အစ္စရေးနဲ့ ပါလက်စတိုင်း ဟာမတ်စ် စစ်သွေးကြွအဖွဲ့တို့ တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့အဆိုပြုတဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မူကြမ်းကို အမြဲတမ်းအဖွဲ့ဝင် အမေရိကန်ပြည်ထောင်စုက ဗီတိုအာဏာသုံး ပယ်ချလိုက်ပါတယ်။
အရှေ့အလယ်ပိုင်း ဂါဇာဒေသအရေးကို အမေရိကန်သမ္မတ Joe Biden က အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu၊ ဂျော်ဒန်ဘုရင် Abdullah တို့နဲ့ တယ်လီဖုန်းပေါ်မှာ သီးခြားစီ ဆက်သွယ် ဆွေးနွေးခဲ့ပါတယ်။
လုံခြုံရေးတွေ ထူထပ်စွာချထားတဲ့ Green Zone အတွင်းမှာရှိတဲ့ အမေရိကန်သံရုံးကို ပစ်ခတ်တဲ့ ဒီ ဒုံးကျည်တွေတချို့ သံရုံးဂိတ်ဝအနီးကို ကျသွားတာရှိသလို၊ တချို့လည်း အနီးနားက ရေမြောင်းထဲကို ကျသွားပြီး လူတွေ ထိခိုက် ဒဏ်ရာရတာမရှိဘူးလို့ ဆိုပါတယ်။
ယူကရိန်းနဲ့ အစ္စရေးနိုင်ငံတွေအတွက် ငွေကြေးအထောက်အပံ့အပါအဝင် ဒေါ်လာ ဘီလျံ ၁၁၀ သုံးစွဲမယ့် အမေရိကန်လုံခြုံရေး အသုံးစရိတ်မူကြမ်းကို အထက်လွှတ်တော်မှာ Republican အမတ်တွေက ပယ်ချလိုက်ပါတယ်။
၂၀၂၃ ခုနှစ်အတွက် အထူးခြားဆုံး ပုဂ္ဂိုလ် “2023 Person of the Year ” အဖြစ် ကမ္ဘာ့ဂီတစင်မြင့်မှာ အအောင်မြင်ဆုံးဖြစ်နေတဲ့ အမေရိကန် ပေါ့ပ်အဆိုတော် တေလာဆွိဖ် Taylor Swift ကို Time တိုင်းမ် မဂ္ဂဇင်းက ရွေးချယ်လိုက်ပါတယ်။
ရုရှားကျုးကျော်မှုကို ခုခံနေတဲ့ ယူကရိန်းအတွက် ဆက်လက်ကူညီနိုင်အောင် အမေရိကန် ကွန်ဂရက်လွှတ်တော်က အသုံးစရိတ် အတည်ပြုပေးဖို့ အိမ်ဖြူတော်ကတိုက်တွန်းနေချိန်မှာပဲ ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ အမေရိကန် အထက်လွှတ်တော်မှာ ဒီကနေ့ စကားပြောဖို့ စီစဉ်ထားပါတယ်။
ပါလက်စတိုင်း အရပ်သားတွေကို ထိခိုက်စေမယ့် ခိုင်မာတိကျတဲ့လုပ်ဆောင်ချက်တွေ လုပ်ဆောင်ပါမယ် ဆိုတဲ့ အစ္စရေးရဲ့အာမခံချက်ရရှိမှသာ သမ္မတဘိုင်ဒန်အစိုးရကို အစ္စရေးဆီပေးမယ့် အကူအညီချပေးမယ်လို့ အမေရိကန် အထက်လွှတ်တော် ဒီမိုကရက်အမတ်တွေက သတိပေးလိုက်ပါတယ်။
သုတစုံလင် အမေရိကန်တခွင် အစီအစဥ်မှာ စွန့်ဦးတီထွင်သူ တဦးဖြစ်တဲ့ မဧမြမြဖူး ကို ကိုအောင်အောင်က VOA စတူဒီယိုမှာ တွေ့ဆုံမေးမြန်းထားပါတယ်။ ဒုတိယပိုင်းမှာတော့ YSEALI အစီအစဥ်အကြောင်း မဧမြမြဖူး က ရှင်းပြပေးထားပါတယ်။
တရုတ်-အမေရိကန်ဆက်ဆံရေးကို ဖွင့်ပေးခဲ့တဲ့ နိုင်ငံခြားရေးရာဉာဏ်ကြီးရှင်တယောက်အဖြစ် ကမ္ဘ့ာနေရာအတော်များများမှာ မစ္စတာဟင်န်နရီကစ်ဆင်ဂျာကို သိကြမှာဖြစ်ပေမဲ့ အရှေ့တောင်အာရှမှာတော့ မရေမတွက်နိုင်တဲ့ လူတွေသေကြေပျက်စီးစေတဲ့ စစ်မဟာဗျူဟာရေးဆွဲသူအဖြစ် သိကြမှာဖြစ်ပါတယ်။
အမေရိကန်စစ်သင်္ဘောနဲ့ ကုန်တင်သင်္ဘောအမြောက်အများ ပင်လယ်နီမှာ တနင်္ဂနွေနေ့က အတိုက်ခိုက်ခံခဲ့ရတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ကမ္ဘာကြီး ပူနွေးလာမှု ကာကွယ်ရေးလုပ်ငန်းစဉ်တခုအဖြစ် အမေရိကန်ပြည်ထောင်စုမှာ မီသိန်းဓာတ်ငွေ့ ထုတ်လှုပ်မှု လျော့ချရေးအတွက် အမေရိကန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေ လိုက်နာရမယ့်စည်းမျဉ်းတခုကို သမ္မတဘိုင်ဒင် အစိုးရက စနေနေ့တုန်းက ထုတ်ပြန်လိုက်ပါတယ်။
ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုတိုက်ဖျက်ရေး ရန်ပုံငွေထဲကို အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၃ ဘီလီယံ ထည့်ဝင်သွားမယ်လို့ အမေရိကန် ဒုသမ္မတ Kamala Harris က UAE အာရပ်စော်ဘွားများပြည်ထောင်စု Dubai မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတုဆို
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။