မေ ၁၊ ၂၀၁၆ - မြန်မာ့သမိုင်းရဲ့ အရေးကြီးတဲ့ အချိုးအကွေ့ကာလ တရုတ်-မြန်မာဆက်ဆံရေးကို အမေရိကန်ပြည်ထောင်စု Stimson သုတေသနဌာန က Yun Sun နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
နိုင်ငံပိုင် သယံဇာတ ယိုဖိတ်ဆုံးရှုံးမှုကြီးကို အစိုးရသစ်က မပိတ်ပင် မတားဆီးနိုင်သေးတဲ့အပြင် လူတွေအစုလိုက်အပြုံလိုက် မကြာခဏသေဆုံးနေရတာတွေကိုပါ ဒီအတိုင်း လက်ပိုက်ကြည့်နေကြရတော့မှာလား...
ဒါပေမဲ့ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်နေတဲ့အတွက် အသွင်ကူးပြောင်းရေးဟာ ပြီးပြည့်စုံခြင်း မရှိသေးပါဘူး။
မေ ၁၈၊ ၂၀၁၆ - တိုင်းရင်းသား လက်နက်ကိုင်အင်အားစုတွေအပေါ် တပ်မတော်ရဲ့သဘောထား အပြောင်းအလဲ တစုံတရာပါရှိသလား ဆိုတာတွေကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း၊ မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းတို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေ ၁၁၊ ၂၀၁၆ - (၂၁) ရာစု ပင်လုံညီလာခံအတွက် ဘယ်လို စိမ်ခေါ်မှုတွေ ရှိနေသလဲ၊ ဘယ်လို ကျော်လွှားကြမလဲဆိုတာကို တိုင်းရင်းသား ပြဿနာလေ့လာသုံးသပ် ရေးသားနေတဲ့ စိုင်းဝမ်ဆိုင်း နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေ ၄၊ ၂၀၁၆ - နိုင်ငံရေး မပြေလည်မှု၊ စစ်ဘေးအန္ဒရာယ်၊ လူမှုရေးပြဿနာတွေ နဲ့ ရင်ဆိုင်နေရဆဲ ရခိုင်ပြည်နယ် အခြေအနေကို ရခိုင်ပြည်နယ် ကျောက်ဖြူ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘရှင် နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဧပြီ ၂၇၊ ၂၀၁၆ - ငြိမ်းချမ်းရေး စေ့စပ်မှုတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူ၊ တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ခွန်ဥက္ကာ၊ ရခိုင်အမျိုးသားကောင်စီ (ANC) အတွင်းရေးမှူး ဦးထွန်းဇော်တို့ နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဧပြီ ၂၀၊ ၂၀၁၆ - အမေရိကန်တို့ မြန်မာနိုင်ငံမှာ လုပ်ဆောင်နေတာတွေဟာ တရုတ်ကို ထိန်းချုပ်ဖို့မဟုတ်ဘူး၊ ဒါပေမဲ့ ဒေသတွင်း တရုတ်တို့ရဲ့ဗိုလ်ကျစိုးမိုးမှုကိုတော့ ဆန့်ကျင်တယ်လို့ အမေရိကန်ပါမောက္ခ David Steinberg က ဆိုပါတယ်။
ဧပြီ ၆၊ ၂၀၁၆ - မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးမှာ အုပ်ချုပ်ရေးပြုပြင်ဖို့အတွက် အချိန်အများဆုံး ယူရလိမ့်မယ်လို့ ဦးသိန်းစိန်အစိုးရရဲ့ အကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့တဲ့ ဒေါက်တာဇော်ဦးက ပြောကြားလိုက်ပါတယ်။
မတ် ၃၀၊ ၂၀၁၆ - တရုတ်နိုင်ငံဟာ မြန်မာအစိုးရသစ် နဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ လိုလားပေမယ့် မြန်မာနိုင်ငံရဲ့မိတ်ဆွေမဆန်တဲ့ လုပ်ရပ်တွေကြေင့် နယ်စပ်အင်အားစုတချို့ကို ကြိုးကိုင်ကစားဖို့ လိုအပ်တယ်လို့ ယူဆချက်တချို့တရုတ်ဘက်မှာ ရှိနေပါတယ်။
မတ်လ ၂၂၊ ၂၀၁၆ - မြန်မာနိုင်ငံမှာ ဖယ်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းရေးဆိုတာကို ပြောနေကြပေမယ့် ဘယ်လို ဖယ်ဒရယ်ပုံစံလဲဆိုတာ မသတ်မှတ်နိုင်ကြခြင်းဟာ အဓိကပြသနာတရပ် ဖြစ်တယ်လို့ အမေရိကန်ပညာရှင် ပါမောက္ခ David Steinberg က ဆိုပါတယ်။
မတ် ၁၆၊ ၂၀၁၆ - ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေကတော့ ရှေ့ဆက်လုပ်ဆောင်လာတဲ့ လုပ်ရပ်တွေကိုစောင့်ကြည့်ပြီးမှ ဝေဖန်သင့်တယ်တယ်လို့ ဆိုပါတယ်။ အမေရိကန်ပညာရှင် ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg, ဦးသုဝေတို့နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မတ် ၉၊ ၂၀၁၆ - မြန်မာနိုင်ငံမှာ ပြည်ထောင်စု ငြိမ်းချမ်းရေး အလားအလာ မှေးမှိန်ဆုတ်ယုတ်သွားနိုင်ပါသလား၊ ပအို့ဝ် PPLO နာယက ခွန်ဥက္ကာ ပြည်သူ့လွှတ်တော်အမတ်ဟောင်း ဒေါ်ဒွဲဘူ တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်ထားပါတယ်။
မတ် ၂၊ ၂၀၁၆ - ကမ္ဘာပေါ်မှာ အချိန်အကြာဆုံးယူနေရတဲ့ အာဏာလွှဲပြောင်းမှု မြန်မာနိုင်ငံမှာ မကြာခင် ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့ မလွှဲပြောင်းခင်မှာ အမြီးနှုတ်ခေါင်းနှုတ်ခံနေရတဲ့ ဒီအာဏာ တကယ်လွှဲပြောင်းလာတဲ့အခါ ဘာများကျန်တော့မှာလဲ၊ ချောချောမွေ့မွေ့ကော ဖြစ်နိုင်ပါ့မလား။
"ဒီနေရာမှာ တရုတ်နိုင်ငံက စစ်ရေးတည်ဆောက်လာတာနဲ့ ပတ်သက်ပြီးတော့လည်း စစ်ရေးတည်ဆောက်မှု၊ တပ်ဆင်မှုတွေ မလုပ်ဖို့ ကျနော်တို့ တောင်းဆိုပါတယ်။"
ဖေဖေါ်ဝါရီ ၂၄၊ ၂၀၁၆ - မီဒီယာတွေဟာ ဒီမိုကရေစီ ဘောင်အတွင်းမှာ ထိုက်တန်သောနေရာကို ရရှိလာနိုင်ပါသလား ဆိုတာ ဝါရင့်မီဒီယာသမားတွေ ဖြစ်ကြတဲ့ ဦးကျော်ရင်မြင့်၊ ဧရာဝတီ ဦးအောင်ဇော်တို့နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဖေဖေါ်ဝါရီ ၁၇၊ ၂၀၁၆ - မြန်မာ့ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ ဒီမိုကရေစီ မဆန်တဲ့ ခေါင်းဆောင်မှုပိုင်း ပါနိုင်ပြီး၊ ဒီအပြောင်းအလဲကြောင့် လူတိုင်းအကျိုးရှိတယ်ဆိုတာကို မြန်မာနိုင်ငံက နမူနာပြသလိုက်တာ ဖြစ်တယ်လို့ CAP ရဲ့အကြီးတန်းသုတေသီ Michael Fuchs က သုံးသပ်လိုက်ပါတယ်။
မြန်မာနိုင်ငံဟာ အရေးကြီးတဲ့ အခိုက်အတန့်မှာ ရောက်ရှိနေပြီး စစ်တပ်နဲ့ NLD တို့ လက်တွဲပြီး တည်တည်ငြိမ်ငြိမ် အသွင်ကူးပြောင်းရေးဆောင်ရွက်နေကြတယ်လို့ အမေရိကန် သမ္မတရဲ့ လက်ထောက်အမျိုးသား လုံခြုံရေးအကြံပေး ပုဂ္ဂိုလ်က ပြောကြား။
ဖေဖေါ်ဝါရီ ၁၀၊ ၂၀၁၆ - မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့အတူ ဆယ်စုနှစ်ပေါင်းများစွာ ယိုယွင်း ပျောက်ကွယ်နေခဲ့တဲ့ ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရား ပြန်လည်တည်ဆောက်ရေးဟာ NLD အစိုးရသစ်အတွက် အဓိက စိန်ခေါ်မှုကြီးတရပ် ဖြစ်လာပါလိမ့်မယ်။
ဖေဖေါ်ဝါရီ ၃၊ ၂၀၁၆ - ANP က NLD အစိုးရနဲ့ မပူးပေါင်းဘဲ အတိုက်အခံအဖြစ် ရပ်တည်သွားမယ် ဆိုတဲ့ ကြေညာချက်နောက်ပိုင်း ဖြစ်ပေါ်နေတဲ့ ရိုက်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ဒေါက်တာအေးမောင် နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်