သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် မိုးဗြဲမှာ အရပ်သားသေဆုံးမှုတွေရှိ


ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့။
ရှမ်းပြည်တောင်ပိုင်း၊ မိုးဗြဲမြို့။

[[Zawgyi/Unicode]]

ရှမ်းပြည်တောင်ပိုင်း မိုးဗြဲမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ ၄ ရက်ဆက်တိုက် မနေ့ကအထိ တိုက်ပွဲပြင်းထန်နေပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်ကလက်နက်ကြီးတွေအပြင် လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်နေတာကြောင့် နေအိမ် ၂၀ ထက်မနည်း ပျက်စီးသလို အရပ်သား ထိခိုက်သေဆုံးမှုလည်းရှိတယ်လို့ ဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို ကိုစံကျော်က တင်ပြပေးထားပါတယ်။

မိုးဗြဲမြို့ဘက်ကို စစ်ကောင်စီတပ်တွေ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းဆင်လာပြီး စက်တင်ဘာ ၈ ရက်နေ့ကတည်းက တိုက်ပွဲတွေ စတင်ခဲ့တာပါ။ မနေ့ကအထိ ၄ ရက် ဆက်တိုက် ပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်တဲ့အပြင် လေကြောင်းသုံး ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတဦးက VOA ကို ပြောပါတယ်။

“၄ ရက်ရှိပြီ။ တိုက်ပွဲက ပြင်းထန်နေတယ်ပေါ့နော်။ ၈ ရက်နေ့ကနေ စပစ်တယ်၊ ၃ ရက် ဆက်တိုက်ကို လေယာဉ်နဲ့ လာကြဲတာပေါ့။ ဒီနေ့အခြေအနေက လောလောဆယ်တော့ ဘာမှလက်နက်ကြီးက တချက် နှစ်ချက်ပဲ ကြားသေးတယ်၊ ဆက်တိုက်တော့ ရပ်တန့်ထားတာ ၅ မိနစ်လောက်ရှိနေပြီးပေါ့နော်။ အများပြည်သူ ထိခိုက်တာက လက်နက်ကြီးကျတော့ ဟို…၈ ရက်နေ့ကတည်းက တယောက် နှစ်ယောက်လောက်ပဲ သေဆုံးသွားတာရှိတယ်။ အိုးအိမ်တွေ ပျက်က်စီးတယ်။ ဆန်စပါးတွေလည်း လောင်သွားတယ်။ လက်နက်ကြီးထိတယ်။ လေယာဉ်နဲ့လာပစ်တာ အပျက်အစီးပျောက်ဆုံးမှုက တအားများသွားတယ်ပေါ့။ မနေ့က မီးလောင်သွားတာက သုံးအိမ် လေးအိမ်တောင် လောင်သွားတယ်။ ဒါပေမယ့် ပျက်စီးသွားတယ်ဆိုလည်း အိမ်ခြေ ၂၀ လောက်တော့ ရှိတယ်ပေါ့။”

စက်တင်ဘာ ၁၂ ရက် ဒီနေ့ နေ့ခင်းပိုင်းမှာတော့ နှစ်ဘက် အပြန်အလှန်ပစ်ခတ်သံတွေ မကြားရသေးဘူးလို့ အဲဒီ ဒေသခံက ပြောပါတယ်။ လက်နက်ကြီးသံတွေကတော့ အနည်းငယ် ကြားနေရတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၈ ရက်နေ့က လူနေအိမ်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အရပ်သား ၂ ဦး ထိခိုက်သေဆုံးခဲ့ပါတယ်။ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် နေအိမ် ၂၀ ထက်မနည်း ပျက်စီးတဲ့အပြင် ဆန်စပါး မီးလောင်တာတွေ နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ပြောပါတယ်။ တိုက်ပွဲတွေကြား စစ်ရှောင်ဒုက္ခသည်တွေ အခက်အခဲမျိုးစုံ ရင်ဆိုင်နေရတဲ့အကြောင်း VOA ကို ပြောပြပါတယ်။

“ကျနော်တို့လည်း အိုးအိမ်လည်း မရှိတော့ဘူး၊ ပျက်စီးတဲ့ဟာလည်း ပျက်စီးသွားကုန်ပြီ။ ပျက်စီးတဲ့အခါကျတော့လည်း ကျနော်တို့က ဘယ်လိုမှ ဟိုဘက်ကလည်း တားလို့မရ၊ ဒီဘက်ကလည်း တားလို့မရတဲ့အခြေအနေမျိုး ဖြစ်နေတဲ့အခါ ကျနော်တို့ ပြည်သူက ဘယ်လို ရုန်းထွက်ရမှန်းလည်း မသိ၊ စစ်ဘေးရှောင်သွားရမယ်ဆိုလည်း သွားဖို့နေရာကမရှိ၊ အဲ့ဒါကြောင့် ကျနော်တို့က ဆင်းရဲသားသမီးတွေလည်း အရမ်းကြီး ဒုက္ခ... စားဝတ်နေရေးကအစ အခက်အခဲတွေ အများကြီးရှိပါတယ်။”

မိုးဗြဲမြို့နယ်မှာ စစ်ကောင်စီဘက်က နယ်မြေရှင်းလင်းရေး ထိုးစစ်ဆင်နေပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိပါတယ်။ နှစ်ဘက်တိုက်ပွဲတွေ အရင်ကထက်ပို ပြင်းထန်လာတယ်လို့လည်း မိုးဗြဲ စစ်ရှောင်အကူအညီပေးနေတဲ့ သူတဦးက ပြောပါတယ်။

“မိုးဗြဲမြို့ခါကျတော့ ထူးခြားမှုအပြည့်ပါပဲ၊ ခဏခဏ တိုက်ပွဲတွေကရှိ၊ နောက်တခေါက်ခါကျတော့ တော်တော်လေးကို ပြင်းထန်တာပေါ့နော်။ အရင်ကဆို ဒီမနက်ပိုင်းဖြစ်ဆို ညနေလောက်ဆို တိတ်သွားတာပေါ့နော်။ ဒီတခေါက်ဖြစ်တာက ပြင်းထန်တဲ့ တိုက်ပွဲပေါ့ဗျာ လက်နက်ကြီးရော လက်နက်ငယ်ရော အစုံပဲ။”

တိုက်ပွဲပြင်းထန်တဲ့ နေရာတဝိုက်က ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြပြီး ချက်ချင်း နေအိမ်တွေကို စွန့်ခွာခဲ့ရတာဖြစ်လို့ စားသောက်စရာ ရိက္ခာအခက်အခဲ ရင်ဆိုင်နေရသူတွေလည်း အများအပြား ရှိပါတယ်။

၄ ရက်ဆက်တိုက် ဖြစ်ခဲ့တဲ့ မိုးဗြဲတိုက်ပွဲအတွင်းမှာ ကာကွယ်ရေးတပ်ဘက်က ၂ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ စစ်ကောင်စီဘက်က အယောက်၂၀ ကျော် သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူလည်း ရှိနေကြောင်း သတင်းထုတ်ပြန်ပေမယ့် ထိခိုက်ဒဏ်ရာရတဲ့သတင်းတွေနဲ့ သီးခြားအတည်ပြုချက် မရရှိသေးပါဘူး။

စစ်ကောင်စီဘက်က MA-1 သေနတ်တလက်၊ MA-3 သေနတ်နှစ်လက်၊ ဆက်သွယ်ရေးအထိုင်စက်တလုံးနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတယ်လို့ KNDF က ပုံတွေနဲ့ သတင်း ထုတ်ပြန်ထားပါတယ်။

ထိခိုက်ဒဏ်ရာရတာ၊ လက်နက်သိမ်းဆည်းရမိတာတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေအကြား ထုတ်ပြန်တဲ့ သတင်းတွေမှာ ကွဲလွဲချက်တွေ ရှိနေပါတယ်။ ဒေသခံ အိုးအိမ်တွေ ပျက်ဆီးတာ အရပ်သားတွေ ထိခိုက်ဒဏ်ရာရတာတွေနဲ့ ပတ်သက်လို့လည်း နှစ်ဖက် အပြန်အလှန်စွပ်စွဲလေ့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]














XS
SM
MD
LG