ဂါဇာကမ်းမြောင်ဒေသမှာ ယာယီအပစ်အခတ်ရပ်စဲရေးနဲ့ ပါလက်စတိုင်းအရပ်သားတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ တိုးမြှင့်ပေးနိုင်ဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ အီဂျစ်နဲ့ ကာတာက ခေါင်းဆောင်တွေကို ဒီနေ့ပဲ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
အီရန် ကျော်ထောက်နောက်ခံပေးထားတဲ့ အရှေ့အလယ်ပိုင်း က စစ်သွေးကြွတွေ ကို ဒါ့ထက်ပို အရေးယူမယ်လို့ အမေရိကန် အမျိုးသား လုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန် က တနင်္ဂနွေနေ့ က ပြောလိုက်ပါတယ်။
အစ္စရေးအတွက် စစ်ရေးအကူအညီနဲ့ အမေရိကန် စစ်လက်နက်တွေ ပြန်လည်ဖြည့်တင်းရေး ဒေါ်လာ ၁၇.၆ ဘီလီယံ သုံးစွဲမယ့် ဥပဒေမူကြမ်းတရပ်ကို အောက်လွှတ်တော်မှာ အများစု ထိန်းချုပ်ထားတဲ့ ရီပတ်ဘလစ်ကန်တွေ တင်သွင်းဖို့ စီစဉ်နေပါတယ်။
အမေရိကန်ပြည်ထောင်စု တောင်ကယ်ရိုလိုင်းနားပြည်နယ်မှာ စနေနေ့က ကျင်းပတဲ့ ဒီမိုကရက်တစ် ပါတီတွင်း ပဏာမ ရွေးကောက်ပွဲမှာ သမ္မတ ဂျိုးဘိုင်ဒန် အပြတ်အသတ် အနိုင်ရသွားပါတယ်။
ပင်လယ်နီထဲက သင်္ဘောတွေကို ပစ်ခတ်ဖို့ ပြင်ဆင်နေတဲ့ ဟူသီသူပုန်တွေရဲ့ သင်္ဘောဖျက် မစ်ဇိုင်းဒုံးတခုကို ဒီကနေ့ အစောပိုင်းမှာပဲ ကိုယ့်ကိုယ်ကို ကာကွယ်တဲ့ အနေနဲ့ တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်စစ်တပ် အလယ်ပိုင်းဒေသ ကွပ်ကဲရေးဌာနက ပြောလိုက်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ လာမယ့် တနင်္လာနေ့၊ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ မြန်မာ့အရေး သီးသန့်ဆွေးနွေးကြဖို့ စီစဉ်ထားပါတယ်။ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂဌာနချုပ်မှာ တနင်္လာနေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။
ဂျော်ဒန်နိုင်ငံက အမေရိကန် စစ်တပ်အခြေစိုက်စခန်းမှာ အမေရိကန်တပ်ဖွဲ့ဝင် ၃ ယောက်သေဆုံးခဲ့ရတဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရတ်နဲ့ ဆီရီးယားနိုင်ငံတွေထဲက အီရန်ပံ့ပိုးထားတဲ့အဖွဲ့တွေရဲ့ ပစ်မှတ်တွေကို အမေရိကန်က လေကြောင်းနဲ့ သောကြာနေ့က တိုက်ခိုက်ခဲ့ပါတယ်။
ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးတို့ကို လိုလားတောင့်တနေတဲ့ မြန်မာပြည်သူတွေဘက်က အမေရိကန်အစိုးရဆက်လက် ရပ်တည်ရမယ်လို့ အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီ ဥက္ကဋ္ဌ Ben Cardin က ပြောကြားလိုက်ပါတယ်။
မြန်မာ့အရေး အမေရိကန်အစိုးရတွင်းမှာ တွန်းအားပေးလုပ်ဆောင်နိုင်ဖို့ အမေရိကန်လွှတ်တော်တွင်း ပါတီ၂ ရပ်လုံးက ကိုယ်စားလှယ်တွေ ပူးပေါင်းထားတဲ့ Burma Caucus အဖွဲ့ကို ဒီနေ့ စစ်တပ်က အာဏာသိမ်းတဲ့ ၃ နှစ်ပြည့်နှစ်ပတ်လည်နေ့မှာ ဖွဲ့စည်းကြောင်း ကြေညာချက်ထုတ်မယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က ရက်စက်တဲ့ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်နေပြီး မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့်တွေကို ဆက်လက် ကန့်သတ်နေတဲ့အပေါ် အပြင်းထန်ဆုံး ရှုတ်ချကန့်ကွက်တဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ ဥရောပနိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ ပူးတွဲ ကြေညာချက် ထုတ်ပြန်ကြပါတယ်။
၁၉ ရာစုနှောင်းပိုင်းက အစပြုလို့ ၊ ကမ္ဘာ့စစ်ပွဲ ၂ ခါလည်း ကြုံခဲ့ရပြီးနောက်၊ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒက သီးသန့်ခွဲခြားရပ်တည်မှု ပုံစံကနေ ကမ္ဘာ့နိုင်ငံတွေရဲ့ ကြီးစိုးနိုင်မှုအနေအထားကို ပုံဖော်ရာမှာ တက်တက်ကြွကြွပါဝင်သူအဖြစ် ပြောင်းလဲမှုကြီးကြီးမားမား လုပ်ခဲ့တာပါ။
ဂျော်ဒန်နိုင်ငံမှာ အမေရိကန်တပ်သား ၃ ယောက် ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တာနဲ့ပတ်သက်ပြီး အကျိုးဆက်အလွန်ကြီးမားမယ့် တုံ့ပြန်ပုံမျိုး နဲ့တုံ့ပြန်ဖို့ အမေရိကန်က စီစဉ်နေတယ်လို့ သမ္မတအိမ်ဖြူတော်က တနင်္လာနေ့ က ပြောလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။