ဖေဖေါ်ဝါရီ ၂၊ ၂၀၂၂ - မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းယူပြီး မရှေးမနှောင်းမှာပဲ ဆန့်ကျင်အုံကြွလှုပ်ရှားမှုတွေလည်း စတင်ခဲ့တာ ဖြစ်ပါတယ်။ တနှစ်ပြည့်မြောက်ခဲ့ပြီဖြစ်တဲ့ အခုအချိန်မှာ အဲဒီဆန့်ကျင်လှုပ်ရှားမှုတွေဟာ ဘယ်လိုအသွင်ပြောင်းပြီး၊ ဘယ်အခြေအနေမှာ ရှိနေကြပါသလဲ၊ ရှေ့အလားအလာကော ဘယ်လိုလဲ၊
ဒီမိုကရေစီလမ်းကြောင်းဆီပြန်လည်တက်လှမ်းနိုင်ဖို့ ဘာတွေလိုအပ်ပါသလဲ၊ ဘယ်လိုနည်းလမ်းတွေရှိနေပါသလဲ၊ လက်နက်ကိုင်လမ်းစဉ် က ဘယ်လောက်အရေးပါ ပါသလဲ- ပြည်သူ့ပါတီခေါင်းဆောင် ဦးကိုကိုကြီး၊ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နဲ့ KNU အတွင်းရေးမှူး ဖဒိုစောတာဒိုမှူး တို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဇန်နဝါရီ ၂၆၊ ၂၀၂၂ - အာဏာသိမ်း တက်လာတဲ့ စစ်ကာင်စီက တက်ခါစမှာတော့ တနှစ်အကြာမှာ၊ အခုတော့ ၂၀၂၃ သြဂုတ်လမှာ ရွေးကောက်ပွဲ ကျင်းပပြီး ရလဒ်အတိုင်း အာဏာလွှဲပေးမယ်လို့ ဆိုထားပါတယ်။ အဲဒီလို လုပ်ဆောင်နိုင်မယ့် အခြေအနေ အခင်းအကျင်းတွေကို ပြီးခဲ့တဲ့ တနှစ်တာအတွင်း ဘယ်လောက်အထိ လုပ်ဆောင်ပေးခဲ့။
ဝန်ကြီးချုပ် Hun Sen ရဲ့မြန်မာနိုင်ငံ ခရီးစဉ်ဟာ သူပြောသလို တကယ်ပဲ မြန်မာ့ပြဿနာ ပြေလည်ရေးအတွက် အထောက်အပံ့ ဖြစ်စေပါသလား။ ထိုင်းနိုင်ငံ ချူလာလောင်ကွန်းတက္ကသိုလ် နိုင်ငံရေးသိပ္ပံပါမောက္ခ အရှေ့ တောင်အာရှရေးရာကျွမ်းကျင်သူ Thitinam Pongsudhirak (သီတီနမ် ပွန်ဆုဒီရာ့ခ်) နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ကုန်ဆုံးခဲ့တဲ့ ၂၀၂၁ ခုနှစ်အတွင်း သတင်းမီဒီယာတွေမှာ အထူးသဖြင့် မြန်မာနိုင်ငံက သတင်းဆိုးတွေနဲ့ ပြည့် နှက် နေခဲ့ပါတယ်။အခု နှစ်သစ်မှာကော သတင်းကောင်းတွေများ ပေါ်ထွက်လာနိုင်ဖွယ်ရှိပါသလား။ VOA (မြန်မာပိုင်း) က သတင်းသမား နှစ်ဦးဖြစ်တဲ့ ဦးတင်မောင်သန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထား ကြပါတယ်။
ဇန်နဝါရီ ၅၊ ၂၀၂၂ - ၂၀၂၁ မှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးတဲ့နောက် မြန်မာ့ဒီမိုကရေစီ အလားအလာ ဆုတ်ယုတ်ကျဆင်းခဲ့ပြီး၊ ကပ်ရောဂါကြောင့် ထိခိုက်လုဖြစ်နေတဲ့ စီးပွားရေး၊ လူမှုရေး အခြေအနေတွေလဲ ပိုပြီးနိမ့်ကျသွားတယ်လို့ သုံးသပ်သူတွေက ဆိုကြပါတယ်။
မကြာခင် ကုန်ဆုံးတော့မယ့် ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့ အဖြစ်အပျက်တွေအပေါ် ခြုံသုံးသပ်ချက်ကို ကိုဝင်းခန့်မောင်နဲ့အတူ ဦးကျော်ဇံသာ သုံးသပ် တင်ပြထားပါတယ်။
ဒီဇင်ဘာ ၂၉၊ ၂၀၂၁ - အခုတပတ် ဦးကျော်ဇံသာရဲ့ မြန်မာ့အရေးသုံးသပ်ချက်မှာတော့ မကြာခင်ကုန်ဆုံးတော့မယ့် ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံရဲ့အဖြစ်အပျက်တွေအပေါ် ခြုံသုံးသပ်ချက်ကို နားဆင်ကြရမှာ ဖြစ်ပါတယ်။ ကိုဝင်းခန့်မောင်နဲ့အတူ ဦးကျော်ဇံသာက သုံးသပ်ထားပါတယ်။
ဒီဇင်ဘာ ၂၁၊ ၂၀၂၁ - KNU ထိန်းချုပ်နယ်မြေထဲက လေးကေကော်မြို့သစ်မှာ ဖြစ်ပွားနေတဲ့ စစ်ကောင်စီ နဲ့ KNLA ပူးပါင်းတပ်ဖွဲ့တို့ရဲ့စစ်ရေးပဋိပက္ခဟာ သဘောတူညီမှုကို ချိုးဖောက်ပြီး ထင်ရာလုပ်လိုတဲ့ မြန်မာစစ်တပ်ရဲ့သဘောထားကို ပြသလိုက်တာပဲ ဖြစ်တယ်လို့ PPST (ခေါ်) ငြိမ်းချမ်းရေးဦးဆောင်အဖွဲ့ ပြောခွင့်ရ ခွန်မြင့်ထွန်းက ...
ဒီဇင်ဘာ ၁၅၊ ၂၀၂၁ - မြန်မာနိုင်ငံမှာ အခြေခံအားဖြင့် ပြည်တွင်းစစ်ဖြစ်နေခဲ့ပြီး၊ အခုအကျပ်အတည်းဟာ လွတ်လပ်ရေးပြီးချိန်ကစလို့ ဆက်တိုက်ဖြစ်လာခဲ့တဲ့ အကျပ်အတည်းတွေထဲမှာ အဆိုးရွားဆုံး ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု Georgetown တက္ကသိုလ် ဂုဏ်ထူးဆောင်ပါမောက္ခ David Steinberg က ဆိုပါတယ်။
ဒီဇင်ဘာ ၈၊ ၂၀၂၁ - ကုလသမဂ္ဂအနေနဲ့ NUG မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရအဖြစ် တရားဝင် လက်ခံတာမရှိသေးပေမဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် လက်ခံရေး ဆိုင်းငံံ့လိုက်တာဟာ NUG အတွက် အောင်ပွဲတခု ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စု George Washington တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပါမောက္ခ Christina Fink က သုံးသပ်ပါတယ်။
ဒီဇင်ဘာ ၁၊ ၂၀၂၁ - ရှေ့မတိုးနောက်မဆုတ် ဖြစ်နေတဲ့ မြန်မာ့အကျပ်အတည်းကို ကျော်လွှားနိုင်ရေးမှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လုပ်ဆောင်နိုင်မှုဟာ အကန့်အသတ်တွေ ရှိနေတယ်လို့ ဝါရှင်တန်မြို့တော် အခြေစိုက် "မဟာဗျူဟာ နှင့် နိုင်ငံတကာ လေ့လာရေးဌာန (CSIS)” က အရှေ့တောင်အာရှရေးရာ သုတေသီ Michael Martin က ဆိုပါတယ်။
နိုဝင်ဘာ ၂၄၊ ၂၀၂၁ - လက်ရှိ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကျော်လွှားလွန်မြောက်ပြီး၊ ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်တက်လှမ်းနိုင်ရေးမှာ နိုင်ငံတကာရဲ့အခန်းကဏ္ဍကို ပစ်ပယ်ထားလို့ မရပါဘူး။ ပြည်တွင်းလှုပ်ရှားမှုနဲ့ အတူယှဉ်တွဲပါဝင်ဖို့ လိုအပ်တယ်လို့ အမေရိကန်ပြည်ထောင်စု Minnesota ပြည်နယ် Carlton ကောလိပ်က နိုင
နိုဝင်ဘာ ၁၇၊ ၂၀၂၁ - ပြည်ပဧည့်သည်တော်တွေ လာရောက်နေကြတာဟာ မြန်မာနိုင်ငံရဲ့နိုင်ငံရေး အကျပ်အတည်းနဲ့ မြန်မာပြည်သူတွေရဲ့ဘဝ အဆင်ပြေငြိမ်းချမ်းရေးအတွက် အထောက်အပံ့ တစုံတရာဖြစ် စေနိုင်ပါသလား၊။ ဒါမှမဟုတ် သူတို့နိုင်ငံတွေရဲ့အကျိုးစီးပွားသက်သက်ပဲလား။ စစ်ကောင်စီအပေါ်မှာကော ဘယ်လို ရိုက်ခတ်မှုတွေရှိနိုင်ပါသလဲ
နိုဝင်ဘာ ၁၀၊ ၂၀၂၁ - မြန်မာနိုင်ငံက အာဏာသိမ်းစစ်ကောင်စီနဲ့ ဒီမိုကရေစီအင်အားစုတွေကြား ပဋိပက္ခဟာ လက်နက်ကိုင်တိုက်ပွဲနဲ့သာ ပြီးပြတ်နိုင်ဖွယ်ရှိတယ်လို့ ဝါရင့်တရားလွှတ်တော်ရှေ့နေကြီး ဦးကြီးမြင့်က သုံးသပ်ပါတယ်။
နိုဝင်ဘာ ၃၊ ၂၀၂၁ - ကမ္ဘာပေါ်မှာ သဘာဝဘေးအန္တရာယ်ဒဏ် ခံရနိုင်ဖွယ်အရှိဆုံး စာရင်းမှာပါဝင်နေတဲ့ မြန်မာနိုင်ငံအတွက် သတိပြုစရာတွေက ဘာလဲ စတာတွေကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး တက်ကြွလှုပ်ရှားသူ ဒေါ်ဒေဝီသန့်စင်နဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မြန်မာနိုင်ငံမှာ လူတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေဟာ ဘယ်သူကပဲ လုပ်ဆောင်တာ ဖြစ်ပါစေ ရာဇဝတ်ကြောင်းအရ အရေးယူဖို့ သက်သေအထောက်အထားတွေ စုဆောင်းနေတာဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းမှုယန္တရား IIMM အကြီးအကဲက ပြောပါတယ်။ Mr. Nicolas Koumjian ကို ဗွီအိုအေစတူဒီယိုမှာ ဦးကျော်ဇံသာ မေးမြန်းထားပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး IIMM ခေါ် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းမှု ယန္တရားက ဖေ့စ်ဘုတ် လူမှုကွန်ယက်နဲ့ ပုံမှန်ထိတွေ့ ဆွေးနွေးမှုတွေ ရှိနေတယ်လို့ IIMM ရဲ့အကြီးအကဲ Nicholas Koumjian က VOA ကို ပြောဆိုပါတယ်။ ဦးကျော်ဇံသာ VOA Studio မှာ တွေ့ဆုံမေးမြန်းထားပါတယ်။
အောက်တိုဘာ ၂၇၊ ၂၀၂၁ - ဖယ်ဒရယ်ဒီမိုကရေစီစနစ် ဖွဲ့စည်းရေး ရည်မှန်းချက်နဲ့ စတင်ထူထောင် ရပ်တည်လှုပ်ရှားလာခဲ့တဲ့ SNLD (ခေါ်) "ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်" ဟာ အခုအခါ ပါတီသက်တမ်း (၃၃) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ပေမဲ့ မျှော်မှန်းချက်ပန်းတိုင်နဲ့ ဝေးသထက်ဝေးနေသေးတယ်လို့ ပါတီဥက္ကဋ္ဌစိုင်းညွန့်လွင် က
အောက်တိုဘာ ၂၀၊ ၂၀၂၁ - တိုင်းရင်းသားတွေရဲ့ ပူးပေါင်းပါဝင်မှုက ဘယ်လို အခြေအနေရှိနေပါသလဲ၊ သူတို့ရဲ့ပူးပေါင်းပါဝင်မှုက ဘယ်လောက် အရေးပါပြီး ဘာဖြစ်လာနိုင်ပါသလဲ၊ မြန်မာနိုင်ငံ တိုင်းရင်းသားနိုင်ငံရေးရာ ကျွမ်းကျင်သူ ဦးမောင်မောင်စိုးနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်