၂၀၂၀ ရွေးကောက်ပွဲမှာ Joe Biden နိုင်ငံအောင် မဲ မသမာလုပ်ခဲ့တယ်လို့ Donald Trump ရဲ့ ရှေ့နေဟောင်း Rudy Guiliani စွပ်စွဲပြောခဲ့လို့ ထိခိုက်ခဲ့သူ ၂ ဦးကို ဒေါ်လာ ၁၄၈ သန်းလျော်ကြေးပေးရမယ်လို့ တရားရုံးက အမိန့်ချလိုက်ပါတယ်။
ဂါဇာမှာဖြစ်နေတဲ့ စစ်ပွဲတွေဟာ ထောက်လှမ်းရေးသတင်း အချက်အလက် အပြည့်အစုံနဲ့ ဟာမတ်စ်ခေါင်းဆောင်တွေကိုပဲ ပစ်မှတ်ထားတိုက်ခိုက်တဲ့ စစ်ပွဲအသွင်သစ်ကို ပြောင်းလဲသွားလိမ့်မယ်လို့ အစ္စရေးနိုင်ငံမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan က ဒီကနေ့ ပြောကြားလိုက်ပါတယ်။
အသုံးစရိတ် အမေရိကန်ဒေါ်လာ ၈၈၆ ဘီလီယံတန်ဖိုး အမေရိကန်ပြည်ထောင်စုရဲ့ ကာကွယ်ရေးလုပ်ပိုင်ခွင့်အက်ဥပဒေ NDAA ကို အမေရိကန်အောက်လွှတ်တော်အမတ်တွေက ထောက်ခံမဲ ၃၁၀ ကန့်ကွက်မဲ ၁၁၈ မဲနဲ့ အတည်ပြုလိုက်တဲ့အတွက် အခုဆိုရင် နှစ်စဉ် NDAA ဥပဒေကြမ်းအတည်ဖြစ်ဖို့ သမ္မတ လက်မှတ်ထိုးဖို့ပဲ ကျန်ပါတော့တယ်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်တဲ့ အစီအစဉ်တရပ်အနေနဲ့ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်က စွန့်ပစ်ပစ္စည်း ဝယ်ယူတဲ့ ကုမ္ပဏီတခုကနေ ခရစ်စမတ်သစ်ပင်နဲ့ စွန့်ပစ်အမှိုက် လဲလှယ်ပေးနေပါတယ်။
ဟာမတ်စ်စစ်သွေးကြွအဖွဲ့ကို အမြစ်ပြတ်အောင်တိုက်နေတဲ့ အစ္စရေးတို့ရဲ့ စစ်ဆင်ရေးနောက်အဆင့်နဲ့ ပါလက်စတိုင်းအရပ်သားတွေ မထိခိုက်အောင်ကာကွယ်ရေးကိစ္စတွေ ဆွေးနွေးဖို့ လုံခြုံရေးဆိုင်ရာ အိမ်ဖြူတော်အကြံပေး Jake Sullivan အစ္စရေးကို သွားရောက်နေပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ရဲ့သား ဟန်တာဘိုင်ဒန်ဟာ ဝင်ငွေဒေါ်လာသန်းချီရတဲ့ ပြည်ပစီးပွားရေးနဲ့ပတ်သက်ပြီး တံခါးပိတ်ကြားနာဖို့ ဆင့်ခေါ်တဲ့ ကွန်ဂရက်အောက်လွှတ်တော်ရဲ့အမိန့်ကိုဖီဆန်ခဲ့ပြီး Capitol အဆောက်အအုံမှာ သတင်းစာရှင်းလင်းခဲ့ပြီး အများပြည်သူရှေ့မှောက်မှာ ကြားနာဖို့အသင့်ရှိကြောင်း တုံ့ပြန်ပါတယ်။
ရုရှားကျူးကျော်စစ်ကိုတွန်းလှန်နေတဲ့ ယူကရိန်းရဲ့လွတ်မြောက်ရေးတိုက်ပွဲဟာ ဥရောပအပါအဝင် အနောက်နိုင်ငံအားလုံးအတွက် လွတ်မြောက်ရေးတိုက်ပွဲဖြစ်ကြောင်း ယူကရိန်းသမ္မတ Volodymyr Zelenskyy က အမေရိကန်သမ္မတ Joe Biden နဲ့ ဒီနေ့ သမ္မတအိမ်ဖြူတော်မှာကျင်းပတဲ့ ပူးတွဲ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
ယူကရိန်းသမ္မတ Volodymyr Zelenskyy ဟာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့ ဝါရှင်တန်မှာ တွေ့ဆုံရာမှာ ရုရှားကျုးကျော်မှုကို ခုခံနေတဲ့ ယူကရိန်းအတွက် အကူအညီရဖို့ တိုက်ရိုက်ပြောကြားခွင့် ရမှာဖြစ်ပါတယ်။
ရာသီဥတုပြောင်းလဲလာမှုတားဆီးနိုင်ဖို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံကိန်းတွေဟာ ၂၀၂၃ နှစ်အတွက် သမ္မဘိုင်ဒန်ရဲ့ ထိပ်တန်းဦးစားပေးအစီစဉ်တွေဖြစ်ပြီး ဒေါ်လာဘီလီယံပေါင်းများစွားအသုံးပြုပါတယ်။
အစ္စရေးနဲ့ ပါလက်စတိုင်း ဟာမတ်စ် စစ်သွေးကြွအဖွဲ့တို့ တိုက်ပွဲတွေ ချက်ချင်းရပ်ဖို့အဆိုပြုတဲ့ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မူကြမ်းကို အမြဲတမ်းအဖွဲ့ဝင် အမေရိကန်ပြည်ထောင်စုက ဗီတိုအာဏာသုံး ပယ်ချလိုက်ပါတယ်။
အရှေ့အလယ်ပိုင်း ဂါဇာဒေသအရေးကို အမေရိကန်သမ္မတ Joe Biden က အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu၊ ဂျော်ဒန်ဘုရင် Abdullah တို့နဲ့ တယ်လီဖုန်းပေါ်မှာ သီးခြားစီ ဆက်သွယ် ဆွေးနွေးခဲ့ပါတယ်။
လုံခြုံရေးတွေ ထူထပ်စွာချထားတဲ့ Green Zone အတွင်းမှာရှိတဲ့ အမေရိကန်သံရုံးကို ပစ်ခတ်တဲ့ ဒီ ဒုံးကျည်တွေတချို့ သံရုံးဂိတ်ဝအနီးကို ကျသွားတာရှိသလို၊ တချို့လည်း အနီးနားက ရေမြောင်းထဲကို ကျသွားပြီး လူတွေ ထိခိုက် ဒဏ်ရာရတာမရှိဘူးလို့ ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။