အမေရိကန်ပြည်ထောင်စု Nevada ပြည်နယ်မှာ ကြာသပတေးနေ့က ရီပတ်ဘလစ်ကန် ပါတီတွင်း ကျင်းပတဲ့ caucus သမ္မတလောင်းရွေးပွဲမှာ သမ္မတဟောင်း Donald Trump က တဦးတည်း ပြိုင်ဘက်မရှိ အနိုင်ရလိုက်ပါတယ်။
Hamas စစ်သွေးကြွတို့ရဲ့ ၂၀၂၃ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်တိုက်နေတဲ့ အစ္စရေးစစ်တပ်ရဲ့ လုပ်ရပ်က အလွန်အကျူးဖြစ်နေတယ်လို့အမေရိကန်သမ္မတ Joe Biden ကပြောကြားလိုက်ပါတယ်။
သမ္မတဂျိုးဘိုင်ဒန်အစိုးရအနေနဲ့ စီးပွါးရေးနဲ့ ပတ်သက်လို့ အပြုသဘောဆောင်တဲ့သဘော ထပ်တလဲလဲပြောဆိုနေပေမဲ့ အမေရိကန်ပြည်သူတွေကတော့ သူ့ရဲ့ စီးပွားရေး ကိုင်တွယ်မှုအပေါ် စိုးရိမ်စိတ်ရှိနေကြတယ်လို့ စစ်တမ်းအသစ်တစ်ခုက ဖော်ပြပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အဆိုပြုချက်ကို ဟာမတ်စ်တို့ဘက်က တုံ့ပြန်တယ်လို့ ဝန်ကြီး Blinken က ထုတ်ဖော်ပြောဆိုအပြီး နောက်နေ့မှာပဲ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ၊ ကာကွယ်ရေးဝန်ကြီး Yoav Gallant ၊ သမ္မတ Isaac Herzog တို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာတာပါ။
သမ္မတဖြစ်တာကြောင့် ၂၀၂၀ ရွေးကောက်ပွဲကို ဥပဒေမဲ့ပယ်ဖျက်ဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ စွဲဆိုခြင်းကနေ မစ္စတာထရမ့်မှာ ကင်းလွတ်ခွင့်မရှိဘူးလို့ ဝါရှင်တန် အယူခံတရားရုံးက အင်္ဂါနေ့မှာ တညီတညွတ်တည်း ဆုံးဖြတ်လိုက်ပါတယ်။
အမေရိကန်သတိပေးချက်ကို မျက်ကွယ်ပြုပြီး ဟူသီစစ်သွေးကြွတွေက သင်္ဘောပစ် ဒုံးကျည် ၆ စင်းကို ပင်လယ်နီထဲပစ်ခဲ့တယ်လို့ အမေရိကန် တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသမှာ ယာယီအပစ်အခတ်ရပ်စဲရေးနဲ့ ပါလက်စတိုင်းအရပ်သားတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်ပေးနိုင်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အီဂျစ်နဲ့ ကာတာက ခေါင်းဆောင်တွေကို ဒီနေ့ပဲ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အီရန် ကျော်ထောက်နောက်ခံပေးထားတဲ့ အရှေ့အလယ်ပိုင်း က စစ်သွေးကြွတွေ ကို ဒါ့ထက်ပို အရေးယူမယ်လို့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန် က တနင်္ဂနွေနေ့ က ပြောလိုက်ပါတယ်။
အစ္စရေးအတွက် စစ်ရေးအကူအညီနဲ့ အမေရိကန် စစ်လက်နက်တွေ ပြန်လည်ဖြည့်တင်းရေး ဒေါ်လာ ၁၇.၆ ဘီလီယံ သုံးစွဲမယ့် ဥပဒေမူကြမ်းတရပ်ကို အောက်လွှတ်တော်မှာ အများစု ထိန်းချုပ်ထားတဲ့ ရီပတ်ဘလစ်ကန်တွေ တင်သွင်းဖို့ စီစဉ်နေပါတယ်။
အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ စနေနေ့က ကျင်းပတဲ့ ဒီမိုကရက်တစ် ပါတီတွင်း ပဏာမ ရွေးကောက်ပွဲမှာ သမ္မတ ဂျိုးဘိုင်ဒန် အပြတ်အသတ် အနိုင်ရသွားပါတယ်။
ပင်လယ်နီထဲက သင်္ဘောတွေကို ပစ်ခတ်ဖို့ ပြင်ဆင်နေတဲ့ ဟူသီသူပုန်တွေရဲ့ သင်္ဘောဖျက် မစ်ဇိုင်းဒုံးတခုကို ဒီကနေ့ အစောပိုင်းမှာပဲ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ အနေနဲ့ တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်တပ် အလယ်ပိုင်းဒေသ ကွပ်ကဲရေးဌာနက ပြောလိုက်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ လာမယ့် တနင်္လာနေ့၊ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ မြန်မာ့အရေး သီးသန့်ဆွေးနွေးကြဖို့ စီစဉ်ထားပါတယ်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာ တနင်္လာနေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။