ဒီနေ့ ဖေဖော်ဝါရီ ၁၆ ကနေ ၁၈ ရက်နေ့အထိ ကျင်းပနေတဲ့ မြူးနစ်လုံခြုံရေးဆိုင်ရာညီလာခံမှာ အမေရိကန်ဒုသမ္မတ Kamala Harris တက်ရောက်နေပြီး ကမ္ဘာမှာဖြစ်နေတဲ့ ပြဿနာကြီးတွေ ကူညီဖြေရှင်းရေးမှာ အမေရိကန်ရဲ့ ကတိကဝတ်တွေကို ထပ်မံ အာမခံပြောကြားမယ်လို့ မျှော်လင့်ရပါတယ်။
လွှတ်တော်အမတ်တွေအနေနဲ့ ပြည်ပအကူအညီတွေပေးနေမယ့်အစား ပြည်တွင်းပြဿနာတွေအပေါ် ပိုပြီး အာရုံစိုက်ဖို့ အမေရိကန်ပြည်သူတွေက လိုလားနေကြကြောင်း အမေရိကန်ကွန်ဂရက် အောက်လွှတ်တော်ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က ဗုဒ္ဓဟူးနေ့က ပြောလိုက်ပါတယ်။
မြန်မာနိုင်ငံဘက်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအတွက် လူသားချင်း စာနာမှု အကူအညီပေးရေး ထိုင်း-မြန်မာနယ်စပ်မှာ လမ်းကြောင်းသတ်မှတ်မဲ့ ထိုင်းနိုင်ငံရဲ့ အစီအစဉ်ကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Anthony Blinken ထောက်ခံတဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ပြောဆိုပါတယ်။
ယူကရိန်း၊ အစ္စရေးနဲ့ ထိုင်ဝမ်တို့ကို ဒေါ်လာ ၉၅ ဘီလီယံ ကူညီပေးမယ့် အဆိုပြုချက်မူကြမ်းကို အမေရိကန် အထက်လွှတ်တော်မှာ မနေ့ညက ညလုံးပေါက် ဆွေးနွေးပြီး အတည်ပြုပေးလိုက်ပါပြီ။
ဒေသတွင်းနဲ့ ကမ္ဘာ့အရေး ကိစ္စတွေအပြင် ပိုမိုဆိုးဝါးလာနေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေ ဖြေရှင်းရေး ထိုင်းနဲ့ အာဆီယံနိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေနဲ့ ပတ်သက်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံ ဆွေးနွေးကြတဲ့အကြောင်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။
သဘောတူထားတဲ့အတိုင်းမလုပ်ရင် အဲဒီတိုင်းပြည်တွေကို ကြိုက်သလိုလုပ်ဖို့ သူ ရုရှားကိုအားပေးမယ်လို့ မြောက်အတ္တလန်တိတ် စစ်ရေးစာချုပ် (NATO) မဟာမိတ်တွေကို သမ္မတအနေနဲ့ သူသတိပေးခဲ့ကြောင်း ရီပါဘလီကန်ပါတီရဲ့ ရှေ့ပြေးသမ္မတလောင်း ဒေါ်နယ်ထရမ့်က စနေနေ့မှာ ပြောခဲ့ပါတယ်။
ဒီနှစ်ပိုစိတ်ဝင်စားရတာကလည်း Kansas City က Travis Kelce က လူငယ်လေးတွေရဲ့အသည်းစွဲ တေလာဆွစ်ဖ်နဲ့လည်း ရည်းစားဖြစ်နေတော့ ဒီပွဲမှာ လက်ထပ်ခွင့်တောင်းမလား-ဆိုပြီး ပိုပြီး ဆူဆူညံညံလေး ဖြစ်နေတာပေါ့။ Kansas ကတော့ upper hand ပေါ့၊ ဒါပေမဲ့ ဆန်ဖရန်စစ္စကိုကတော့ လျှော့တွက်လို့ မရဘူး။" (ဦးကိုကိုသော်- မြန်မာပရိသတ်)
ရုရှားနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းအတွက် ဒေါ်လာဘီလီယံ ၆၀ အပါအဝင် ၉၅.၃ ဘီလီယံ စစ်ရေးအကူအညီပေးမယ့် ဥပဒေကြမ်းကို အမေရိကန် အထက်လွှတ်တော်က ဒီသီတင်းပတ်ကုန် အပြီးသတ်ထုတ်ပြန်နိုင်ဖို့ ကြိုးပမ်းနေပါတယ်။
အမေရိကန်ပြည်ထောင်စု Nevada ပြည်နယ်မှာ ကြာသပတေးနေ့က ရီပတ်ဘလစ်ကန် ပါတီတွင်း ကျင်းပတဲ့ caucus သမ္မတလောင်းရွေးပွဲမှာ သမ္မတဟောင်း Donald Trump က တဦးတည်း ပြိုင်ဘက်မရှိ အနိုင်ရလိုက်ပါတယ်။
Hamas စစ်သွေးကြွတို့ရဲ့ ၂၀၂၃ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုအပေါ် လက်တုံ့ပြန်တိုက်နေတဲ့ အစ္စရေးစစ်တပ်ရဲ့ လုပ်ရပ်က အလွန်အကျူးဖြစ်နေတယ်လို့အမေရိကန်သမ္မတ Joe Biden ကပြောကြားလိုက်ပါတယ်။
သမ္မတဂျိုးဘိုင်ဒန်အစိုးရအနေနဲ့ စီးပွါးရေးနဲ့ ပတ်သက်လို့ အပြုသဘောဆောင်တဲ့သဘော ထပ်တလဲလဲပြောဆိုနေပေမဲ့ အမေရိကန်ပြည်သူတွေကတော့ သူ့ရဲ့ စီးပွားရေး ကိုင်တွယ်မှုအပေါ် စိုးရိမ်စိတ်ရှိနေကြတယ်လို့ စစ်တမ်းအသစ်တစ်ခုက ဖော်ပြပါတယ်။
အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အဆိုပြုချက်ကို ဟာမတ်စ်တို့ဘက်က တုံ့ပြန်တယ်လို့ ဝန်ကြီး Blinken က ထုတ်ဖော်ပြောဆိုအပြီး နောက်နေ့မှာပဲ အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu ၊ ကာကွယ်ရေးဝန်ကြီး Yoav Gallant ၊ သမ္မတ Isaac Herzog တို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်လာတာပါ။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။