ချင်းပြည်နယ် တီးတိန်မြို့နယ် Hriangzing ကျေးရွာအနီးအဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေပြီး လေကြောင်းအကူသုံး ပစ်ရတဲ့အထိ ပြင်းထန်ကြောင်း PDF တာဝန်ရှိသူတွေက ပြောပါတယ်။
စစ်အာဏာသိမ်းပြီးတဲ့နောက် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်တဲ့ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာရှိတဲ့ မီးရထားဝန်ထမ်း ၁၀၀ ကျော်ကို ဝန်ထမ်းအိမ်ယာကနေ ပြောင်းရွှေ့ပေးဖို့ မြို့နယ်မီးရထားတာဝန်ခံတွေက အသိပေးထားပါတယ်။
ရန်ကုန်တိုင်း စစ်အုပ်ချုပ်ရေးထုတ်ပြန်ထားတဲ့မြို့နယ်တွေမှာ စစ်ခုံရုံးကနေ နှစ်ရှည်ထောင်ဒဏ်ချထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရပ်ဝေးထောင်တွေဆီ စတင်ပြောင်းရွှေ့နေပါတယ်။ ရန်ကုန်အင်းစိန်အကျဉ်းထောင်က အကျဉ်းသား ၁၀၀ နီးပါးကို မန္တလေး အိုးဘိုအကျဉ်းထောင်အပါအဝင် နယ်ထောင်တွေကို ပြောင်းရွှေ့
ချင်းပြည်နယ် မင်းတပ်၊ မတူပီ၊ ဖလမ်းမြို့နယ်ဘက်မှာ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေး CDF အဖွဲ့တွေအကြား ဒီနေ့ ဇန်နဝါရီလ ၁၁ ရက်မှာ တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်ရေးတင်းမာနေတဲ့မတူပီမြို့နယ်ဘက်ကို စစ်ကောင်စီတပ်တွေ အင်အားထပ်ဖြည့်လာတယ်လို့လည်း CDF တာဝန်ရှိသူတွေဘက်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၁ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ၁၁ လအတွင်း စစ်ကောင်စီတပ်တွေရဲ့ လက်ချက်နဲ့ သေဆုံးသူ ချင်းလူမျိုး ၁၆၀ ကျော်တယ်လို့ ချင်းရေးရာအဖွဲ့ချုပ် Instituteof Chin Affairs(ICA) ကနေကြေညာချက် ထုတ်ပြန်ပါတယ်။
ချင်းပြည်နယ် ကန်ပက်လက်မြို့အခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင် အချင်းချင်းကြား မနေ့က ပစ်ခတ်မှုဖြစ်ခဲ့ပြီး အရာရှိ ၃ ဦး သေဆုံးသွားတယ်လို့ စစ်ကောင်စီဘက်က အတည်ပြုပါတယ်။ မတူပီမြို့နယ်အတွင်း စစ်တပ်က ဖမ်းဆီးသွားတဲ့ ရွာသားတွေအနက် ၁၀ ဦးရဲ့အလောင်းကို တွေ့ရတယ်လို့ ချင်းကာကွယ်ရေးအဖွဲ့ CDF က ပြောပါတယ်။
“မြေပြင်တိုက်ပွဲဖြစ်ပြီး ညသန်းခေါင်ကျော် ၁ နာရီမှာ စစ်လေယာဉ်များလာပြီးတော့ လယ်ထိဖိုးမှာပေါ့နော်။ ဂျက်တိုက်လေယာဉ်နှစ်စီး လာတယ်။ လာပြီးပစ်ခတ်သွားတယ်။ အိမ်ခြေကတော့ (၆) လုံး ပျက်စီးသွားတယ်လို့ သတင်းတင်ပြတာတွေရှိတယ်။” (တပ်မဟာ ၅ ပြောခွင့် ရ ဗိုလ်မှူးစောကလယ်ဒို)
“ဇန္နဝါရီ (၃) ရက်နေ့မှာ။ (၂) နာရီခွဲဝန်းကျင်လောက်ကနဲ့ ည (၁၁) နာရီဝန်းကျင်ထိပေါ့နော။ မီးလောင်တာပေါ့။ အဲဒီမှာ အိမ်အရေအတွက်က (၁၃၀) နီးပါး မီးလောင်တာပေါ့။ ရပ်ကွက်ကတော့ ဇီုမီးရပ်ကွက်နဲ့ ကျောင်း ရပ်ကွက်ပေါ့။ မနေ့က (၁) နာရီခွဲဝန်းကျင်လောက်က ကျည်ကလာတယ်။” (ထန်တလန် CDF ခေါင်းဆောင်တဦး)
၂၀၂၂ ခုနှစ် နှစ်သစ်ကူးကာလမှာ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုး ဒေသဘက်မှာ တနင်္ဂနွေနေ့က စစ်ကောင်စီတပ်နဲ့ ကချင်လက်နက်ကိုင် KIA အကြားမှာပါ တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။
“ကိုဝေယံဖြိုးမိုးက ဒီနေ့ ငြိမ်းစုစီ ၁၉ နဲ့က တလချလိုက်တယ်၊ ၅၀၅ (ခ)နဲ့က ၂ နှစ်ချလိုက်တယ်၊ အလုပ်နဲ့ထောင်ဒဏ် ၂ နှစ်ချလိုက်တယ်၊ ချုပ်ရက်ခံစားခွင့် မပေးပါဘူးရှင့်၊ ပေါင်း ၂ နှစ်နဲ့ ၁ လ ကျပါတယ်။” (ရှေ့နေ)
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တောင်ပိုင်း နတ်ချောင်းရွာမှာ စစ်ကောင်စီတပ်နဲ့ ကလေးနဲ့ချင်း ဒေသခံကာကွယ်ရေးပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားအပြီး နေအိမ်တချို့ မီးရှို့ခံရပါတယ်။
ဂျပန်အစိုးရရဲ့ ကျောထောက်နောက်ခံရှိတဲ့ Japan Myanmar Association ရဲ့ ဥက္ကဋ္ဌ Mr. Hideo Watanabe ဟာ မြန်မာ စစ်ခေါင်းဆောင်ဟောင်းတွေနဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့သလို အခုအာဏာသိမ်းထားတဲ့ စစ်ကောင်စီနဲ့လည်း ကောင်းမွန်နေတယ်လို့ ဂျပန်ရောက် မြန်မာအသိုင်းအဝန်းက ပြောပါတယ်။
မန္တလေးမှာ တရုတ်အွန်လိုင်းချက်တင် အက်ပ်ကိုသုံးပြီး တရုတ်နိုင်ငံနဲ့ တိုက်ရိုက်ဝယ်ရောင်းလုပ်နေကြတဲ့ အွန်လိုင်းကျောက်ဝယ်ရောင်း ၂ နေရာကို စစ်ကောင်စီတပ်က ဝင်ရောက်ဖမ်းဆီးရာမှာ တရုတ်လူမျိုးတွေအပါအဝင် မြန်မာပွဲစားအများစုပါတဲ့ လူ ၄၀၀ လောက် အဖမ်းခံထားရပါတယ်။
စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ် မင်းတပ်မြို့နယ်မှာ စစ်ကောင်စီနဲ့ ချင်းကာကွယ်ရေး CDF အဖွဲ့တို့ ဒီဇင်ဘာ ၁၉ ရက် တနင်္ဂနွေနေ့က ၂ နေရာ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ CDF အဖွဲ့တာဝန်ရှိသူတွေက ပြောပါတယ်။
မကွေးတိုင်း ဂန့်ဂေါခရိုင် နှမ်းခါးရွာကို စစ်ကောင်စီ ဝင်ရောက်စီးနင်း တိုက်ခိုက်တာကြောင့် ဘေးလွတ်ရာ တိမ်းရှောင်နေရတဲ့ စစ်ဘေးဒုက္ခသည်တွေ ထောင်နဲ့ချီ ရှိနေပါတယ်။
အာဏာသိမ်း စစ်ကောင်စီကို အမေရိကန် ထပ်အရေးယူဖို့ လုပ်ဆောင်၊ ထိုင်းနယ်စပ် လေးကေ့ကော်တဝိုက်မှာ စစ်ကောင်စီတပ်တွေနဲ့ ကေအန်ယူအပါ ပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ရက်ဆက်ဖြစ်၊ ဒီလိုတပတ်အတွင်း မြန်မာသတင်းတွေကို နန်းလောင်ဝ်နဲ့ ကိုသားညွန့်ဦးတို့ တင်ပြထားပါတယ်။
မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုတွေရပ်တန့်ပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်လာဖို့အတွက် မြန်မာစစ်တပ်ကို ဘယ်လို ထပ်ပြီး ဖိအားပေးနိုင်မလဲဆိုတာတွေ အမေရိကန်ပြည်ထောင်စုအနေနဲ့ဆန်းစစ်သုံးသပ်နေတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် မုံးကိုး၊ ဖောင်းဆိုင်ဒေသဘက်မှာ တနင်္လာနေ့က စစ်ကောင်စီတပ်က MNDAA ကိုးကန့်တပ်စခန်းတွေကို လေကြောင်းကပါ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တဲ့နောက် ဒီကနေ့မှာတော့ မုံးကိုးဘက်မှာ ငြိမ်သက်နေပြီး ဖောင်းဆိုင်ဘက်မှာတော့ ကြို့ကြား ပစ်ခတ်မှုတွေ ရှိနေပါတယ်။
ဒီဇင်ဘာ ၁၀ ရက်က တနိုင်ငံလုံးအသံတိတ်သပိတ်မှာ အကျဉ်းထောင်အတွင်းကနေ ပါဝင်ဆင်နွှဲခဲ့တဲ့အတွက် တိုက်ပိတ်အရေးယူခံထားရတဲ့ အကျဉ်းသား ၈၉ ဦးရှိပြီး အဲဒီအထဲကတချို့ဟာ ထောင်အာဏာပိုင်တွေရဲ့ ရိုက်နှက်မှုကြောင့် ဒဏ်ရာတွေ ပြင်းပြင်းထန်ထန်ရထားတယ်လို့ သူတို့ရဲ့ရှေ့နေတွေက ဗွီအိုအေကို ပြောပါတယ်။
လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေးအခြေအနေဟာ အကျပ်တည်းဆုံး အချိန်ကို ရောက်ရှိနေပြီး ပြည်သူတွေအပေါ် အကြမ်းဖက် နှိမ်နင်းမှုတွေဟာ တိုင်းပြည်အတွက် အဖြေမဟုတ်သလို စစ်ကောင်စီအတွက် ထွက်ပေါက်မဖြစ်နိုင်ကြောင်း NCA အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့က သတိပေး ပြောဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်