မကွေးတိုင်း မကွေးမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ လေတပ်စခန်းတခုဖြစ်တဲ့ မကွေးလေတပ်စခန်းဌာနချုပ် အတွင်းထဲမှာ ပစ်ခတ်သံတွေ အချိန်တော်တော်ကြာ ကြားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလူအုပ်ထဲကို စစ်တပ်က ကားနဲ့ အနောက်ကနေ ဝင်တိုက်ပြီး သေနတ်နဲ့ပစ်ခတ် အကြမ်းဖက် ဖြိုခွင်းလိုက်တာကြောင့် ၅ ဦးထက်မနည်း သေဆုံး၊ ၁၀ ဦးထက်မနည်း ဖမ်းဆီးခံရတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ချင်းပြည်နယ် ကန်ပက်လက်မြို့ စာသင်ကျောင်းမှာ မနေ့ကနဲ့ ဒီနေ့မနက် စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးအဖွဲ့ (CDF) တို့အကြား တိုက်ပွဲဖြစ်ပွါးခဲ့ပါတယ်။
ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ထူးလွီဘီလာကျေးရွာအတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီကြား တိုက်ပွဲဖြစ်ပြီးတဲ့နောက် ကျေးရွာကနေအိမ် ၇ လုံး ထက်မနည်း မီးရှို့ ဖျက်ဆီးခံရပါတယ်။
ရခိုင်ပြည်နယ်အတွင်း ဆယ်နှစ်ဝန်းကျင် အသွားအလာကန့်သတ်ခံထားရတဲ့ ရိုဟင်ဂျာတွေဟာ ပွင့်လင်းရာသီရောက်တိုင်း မလေးရှားနိုင်ငံဘက်ကို လှေစီးထွက်ပြေးလေ့ရှိကြပြီး နိုဝင်ဘာလ ၂၉ ရက်နေ့က လှေစီးပြေး ၂၂၈ ယောက်ကို ရေတပ်က ဖမ်းမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
ပွင့်လင်းရာသီမှာလုပ်ငန်းတွေပြန်စဖို့ အားယူနေတဲ့နယ်စပ်ကုန်သွယ်ရေးဟာ Omicron ကိုဗစ်မျိုးကွဲအသစ်ကြောင့် ပြန်ဖွင့်နိုင်ဖို့မရေရာဖြစ်နေပြီး အထူးသဖြင့် အိမ်နီးချင်းတရုတ်နိုင်ငံမှာ ကိုဗစ်မျိုးစိတ်သစ်ကို ကာကွယ်ရေးတွေစလုပ်နေတာကြောင့် နယ်စပ်ဂိတ်တွေ ပြန်ဖွင့်နိုင်ပါ့မလားလို့ စိုးရိမ်နေကြပါတယ်။
ဒီပဲယင်းမြို့နယ် အရှေ့ပိုင်း ညောင်လှကျေးရွာမှာ စစ်ကောင်စီတပ်တွေက နယ်မြေရှင်းလင်းရေး လုပ်နေရာမှာ လေကြောင်းကပါ ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ခရစ္စမတ်အကြို “Spirit of Christmas” လို့ နာမည်ပေးထားတဲ့ ဈေးပွဲတော်ကို လန်ဒန်မြို့မှာ ဒီလအစောပိုင်းက ကျင်းပခဲ့ပါတယ်။ ခရစ္စမတ် အသုံးအဆောင် လူကုံထံ အိမ်သုံးပစ္စည်းတွေနဲ့ အလှဆင်ပစ္စည်း မျိုးစုံကို ခင်းကျင်း ရောင်းချခဲ့တဲ့ ဒီဈေးပွဲတော်အကြောင်း အေပီသတင်းတပုဒ်ကို အခြေခံပြီး ကိုသားညွှန့်ဦးက တင်ပြထားပါတယ်။
တရုတ် မြန်မာနယ်စပ်မှာ လနဲ့ချီပိတ်ထားတဲ့ကုန်သွယ်ရေးဂိတ်တွေထဲက မူဆယ် ၁၀၅ မိုင်နားက ကျင်စန်းကျော့ဂိတ်ကိုအစမ်းပြန်ဖွင့်ပေးလိုက်ပေမယ့် ကုန်သေတ္တာကြီးတွေနဲ့သာ ပို့ရမယ့် တရုတ်ဘက်က စည်းကမ်းသစ်ကြောင့် ကွန်တိန်နာမသုံးနိုင်တဲ့ မြန်မာကုန်သည်တွေ အခက်တွေ့နေကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ကပ်ဘေးကြောင့် တနှစ်ခွဲကျော် ချမှတ်ထားတဲ့ ခရီးသွားလာမှုဆိုင်ရာ ကန့်သတ်ချက်တွေကို နိုဝင်ဘာ ၈ ရက် တနင်္လာနေ့က ပြန်လည် ဖြေလျှော့ပေးလိုက်ပါပြီ။ ကမ္ဘာတဝှမ်းက ခရီးသွားတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးပြီးသူတွေလာနိုင်ပါပြီ။ ကိုသားညွှန့်ဦး က တင်ပြပေးပါမယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် တယ်ပင်ကန်ကျေးရွာနားမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံ စုပေါင်းပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဒီနေ့ နိုဝင်ဘာ ၉ ရက်နေ့မှာ တိုက်ပွဲဖြစ်နေကြပါတယ်။
လက်ရှိမှာ အခက်အခဲ၊ အတားအဆီးတွေ ရှိနေပေမယ့်လည်း စစ်အာဏာရှင်စနစ်အောက်က အပြီးတိုင် လွတ်မြောက်ဖို့နဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်လာဖို့ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ပြောကြားလိုက်ပါတယ်။
နိုင်ငံခြားငွေကို သက်ဆိုင်ရာဘဏ်တွေမှာ စာရင်းမရှင်းဘဲ ဆက်ပြီးကိုင်ထားတဲ့ ပြည်တွင်းကုမ္ပဏီပေါင်း ၆၀၀ ကျော်ကို ရက်ပေါင်း ၃၀ အတွင်း စာရင်းမရှင်းရင်ရင် ပို့ကုန်/သွင်းကုန်ဆိုင်ရာ လုပ်ထုံးတွေ၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေအတိုင်း ဆက်ပြီးဆောင်ရွက်သွားမယ်လို့ ဗဟိုဘဏ်က သတိပေးထားပါတယ်။
“ထပ်မံအတည်ပြုလို့ရတဲ့စာရင်းတွေအရ ၄၆ ကြိမ် ရှိပါပြီ။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေသာ သွားလာလှုပ်ရှားနိုင်တဲ့ အချိန်တွေမှာပဲဖြစ်တာမို့လို့ ဘယ်သူတွေ အကြမ်းဖက်ဖျက်စီးနေတယ်ဆိုတာကို တိတိကျကျ ပြောဖို့ ခက်နေပေမဲ့ စစ်ကောင်စီရဲ့လုံခြုံရေးယူထားတယ်ဆိုသူတွေမှာပဲ တာဝန်ရှိပါတယ်လို့ ပြောချင်ပါတယ်။” (NLD ဗဟိုတာဝန်ရှိသူ)
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်သစ်အဖြစ် စင်္ကာပူနိုင်ငံက Ms. Noeleen Heyzer ကိုခန့်အပ်လိုက်တဲ့အတွက် စစ်ကောင်စီနဲ့ ဆက်ဆံတာမှာရော လူ့အခွင့်ရေးကိစ္စတွေ ကိုင်တွယ်တာမှာပါ အဆင်ပြေနိုင်တယ်လို့ လူ့အခွင့်အရေးဆောင်ရွက်သူတွေက ပြောပါတယ်။
အောက်တိုဘာ ၂၃ ရက်နေ့ ညပိုင်းက စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတဲ့ ၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ကိုဂျင်မီ ခေါ် ကိုကျော်မင်းယုရဲ့ အသက်အန္တရာယ်အတွက် အထူးစိုးရိမ်မိတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။
အောက်တိုဘာ ၂၄၊ ၂၀၂၁ - လာမယ့် အာဆီယံထိပ်သီးအစည်းအဝေးမှာ မြန်မာစစ်ခေါင်းဆောင်ကို ဖိတ်ကြာမှုမလုပ်ဖို့ အာဆီယံက ဆုံးဖြတ်လိုက်တဲ့နောက်၊ အာဆီယံနဲ့ မြန်မာအကြား သံတမန်ရေးတင်းမာမှု ရှိလာသလို အာဆီယံအတွက်လည်း ဖိအားတွေ အကျပ်အတည်းတွေ ကြုံနေရတယ်လို့ မြန်မာ့အရေးသုံးသပ်သူ ဦးရဲထွန်းက ပြောပါတယ်။
စစ်ကောင်စီ ဖမ်းဆီးထားသူများ လွှတ်ပေးတာ ပြန်လည်ဖမ်းဆီးတဲ့ အခြေအနေ၊ စက်မှုထိပ်သီးနိုင်ငံများ ဆွေးနွေးပွဲ မြန်မာကို မဖိတ်လို့ ပြောကြား၊ ဒီလို တပတ်အတွင်း မြန်မာသတင်းတွေကို မအေးသန္တာကျော်နဲ့ ကိုသားညွန့်ဦး စုစည်းတင်ပြထားပါတယ်။
UAE နိုင်ငံမြို့တော် ဒူဘိုင်းမှာ မြို့ပြ စိမ်းလန်းရေး အသားပေးတင်ပြတဲ့ စင်ကာပူ ၂၀၂၀ ကုန်စည်ပြပွဲ ကျင်းပနေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြောင့် တနှစ်ရွှေ့ဆိုင်းပြီး ဒီနှစ် အောက်တိုဘာ လစဆန်းမှာမှ ကျင်းပနိုင်တာ ဖြစ်ပါတယ်။ ဒီအကြောင်း အေပီသတင်းကို အခြေခံပြီး သားညွန့်ဦးက တင်ပြပေးပါမယ်။
PPST ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖွဲ့ ပြောခွင့်ရသူ ခွန်မြင့်ထွန်းကို ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။ မြန်မာ့အရေးဆွေးနွေးခန်းအစီအစဉ်မှာ နားဆင်နိုင်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်