ဖက်ဒရယ်ပြည်ထောင်စုအတွက် တကယ်လိုအပ်တဲ့ အမျိုးသားရေးဝါဒက ဘယ်လို ဖြစ်သင့်ပါသလဲ။ ဖယ်ဒရယ်ရေးတက်ကြွသူ သုတေသီဆောင်းပါးရှင် စိုင်းဝမ်ဆိုင်း နဲ့ ဦးကျော်ဇံသာ ဆက်လက် ဆွေးနွေးထားပါတယ်။
မြန်မာနိုင်ငံအကြောင်း နှစ်ပေါင်းများစွာ သတင်းဆောင်းပါးများ ရေးသားလာခဲ့တဲ့ အိန္ဒိယသတင်းစာဆရာ Subir Bhaumik (ဆူဘီ ဘူမစ်) နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ထိပ်တန်းရောက်နေတဲ့ ကမ္ဘာ့အရေးအခင်းတခုဖြစ်တဲ့ အမေရိကန် ကွန်ကရက် လွှတ်တော် ဥက္ကဌ Nancy Pelosi ထိုင်ဝမ်ကို သွားရောက်တဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး VOA မြန်မာပိုင်းရဲ့ အကြီးတန်း အယ်ဒီတာ ဦးကျော်ဇံသာ နဲ့ ကိုဉာဏ်ဝင်းအောင် တို့က ဆွေးနွေးတင်ပြထားကြပါတယ်။
ကိုဂျင်မီအပါအဝင် နိုင်ငံရေးသမား (၄) ဦးကို သေဒဏ်စီရင်လိုက်တာဟာ ဒီမိုကရေစီအင်အားစုတွေကို ပိုမိုပြင်းထန်တဲ့ လက်နက်ကိုင်လမ်းကြောင်းဆီ တွန်းပို့လိုက်သလို စစ်ကောင်စီအဖို့လဲ လုံးဝကျဆုံးရေးဘက်ကို ဦးတည်သွားပြီလို့ ပြည်ထောင်စုရှေ့နေများအဖွဲ့ ဦးကြီးမြင့်က ဆိုပါတယ်။
ဇူလိုင် ၁၃၊ ၂၀၂၂ - မြန်မာနိုင်ငံအတွက် အရေးအကြီးဆုံး အိမ်နီးပေါက်ဖော်နိုင်ငံကြီးဖြစ်တဲ့ တရုတ်နိုင်ငံဟာ လက်ရှိမှာ ဖြစ်နေတဲ့ မြန်မာ့အခြေအနေကို ကျေနပ်နေပါသလား။ ဒီအတိုင်းဆိုရင် သူတို့ရဲ့ စီးပွားရေး အကျိုးစီးပွား၊ မဟာဗျူဟာ အကျိုးစီးပွားတွေကို ရှေ့တိုးလုပ်ဆောင်တဲ့ အခြေအနေကော ရှိပါရဲ့လား။
ဇူလိုင် ၆၊ ၂၀၂၂ - မြန်မာ့အပြောင်းအလဲအတွက် နိုင်ငံတကာ ဖိအားဟာ အင်မတန်အရေးပါတယ်၊ ဒီအတွက် အမေရိကန်အစိုးရက ဦးဆောင်ကြိုးပမ်းနေတယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ အာရှ-ပစ္စိဖိတ် လုံခြုံမှုလေ့လာရေးဌာန ပါမောက္ခမီမီဝင်းဘာ့ခ် က ဆိုပါတယ်။ အသေးစိတ်ကို ပါမောက္ခဘာ့ခ် နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဇွန် ၂၉၊ ၂၀၂၂ - NUG ဦးတည်ကြိုးပမ်းနေတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်တက်လှမ်းနိုင်ရေးအတွက် လက်တွေ့ထိရောက်မှု ဘယ်လောက်ရှိနိုင်ပါသလဲ။ ၁၉၉၀ ရွေးကောက်ခံလွှတ်တော်အမတ်၊ NCGUB ဝန်ကြီးဟောင်း ဒေါက်တာတင့်ဆွေနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့အပေါ် စစ်ကောင်စီက သေဒဏ်ချမှတ်တာဟာ နိုင်ငံရေး အကျိုးအမြတ်တစုံတရာ ရှိလိမ့်မယ်ထင်လို့လား။ မျှော်မှန်းချက်ရှိတယ်ဆိုရင်ကော တကယ်ပေါက်မြောက် နိုင်ပါ့မလား။ ဒီကိစ္စအပေါ် ဥပဒေကြောင်းအရကော ဘယ်လို ရှုမြင်နိုင်ပါသလဲ။
ဇွန် ၁၊ ၂၀၂၂ - တိုင်းရင်းသားတွေ လိုချင်တောင်းဆိုနေကြတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသော စစ်မှန်တဲ့ ဖက်ဒရယ်အဆင့်အတန်းကို ရရှိနိုင်မယ့်အလားအလာ ဘယ်လောက် ရှိပါသလဲ။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ စိုင်းညွန့်လွင်နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေ ၁၁၊ ၂၀၂၂ - လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ တိုင်းရင်းသားပဋိပက္ခတွေကို ဖြေရှင်းဖို့ အစိုးရအဆက်ဆက် အကြိမ်ကြိမ်ကြိုးပမ်းမှုတွေ ရှိခဲပေမဲ့၊ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို မရရှိနိုင်သေးပါဘူး။ အခု စစ်ကောင်စီဥက္ကဌရဲ့ ဖိတ်ခေါ်ချက်ပေါ် PPST အကြံပေးပုဂ္ဂိုလ် ဦးခွန်းဆိုင် နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
မေ ၄၊ ၂၀၂၂ - မြန်မာနိုင်ငံရဲ့အဓိက စိန်ခေါ်မှုကြီးတခုဖြစ်တဲ့ တိုင်းရင်းသားပဋိပက္ခ ပြဿနာဟာ "အနာလဲသိ ဆေးလဲရှိလျက်" နဲ့ ကုသလို့ မရနိုင်တဲ့ ရောဂါတခုလို ဖြစ်နေတယ်လို့ တိုင်းရင်းသား၊ နိုင်ငံရေးခါင်းဆောင်ကြီး ခွန်ထွန်းဦး က မှတ်ချက်ချခဲ့ပါတယ်။ ဘာကြောင့်ပါလဲ။ သူ့ရဲ့မှတ်ချက်ဟာ အခုအချိန်ထိ မှန်ကန်နေတုန်းပဲလား။
ဧပြီ ၂၇၊ ၂၀၂၂ - စစ်အာဏာပိုင်တွေအတွက် ဘယ်လောက်ထိ အန္တရာယ်များနေလို့ ဒီလို ရန်ငြိုးထားခြင်းခံရတာပါလဲ။ သူတို့ရဲ့ကလောင်သွားက စစ်အင်အားကို စိမ်ခေါ်နိုင်ပါသလား။ Pen America အဖွဲ့က ညွှန်ကြားရေးမှူးတဦးဖြစ်တဲ့ Dr. Karin Karlekar နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဧပြီ ၂၀၊ ၂၀၂၂ - စစ်ကောင်စီအကြီးအကဲက ငြိမ်းချမ်းရေးစကားထက်၊ အပြတ်ချေမှုန်းရေးကိုသာ ပြောကြားနေပြီး၊ NUG ကလည်း လက်နက်ကိုင်တိုက်ပွဲအပေါ် ပိုအားထားလာသလို၊ ပေါ်ထွက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကားမှာလည်း ပြည်သူတွေ ညီညွတ်ကြဖို့ ပြောပြီး၊ စစ်ကောင်စီနဲ့ ဆွေးနွေးဖို့ ပြောတာမဟုတ်ဘူးလို့ ဆိုပါတယ်။
ဧပြီ ၁၂၊ ၂၀၂၂ - သြစတြေးလျက စစ်ကောင်စီကို တရားဝင်အသီအမှတ်ပြုလိုတဲ့ သဘောလား။ သြစတြေးလျရဲ့ မြန်မာနိုင်ငံဆိုင်ရာမူဝါဒက ဘယ်လိုလဲ။ သြစတြေးလျအခြေစိုက် မြန်မာ့အရေးလှုပ်ရှားနေသူ ဒေါက်တာမြင့်ချိုနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဧပြီ ၆၊ ၂၀၂၂ - မြန်မာ့နွေဦးတော်လှန်ရေးဟာ ၁၉၈၈ မှာ ဖြစ်ပွားခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံနဲ့ လွန်စွာကွာခြားချက်တွေကို၊ ရှစ်လေးလုံးကာလတုန်းက BBC သတင်းထောက်၊ အခု Myanmar Accountability Project (MAP) မြန်မာတာဝန်ခံမှု ရှိစေရေး စီမံချက်အဖွဲ့ ဒါရိုက်တာ Chris Gunnis နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
မတ် ၂၂၊ ၂၀၂၂ - လွန်ခဲ့တဲ့ မတ်လ (၂၁) ရက်နေ့က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ အစီရင်ခံစာ တင်သွင်းခဲ့တဲ့ လူ့အခွင့်အရေး မဟာမင်းကြီး Michelle Bachelet က မြန်မာနိုင်ငံဟာ ပြိုလဲပျက်စီးမယ့် အန္တရာယ်ပိုများလာတယ်လို့ ပြောသွားပါတယ်။
မတ် ၁၆၊ ၂၀၂၂ -မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို မဖော်ဆောင်နိုင်ဘူးဆိုရင် အခြေအနေ ပိုမိုဆိုးဝါးလာနိုင်တယ်လို့ မြန်မာ့အရေးကို နှစ်ပေါင်းများစွာ လေ့လာခဲ့သူ အမေရိကန်ပြည်ထောင်စု Johns Hopkins တက္ကသိုလ် အာရှရေးရာ အငြိမ်းစား ညွှန်ကြားရေးမှူး၊ ပါမောက္ခ John Badgley က ပြောကြားခဲ့ပါတယ်။
“အဓိက အရေးကြီးတာက အနာဂတ်ကို တကယ်ဆောင်ရွက်တဲ့အခါမှာ အခုလို ကတိပျက်ကွက်မှု မျိုးကို မဖြစ်နိုင်စေမယ့် coming together ဆိုတဲ့ ပုံစံမျိုးနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်တဲ့ အခင်းအကျင်းတခုကို ကျော်လွှားသွားနိုင်မယ်လို့ ယုံကြည်ထားတယ်။” (ဦးအောင်ကြည်ညွန့်-CRPH ဥက္ကဋ္ဌ)
နောက်ထပ်ကြည့်ရှုရန်