ဇန်နဝါရီ ၂၇၊ ၂၀၁၆ - ရခိုင်အမျိုးသားပါတီအတွင်း သဘောထားကွဲလွဲမှုကို ဘယ်လိုဖြေရှင်းကြမလဲ၊ ပါတီ နှစ်ခြမ်းကွဲတဲ့အထိ ပြဿနာ ကြီးထွားလာနိုင်သလားဆိုတာကို ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဦးအေးသာအောင် ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း၊ ဆွေးနွေးသုံးသပ်ထားပါတယ်။
ကြာသပတေးနေ့က Indonesia နိုင်ငံ Jakarta မြို့တော်မှာ ဗုံးခွဲ ပစ်ခတ် တိုက်ခိုက်မှုတွေဟာ သူတို့ရဲ့လက်ချက်ဖြစ်တယ်လို့ IS အကြမ်းဖက်အဖွဲ့က ဆိုပါတယ်။
ဇန်နဝါရီ ၁၃၊ ၂၀၁၆ - ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံနဲ့ ပတ်သက်ပြီး ဒါဟာနောက်တက်လာမယ့် အစိုးရ ဆက်လက်ဆောင်ရွက်သွားနိုင်အောင် အခြေခံတခုခု ချမှတ်နိုင်လေမလားဆိုတဲ့ မျှော်မှန်းချက်ဟာ အမြင့်ဆုံးထားရှိနိုင်တဲ့ ရည်မှန်းချက် ဖြစ်ပါတယ်။
ဇန်နဝါရီ ၆၊ ၂၀၁၆ - NLD ရွေးကောက်ပွဲ အနိုင်ရရှိလိုက်ပေမယ့် ဗျူရိုကရေစီ ယန္တရားတခုလုံးကို စစ်တပ်က ချုပ်ကိုင်ထားဆဲ ဖြစ်တဲ့အတွက် တခြမ်းပဲ့ ဒီမိုကရေစီအဖြစ်နဲ့ပဲ ဆက်လက် ခရီးသွားရလိမ့်အုံးမယ်လို့ မြန်မာ့အရေးသုံးသပ်သူ သမိုင်းပညာရှင် ဒေါက်တာအောင်ခင် က သုံးသပ်လိုက်ပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာ စစ်အာဏာရှင်စနစ်အောက် ကျရောက်နေခဲ့ ပြီးတဲ့နောက် ပါတီစုံ အထွေထွေရွေးကောက်ပွဲကြီးတရပ်ကို ကျင်းပနိုင်ခဲ့ တာဟာ ဒီနှစ်ရဲ့အထူးခြားဆုံးဖြစ်ရပ်ပါပဲ။
ဒီဇင်ဘာ ၃၀၊ ၂၀၁၅ - ပြစ်မှုထင်ရှားစီရင်ခံထားရသူ (၂) ဦး အယူခံမှာ လွတ်မြောက်လာလိမ့်မယ်လို့လဲ ယုံကြည်နေပါတယ်။ လူ့အခွင့်အရေးသမား Andy Hall နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဒီဇင်ဘာ ၂၃၊ ၂၀၁၅ - မြန်မာ့သယံဇာ ကျောက်စိမ်းမြေမှာ ဘီလူးတွေ ဝင်လုစားနေတာကို ပြည်သူလူထုက လက်ပိုက်ကြည့်နေရမလား ဆိုတာကို လူ့အခွင့်အရေးရှေ့နေ ဦးသိန်းသန်းဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်တို့နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဒီဇင်ဘာ ၁၆၊ ၂၀၁၅ - ရုပ်ပျက်ဆင်းပျက် လုပ်နေတဲ့ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေကို ဘယ်ပုံဘယ်နည်းတွေနဲ့ ဟန့်တားသင့်သလဲဆိုတာ ကချင်ဒေသခံ သတင်းသမားတွေ ဖြစ်ကြတဲ့ ကိုဇော်မိုးထက်၊ ကိုနော်ဒင်းတို့ နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားကြပါတယ်။
ဒီဇင်ဘာ ၀၉၊ ၂၀၁၅ - (ပြန်လည်ထုတ်လွှင့်) တရားဥပဒေအရ စုံစမ်းစစ်ဆေး အရေးယူမှုတွေ လုပ်ဆောင်မှုမရှိသေးတဲ့ လက်ပံတောင်းတောင် အရေးအခင်း နှိမ်နင်းမှုနဲ့ ပတ်သက်ပြီး ရှေ့နေများကွန်ရက်က ရှေ့နေကြီး ဦးအောင်သိန်း ကို ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။
"NLD ရဲ့ မူထဲမှာပါတဲ့ အချက်တခုလဲဖြစ် သမ္မတဦးသိန်းစိန်ကလည်း ပြောထားတဲ့ ဖယ်ဒရယ်ပြည်ထောင်စု ဖွဲ့စည်းရေးကိစ္စပါ။....ဒါဟာတိုင်းရင်းသားတွေနဲ့ပတ်သက်ပြီး သိပ်အရေးကြီး ပါတယ်။" David Steinberg
ဒီဇင်ဘာ ၂၊ ၂၀၁၅ - နိုင်ငံတကာ နမူနာကို လက်ရှိ မြန်မာ့အခြေအနေနဲ့ ကိုက်ညီအောင် မလုပ်နိုင်ရင် အခက်ကြုံနိုင်တယ်လို့လဲ ဆိုပါတယ်။ ဦးစိန်ဌေး နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
နိုဝင်ဘာ ၂၅၊ ၂၀၁၅ - ရွေးကောက်ပွဲလွန် မြန်မာနိုင်ငံအတွက် စိန်ခေါ်မှုတွေအကြောင်း Mr Nehru နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
အတိုက်အခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က မဲအပြတ်အသတ်နဲ့ အနိုင်ရရှိခဲ့ပေမဲ့ သမ္မတ နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး တို့ဘက်က ပြန်လည်သင့်မြတ်ရေးအပြုအမူ အလုံအလောက်ပြသတာ မတွေ့ရသေးတဲ့ အပြင် ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံဆွေးနွေးရေးကိုလည်း အချိန်ဆွဲထားတယ်လို့ ဒီမိုကရေစီသုတေသီတွေ ထွက်ဆို။
အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲ ကျင်းပပြီးဆုံးတဲ့ နိုဝင်ဘာလ ၂၂ရက်နေ့မှာ သမ္မတအိုဘားမားဟာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ သီးခြားတွေ့ဆုံဖွယ် ရှိတယ်လို့ အိမ်ဖြူုတော် အမျိုးသား အကြံပေးပုဂ္ဂိုလ် Ben Rhodes က ပြောပါတယ်။
"မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပနိုင်ခဲ့တာဟာ အစဉ်အလာကောင်းတရပ်ကို ချမှတ်လိုက်နိုင်ခြင်း ဖြစ်တယ်"
နိုဝင်ဘာ ၁၁၊ ၂၀၁၅ - မြန်မာနိုင်ငံ ရွေးကောက်ပွဲလွန်ကာလမှာ အခက်အခဲ ပြဿနာတွေ ရှိနေအုံးမှာဖြစ်ပေမယ့် NLD ခေါင်းဆောင်ပိုင်းဟာ လက်ရှိ အာဏာလက်ရှိတွေနဲ့ ညှိနှိုင်းဖြေရှင်းသွားနိုင်လိမ့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အကြီးတန်းသံတမန်ဟောင်း Priscilla Clapp က ပြောဆိုလိုက်ပါတယ်။
NLD နိုင်လို့ အစိုးရဖွဲ့ရင် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို သူလုပ်ဆောင်သွားမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်ဟာ တရားဥပဒေစိုးမိုးရေးအယူအဆက သွေဖီတယ် လို့ အမေရိကန်ပါမောက္ခ သုံးသပ်။
နိုဝင်ဘာ ၄၊ ၂၀၁၅ - ကျင်းပတော့မယ့် ရွေးကောက်ပွဲအပေါ် အကောင်းမြင်လိုတဲ့ဆန္ဒ ရှိနေပေမဲ့ ရလဒ်အတိုင်း အကောင်အထည် ဖြစ်လာပါ့မလားဆိုတာ ပြည်ပရောက် မျိုးချစ်ပညာရှင်တွေက သံသယ ရှိနေကြပါတယ်။
အောက်တိုဘာ ၂၈၊ ၂၀၁၅ - ၁၉၉၀ ပြည့် ရွေးကောက်ခံ ပြည်သူ့ကိုယ်စားလှယ်လောင်း၊ NLD ဗဟိုကော်မီတီဟောင်း ဦးစောနိုင်းနိုင်း၊ ABSDF ခေါင်းဆောင်ဟောင်း မြန်မာ့အရေးသုံးသပ်သူ ဦးအောင်သူငြိမ်း တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်ထားပါတယ်။
အောက်တိုဘာ ၂၁၊ ၂၀၁၅ - မီဒီယာသမားဆိုတာ နိုင်ငံရေးဘက်လိုက်မှု မရှိရဘူးလို့ George Washington တက္ကသိုလ် မီဒီယာနဲ့ လူထုေုရးရာဌာန တွဲဘက်ပါမောက္ခ Dr Janet Steele ပြောဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်