၂၀၂၃ ခုနှစ်အတွက် အထူးခြားဆုံး ပုဂ္ဂိုလ် “2023 Person of the Year ” အဖြစ် ကမ္ဘာ့ဂီတစင်မြင့်မှာ အအောင်မြင်ဆုံးဖြစ်နေတဲ့ အမေရိကန် ပေါ့ပ်အဆိုတော် တေလာဆွိဖ် Taylor Swift ကို Time တိုင်းမ် မဂ္ဂဇင်းက ရွေးချယ်လိုက်ပါတယ်။
ရုရှားကျုးကျော်မှုကို ခုခံနေတဲ့ ယူကရိန်းအတွက် ဆက်လက်ကူညီနိုင်အောင် အမေရိကန် ကွန်ဂရက်လွှတ်တော်က အသုံးစရိတ် အတည်ပြုပေးဖို့ အိမ်ဖြူတော်ကတိုက်တွန်းနေချိန်မှာပဲ ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ အမေရိကန် အထက်လွှတ်တော်မှာ ဒီကနေ့ စကားပြောဖို့ စီစဉ်ထားပါတယ်။
ပါလက်စတိုင်း အရပ်သားတွေကို ထိခိုက်စေမယ့် ခိုင်မာတိကျတဲ့လုပ်ဆောင်ချက်တွေ လုပ်ဆောင်ပါမယ် ဆိုတဲ့ အစ္စရေးရဲ့အာမခံချက်ရရှိမှသာ သမ္မတဘိုင်ဒန်အစိုးရကို အစ္စရေးဆီပေးမယ့် အကူအညီချပေးမယ်လို့ အမေရိကန် အထက်လွှတ်တော် ဒီမိုကရက်အမတ်တွေက သတိပေးလိုက်ပါတယ်။
သုတစုံလင် အမေရိကန်တခွင် အစီအစဥ်မှာ စွန့်ဦးတီထွင်သူ တဦးဖြစ်တဲ့ မဧမြမြဖူး ကို ကိုအောင်အောင်က VOA စတူဒီယိုမှာ တွေ့ဆုံမေးမြန်းထားပါတယ်။ ဒုတိယပိုင်းမှာတော့ YSEALI အစီအစဥ်အကြောင်း မဧမြမြဖူး က ရှင်းပြပေးထားပါတယ်။
တရုတ်-အမေရိကန်ဆက်ဆံရေးကို ဖွင့်ပေးခဲ့တဲ့ နိုင်ငံခြားရေးရာဉာဏ်ကြီးရှင်တယောက်အဖြစ် ကမ္ဘ့ာနေရာအတော်များများမှာ မစ္စတာဟင်န်နရီကစ်ဆင်ဂျာကို သိကြမှာဖြစ်ပေမဲ့ အရှေ့တောင်အာရှမှာတော့ မရေမတွက်နိုင်တဲ့ လူတွေသေကြေပျက်စီးစေတဲ့ စစ်မဟာဗျူဟာရေးဆွဲသူအဖြစ် သိကြမှာဖြစ်ပါတယ်။
အမေရိကန်စစ်သင်္ဘောနဲ့ ကုန်တင်သင်္ဘောအမြောက်အများ ပင်လယ်နီမှာ တနင်္ဂနွေနေ့က အတိုက်ခိုက်ခံခဲ့ရတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ကမ္ဘာကြီး ပူနွေးလာမှု ကာကွယ်ရေးလုပ်ငန်းစဉ်တခုအဖြစ် အမေရိကန်ပြည်ထောင်စုမှာ မီသိန်းဓာတ်ငွေ့ ထုတ်လှုပ်မှု လျော့ချရေးအတွက် အမေရိကန် ရေနံနဲ့ သဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေ လိုက်နာရမယ့်စည်းမျဉ်းတခုကို သမ္မတဘိုင်ဒင် အစိုးရက စနေနေ့တုန်းက ထုတ်ပြန်လိုက်ပါတယ်။
ရာသီဥတုပြောင်းလဲ ဖောက်ပြန်မှုတိုက်ဖျက်ရေး ရန်ပုံငွေထဲကို အမေရိကန်ပြည်ထောင်စုက ဒေါ်လာ ၃ ဘီလီယံ ထည့်ဝင်သွားမယ်လို့ အမေရိကန် ဒုသမ္မတ Kamala Harris က UAE အာရပ်စော်ဘွားများပြည်ထောင်စု Dubai မြို့မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂရဲ့ ရာသီဥတုဆို
အမေရိကန် အောက်လွတ်တော်အနေနဲ့ ယူကရိန်းအတွက် ထောက်ပံ့ရေးအကူအညီကို အခုလမကုန်ခင်မှာ အမြန်ဆုံး အတည်ပြုပေးဖို့ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောခွင့်ရ John Kirby က တောင်းဆိုလိုက်ပါတယ်။
SpaceX အာကာသကုမ္ပဏီရဲ့ Rocket ဒုံးနဲ့ တောင်ကိုရီးယားနိုင်ငံလုပ် ပထမဆုံး စစ်ထောက်လှမ်းရေး ဂြိုလ်တုကို အမေရိကန် California ပြည်နယ်မှာရှိတဲ့ Vandenberg အာကာသစခန်းကနေ သောကြာနေ့က လွှတ်တင်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုဒ်အော်စတင်ဟာ သြစတြေးလျနဲ့ ဗြိတိန်နိုင်ငံတွေက ကာကွယ်ရေးဝန်ကြီးတွေနဲ့ သောကြာနေ့မှာ တွေ့ဆုံပြီး တရုတ်နိုင်ငံရဲ့ ကြီးထွားလာနေတဲ့စစ်ရေးအင်အားကို တန်ပြန်ဖို့ ရည်ရွယ်တဲ့ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေနဲ့ အခြားအဆင့်မြင့်နည်းပညာများ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးကြပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်ခတ်ရပ်စဲရေး သဘောတူညီမှုကို တတိယအကြိမ်အဖြစ် ထပ်တိုးလိုက်ပြီးနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာ ဂျော်ဒန်မြစ် အနောက်ဘက်ခြမ်း West Bank ဒေသမြို့ဖြစ်တဲ့ Ramallah ကို သွားရောက်ပြီး ပါလက်စတိုင်း သမ္မတ Mahmoud Abbas နဲ့ ကြာသပတေးနေ့က တွေ့ဆုံခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။