အကြပ်အတည်းအချိန်မှာ သတင်းမှန်တွေ မပြတ်စီးဆင်းစေဖို့နဲ့ အထူးသဖြင့် ကုလအတွင်းရေးမှူးချုပ် တိုက်တွန်းနေသလို စစ်ပွဲတွေကို ယာယီရပ်ဆဲထားဖို့လိုတယ်လို့လည်း မြန်မာအာဏာပိုင်တွေကို ကုလ ကိုယ်စားလှယ် Ms. Yanghee Lee က တိုက်တွန်းပါတယ်။
နိုင်ငံတော်က လာမယ့် ၁၀ ရက် နေ့က စပြီး အခြေခံလူတန်းစားတွေကို ဆန်၊ဆီ ထောက်ပံ့မယ့်အစီအစဉ် အတွက် အခြေခံ ဝင်ငွေမရှိတဲ့ သူတွေစာရင်းကို တိုင်း နဲ့ ပြည်နယ် တွေမှာ ၂ရက်အတွင်း ကောက်ခံပြီး ဗဟိုအစိုးရဆီ ပို့ဖို့စီစဉ်ထားပါတယ်။
ပဲခူးတိုင်းထဲကို ထိုင်းနိုင်ငံဘက်ကနေ ပြန်လာတဲ့ လုပ်သားဦးရေဟာ နေ့စဉ် အယောက် ၂၀၀ နီးပါး ရှိနေတာကြောင့် ပြန်ဝင်လာတဲ့ သူတွေနဲ့ ကျန်းမာရေး ဝန်ထမ်း အချိုးအစား မမျှတတာ၊ စစ်ဆေးမယ့် ကျန်းမာရေး ပစ္စည်းမလောက်ငှတာတွေနဲ့ ကြုံနေရတဲ့အခြေအနေကို တင်ဆက်ပါမယ်။
မြန်မာနိုင်ငံတွင်းလာမယ့် နိုင်ငံခြားသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်လိုက်သလို မြန်မာလေဆိပ်တွေမှာ အဝင်အထွက် ခရီးသည်တင်နိုင်ငံတကာလေကြောင်းလိုင်းတွေကိုပါ ပိတ်လိုက်တာမို့ မြန်မာ့ခရီးသွားလုပ်ငန်း အတော်လေး ထိခိုက်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ရှိ၊ မရှိ ရှာဖွေနိုင်ငံမယ့် ရောဂါစမ်းသပ်ပစ္စည်း နောက်ထပ် အစုံ ၅၀,၀၀၀ ကို ကုလသမဂ္ဂကနေ မြန်မာနိုင်ငံကို ထောက်ပံ့ကူညီသွားဖို့ ရှိနေပါတယ်။ မြန်မာနိုင်ငံရဲ့ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် နိုင်ငံတကာရဲ့ ကူညီထောက်ပံ့မှုတွေနဲ့ ပတ်သက်လို့ တင်ဆက်ပါမယ်။
Covid-19 ကမ္ဘာ့ကပ်ရောဂါဆိုးကြီးဟာ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ငွေကြေးအရရော ကျွမ်းကျင်မှုအရပါ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းအားနည်းတာမို့လို့ ရောဂါကာကွယ်ရေးနဲ့ထိန်းချုပ်ရေးကို ပိုင်ပိုင်နိုင်နိုင်ဆောင်ရွက်နိုင်ပါ့မလား။ မေခ သတင်းထောက်မှတ်စု အစီအစဉ်မှာ တင်ဆက်ထားပါတယ်။
အကြောင်းအမျိုးမျိုးနဲ့ နိုင်ငံတွင်း ကျန်ရှိနေတဲ့ နိုင်ငံခြားသားတွေနဲ့ ပတ်သက်ပြီး တိကျတဲ့စနစ်တခုနဲ့ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုအပ်နေတဲ့အပြင် ရောဂါကာကွယ်မှုပိုင်းမှာ ရေရှည်ဆောင်ရွက်နိုင်မယ့် အစီအစဉ်တခုကို သေချာပြင်ဆင်ဖို့ လိုအပ်နေတယ်လို့ ထောက်ပြမှုတွေ ရှိနေပါတယ်။
COVID-19 ကပ်ရောဂါဟာ အတော်လေး ကူးစက်ပျံနှံလွယ်တယ်ဆိုပေမယ့် သက်ကြီးရွယ်အိုတွေနဲ့ ရောဂါအခံရှိသူတွေအတွက် ပိုပြီး အသက်အန္တရာယ်ကြီးပါတယ်။ ဒါကြောင့် ကိုရိုနာဗိုင်းရပ်ပိုး စတင်တွေ့နေတဲ့ မြန်မာနိုင်ငံမှာ ဒီလို သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ခံအားနည်းသူတွေကို ကူးစက်မှုမရှိအောင် ဘာတွေ ပြင်ဆင်နေကြပါသလဲ။
"လူနာနဲ့ပတ်သတ်တာတော့ တနလာနေ့မှာ ဖျားချင်သလိုဖြစ်တယ်။ ညီကတော့ဆေးရုံစောင့်တာပေါ့။ ဓါတ်ခွဲအဖြေသိရတော့မနက် ၆နာရီက ဘဲဝေဘာဂီကိုပို့လိုက်တယ်။ သူ့ညီကိုပါ အဲဒီကိုတခါထဲပို့လိုက်ပါတယ်။ မိသားစု ၇ယောက်ရှိပါတယ်။ ကျန်တဲ့သူတွေကိုတော့လက်ရှိစောင့်ကြည်ဖို့ ကျန်းမာရေးဌာနကလူတွေနဲ့ ညှိုပြီးလုပ်နေပါတယ်။ "
ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်းတွေ မဲခွဲတာဒီနေ့ပြီးဆုံးခဲ့ပါပြီ။၁၀ရက်ကျော်ကြာ အချိန်ယူ မဲခွဲဆုံးဖြတ်မှုရလဒ်အရ NLD က တင်သွင်းတဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမူကြမ်းတွေ မအောင်မမြင်ဖြစ်ခဲ့တယ်လို့ ဆိုရမှာပါ။
မြန်မာနိုင်ငံ အကျဉ်းထောင်များမှာ အကျဉ်းသားဦးရေ ထူထပ်နေတာက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖို့ အထူးစိုးရိမ်ရတဲ့အချက်ဖြစ်နေတာကို နိုင်ငံရေးအကျဉ်းသားများ ကူညီဆောင်ရွက်ရေးအသင်းဘက်က သတိ ပေးထားပါတယ်။
အေအေ ရက္ခိုင့် တပ်မတော်နဲ့ အစိုးရ တပ်မတော်ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ အကြောင်း သတင်းရေးသား လို့ အမှုဖွင့်ခံရတဲ့ ဧရာဝတီသတင်းဌာနနဲ့ ရိုက်တာသတင်းဌာနတို့ကို တပ်မတော်ဘက်က အမှုစွဲဆိုထားတာတွေကို ရုပ်သိမ်းလိုက်ပါတယ်။
ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက် ပျံ့နှံ့မှုရဲ့ ရိုက်ခတ်မှုကြောင့် မြန်မာ့စီးပွားရေး အပေါ် ထိခိုက်သက်ရောက်မှု နည်းစေဖို့ အစိုးရက ကူညီဆောင်ရွက်ပေးမယ့် အစီအစဉ်တချို့နဲ့ ပတ်သတ်လို့ နိုင်ငံတော်အတိုင်ပင်ခံ မနေ့က မိန့်ခွန်းမှာပြောဆိုခဲ့ပါတယ်။
နိုင်ငံတော်သမ္မတက လွတ်ငြိမ်းချမ်းသာခွင့်ပေးနိုင်ဖို့ ပြင်ဆင်ချက်ပါဝင်တဲ့ ပြင်ဆင်ချက် ၁၅ခုကျော်ကို မဲခွဲတာမှာ ဖွဲ့စည်းပုံသတ်မှတ်ချက်အရ ဘယ်တခုမှ ၇၅ ရာခိုင်နှုန်းမကျော်ခဲ့ပါဘူး။ ပြင်ဆင်ချက် ၁၅ ခုကျော်စလုံး ရှုံးနိမ့်ခဲ့တာပါ။
အင်တာနက်ကို တလွဲအသုံးချသူတွေ များလာတာမို့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေမှာ ဆိုရှယ်မီဒီယာရဲ့ ဘေးထွက်ဆိုးကျိုးတွေပိုကြုံလာရပါတယ်။ ကလေးငယ်တွေ ကြုံနေရတဲ့ ဆိုရှယ်မီဒီယာရဲ့ ဘေးထွက်ဆိုးကျိုး တွေကို ဘယ်လို တားဆီးပေးသင့်ပါလဲ။ သတင်းထောက်မှတ်စုအစီအစဉ်မှာ မေခ တင်ပြထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ်အရေး ရင်ဆိုင် လုပ်ဆောင်နေချိန်မှာ ကုန်ပစ္စည်းတွေကို ဈေးကစားတာနဲ့ မမှန်သတင်းဖြန့်တာတွေကို ပြင်းပြင်း ထန်ထန် အရေးယူမယ်လို့ အစိုးရကပြောပါတယ်။ အစိုးရအနေနဲ့ စနစ်တကျ စီမံဆောင်ရွက်နေတဲ့အတွက် လူထုအနေနဲ့ အစိုးရိမ် မလွန်ဖို့လည်း ပန်ကြားပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး မူကြမ်းတွေကို ပြည်ထောင်စုလွှတ်တော်မှာ အပြန်အလှန်တင်းတင်းမာမာ ဆွေးနွေးနေကြရာမှာ မတ်လ ၁၀ ရက်နေ့ မနက်ဖြန်မှာတော့ မဲခွဲမှုတွေ စတင်မှာဖြစ်ပြီး ဥပဒေကြမ်းအားလုံးမဲခွဲဖို့ အချိန် ၉ ရက်ကြာမယ်လို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှာကို စိုးရိမ်ပြီး စီးပွားရေးလုပ်ငန်းတွေ အခက်အခဲတွေ ကြုံလာရတဲ့အတွက် လုပ်ငန်းတွေ ရပ်တန့်မသွားအောင်နဲ့ အလုပ်လက်မဲ့ ပြဿနာ ပိုကြီးမလားအောင် ပံ့ပိုးဖို့နဲ့၊ ပြည်တွင်း ငွေလဲနှုန်း တည်ငြိမ်အောင် လုပ်ပေးဖို့ မြန်မာအစိုးရကို စီးပွားရေး လုပ်ငန်းရှင်တွေက တောင်းဆိုလိုက်ပါတယ်။
လွှတ်တော်တွင်း ဆွေးနွေးနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဒုတိယအကြိမ် ဥပဒေမူကြမ်းနဲ့ ပတ်သတ်ပြီး လာမယ့် မတ်လ ၁၀ ရက်နေ့မှာ မဲခွဲဆုံးဖြတ်သွားမယ်လို့ ပြည်ထောင်စုလွှတ်တော်နာယကက ဒီကနေ့ပြောပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်တဲ့ ဥပဒေမူကြမ်းအတွက် ပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးတာ ဒီကနေ့ဆို ၅ရက် ရှိလာပြီဖြစ်ပြီး အခုချိန် အထိတော့ အကျိတ်အနယ် ဆွေးနွေး နေကြဆဲပါ။
နောက်ထပ်ကြည့်ရှုရန်