြောက်ပိုင်း နေရာတချို့မှာ အင်တာနက်နဲ့တယ်လီဖုံး ဆက်သွယ်ရေးလိုင်းတွေ ပြတ်တောက်နေတယ်လို့ ခမောင်ဆိပ်ဒေသခံတဦးကပြောပါတယ်။

“၂၇ ရက်နေ့က လေယာဉ်နဲ့ လာပြီးပစ်တော့ အဲဒီနေ့ညနေ ၇ နာရီလောက်ကနေ ဆက်သွယ်လို့ မရတော့ဘူး၊ အဲဒီဘက်ကပြေးလာတဲ့ ဒေသခံတချို့နဲ့ တွေ့လို့ ပြောတာကတော့ ဖုန်းတာဝါတိုင်က လေယာဉ်နဲ့ပစ်တဲ့အခါထိသွားတယ်။ သူတို့ အဲလိုမြင်ခဲ့တယ်တဲ့။ သူတို့လည်း အတိအကျမသိဘူး။ တာဝါတိုင်ကြောင့် ဖြစ်တယ်လို့ ထင်ကြတယ်။ ဖြစ်လည်းဖြစ်နိုင်ပါတယ်။ အဲဒီတာဝါတိုင် ထိပ်တည့်တည့်ကို ကျတာ။”

ဆက်သွယ်ရေးပြတ်တောက်နေတဲ့ မောင်တောမြောက်ပိုင်းက ခမောင်းဆိပ်ဒေသဘက်မှာ တိုက်ပွဲတွေအတွင်းပိတ်မိနေတဲ့ ကျေးရွာတွေ အများအပြားရှိနေပါတယ်။ အဲဒီကျေးရွာတွေမှာ ပြီးခဲ့တဲ့လကတည်းက စားနပ်ရိပက္ခာပြတ်တောက်နေသလို ကျန်ခဲ့တဲ့သူတွေနဲ့ ဆက်သွယ်လို့မရတဲ့အကြောင်း စစ်ဘေးရှောင်ထွက်ပြေးနေတဲ့ ခမောင်းဆိပ်ဒေသခံတဦးကပြောပါတယ်။

“၂၆ ရက်နေ့ကနေ ခမောင်းဆိပ်တိုက်ပွဲဖြစ်တော့ ခမောင်းဆိပ်မြောက်ပိုင်းမှာ ရွာတွေ အများကြီးရှိတယ်။ အဲရွာတွေက လာလို့မရတော့ အကုန်လုံးပိတ်မိနေကြတယ်။ အောင်သပြေတို့၊ အောင်းချမ်းသာတို့၊ ဗန္ဓုလတို့ အဲဒီရွာတွေက ဒီဘက်ကို ကျော်လို့ မရောက်တော့ အကုန်လုံးပိတ်မိနေကြတယ်။ ပြီးတော့ ဖုန်းလိုင်းတွေကလည်း ဆက်သွယ်လို့မရဘူးဗျာ။”

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား ပြီးခဲ့တဲ့ ရက်ပိုင်းတိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တဲ့အချိန်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးတွေ ရဟတ်ယာဉ်တွေနဲ့ပါ တိုက်ခိုက်ခဲ့တဲ့အကြောင်း ရခိုင်လက်နက်ကိုင် AA အဖွဲ့က ပြောခွင့်ရ ခိုင်သုခကဗွီအိုအေကို ပြောပါတယ်။

“ မောင်တောမြို့နယ်ရဲ့ အထက်ပိုင်း ဝေလာတောင်ရဲ့ တောင်ဘက်အခြမ်း ကြိမ်ချောင်းနယ်မြေ ခမောင်းဆိပ်နယ်မြေ အဲဒီဘက်တွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတာရှိတယ်၊ ခမောင်းဆိပ်ဘက်မှာ ဆိုရင်တော့ မြန်မာစစ်တပ်ဘက်ကနေ လက်နက်ကြီးတွေနဲ့ အမြဲတန်း လှမ်းပစ်နေတာတွေရှိတယ်။ နောက်ပြီးတော့ ရဟတ်ယာဉ်တွေနဲ့ လာပြီးတော့ ပစ်ခတ်နေတာတွေလည်းရှိတယ်ဗျာ။”

ဒါ့အပြင် လက်ရှိတိုက်ပွဲပြင်းထန်နေတဲ့ မောင်တောမြို့နယ်ဘက်ကိုသွားတဲ့ ကုန်းလမ်းကြောင်းတွေကို စစ်ကောင်စီကပိတ်ထားသလို ကုန်စည်စီးဆင်းမှုတွေပြတ်တောက်နေပြီး စားနပ်ရိက္ခာအကြပ်အတည်းနဲ့ ကြုံနေရတဲ့အကြောင်း မောင်တောဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

=================
[[Unicode]]










XS
SM
MD
LG