ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ထဲမှာ သိမ်းဆည်းရမိ ခဲ့တဲ့ မူးယစ်ဆေးဝါးတွေနဲ့ မူးယစ်ဆေးထုတ်လုပ်ရာမှာ သုံးတဲ့ဆက်စပ် ပစ္စည်းတွေဟာ ကာလ တန်ဖိုးအားဖြင့် ကျပ်ငွေ ၃၈ ဘီလီယံ ကျော် တန်ကြောင်းနဲ့ ဒီ မူးယစ်ဆေးတွေကို ပိုင်ရှင်မဲ့ဖမ်းမိတာ ဖြစ်တဲ့အတွက် ဆက်လက် စစ်ဆေးနေတယ်လို့ တပ်မတော် ပြောခွင့်ရက ပြောပါတယ်။
တရုတ်နိုင်ငံကနေစတင်ပျံ့နှံ့လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် တရုတ်နိုင်ငံဘက်နဲ့ အသွားအလာတွေ ကန့်သတ် ထားရတာမို့ စီးပွားရေးကုန်သွယ်မှုပိုင်းအဓိက မှီခိုနေရတဲ့ မြန်မာနိုင်ငံအတွက် ဒီဒဏ်ကို အတော် လေးခံစား နေရပါတယ်။ သတင်းထောက်မှတ်စုအစီအစဉ်မှာ မေခ တင်ပြထားပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးဥပဒေကြမ်း စတင်ဆွေးနွေးတဲ့ ဒီနေ့မှာပဲ အာဏာရပါတီကိုယ်စားလှယ်တွေနဲ့ တပ်မတော်ကိုယ်စားလှယ်တွေအကြား ဆွေးနွေးချက်တွေက အပြန်အလှန်တင်းတင်းမာမာဖြစ်ခဲ့ပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ဒုတိယအကြိမ် ဥပဒေမူကြမ်းနဲ့ပတ်သက်လို့ ၁၀ ရက်အတွင်း အပြီးလုပ်ဆောင်မယ်လို့ ပြည်ထောင်စုလွှတ်တော်နာယကက ဒီကနေ့ပြောပါတယ်။
တပ်တွင်းထားရှိတဲ့ မဲရုံတွေကို တပ်ရင်းတပ်ဖွဲ့ပြင်ပ အဆင်ပြတဲ့ နေရာမှာ ထားဖို့ ဆိုတဲ့ ရွေးကောက်ပွဲကော်မရှင်ကပြင်ဆင် ဖို့ တင်သွင်းတဲ့ ပြင်ဆင်ချက်ကို ဒီ ကနေ့ ပြည်သူ့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။
ငြိမ်းချမ်းရေး၊ တရားမျှတရေးနဲ့ လူ့အခွင့်အရေးအတွက် လုပ်ဆောင်နေကြတဲ့ တိုင်းရင်းသူ အမျိုးသမီး ခေါင်းဆောင်တဦး၊ ရှေ့နေကြီးတဦးနဲ့ ကျောင်းသားသံချပ်အဖွဲ့တို့ကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ EU Schuman ဆု ချီးမြှင့်လိုက်ပါတယ်။ လေးကြိမ်မြောက်ပေးအပ်တဲ့ ဆုပေးပွဲအကြောင်း မမေခက သတင်းပေးပို့ထားပါတယ်။
ငြိမ်းချမ်းရေး၊ တရားမျှတရေးနဲ့ လူ့အခွင့် အရေးအတွက် လုပ်ဆောင်နေကြတဲ့ တိုင်းရင်းသူ အမျိုးသမီးခေါင်းဆောင် တဦး၊ ရှေ့နေကြီးတဦးနဲ့ ကျောင်းသားသံချပ်အဖွဲ့ တို့ကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ EU Schuman ဆု ချီးမြှင့်လိုက် ပါတယ်။
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းတခုကို ဒီကနေ့ ပြည်သူ့လွှတ်တော်မှာ တင်သွင်းလိုက်ပါတယ်။
နိုင်လွတ်လုံဥပဒေ လို့ အများ ခေါ်ဆိုနေကြတဲ့ - နိုင်ငံသားများ၏ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ်ပေးရေးဥပဒေ- ကို ပြင်ဆင်မယ့် ဥပဒေကြမ်းတရပ်ကို ပြည်သူ့လွှတ်တော် မှာတင်ပြဖို့စီစဉ်နေတယ်လို့ တရားစီရင်ရေးနဲ့ ဥပဒေရေးရာ ကော်မတီက ပြောပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေး ခိုလှုံခဲ့တဲ့ မွတ်ဆလင်ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး အစီစဉ် အောင်မြင်ဖို့ အတွက် လက်ခံရေး ပိုင်းဆိုင်ရာ လုပ်ငန်းစဉ်အချို့ကို ပြင်ဆင် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
မြန်မာနိုင်ငံထဲမှာ Coronavirus ပိုး ကူးစက်မှု သံသယနဲ့ စောင့်ကြည့်လူနာ ၉ ဦး ရှိခဲ့ပြီးတော့၊ အဲဒီထဲကမှ ရောဂါလက္ခဏာနဲ့ နောက်ကြောင်းအရ ရောဂါပိုး ကူးစက်ခံရတဲ့ သံသယရှိသူအဖြစ် နှစ်ဦးပဲ သတ်မှတ်ထားတယ် မြန်မာ ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။
လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် (ICOE) ရဲ့ အပြီးသတ်အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ကျူးလွန်မှုတွေ ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်တာမှာ စစ်ဘက် ဥပဒေအတိုင်းစစ်ခုံရုံနဲ့ စစ်ဆေးသွားဖို့ ရှိပြီး ဒီစစ်ဆေးမှုကို အများပြည်သူရှေ့မှာ ပွင့်လင်းမြင်သာမှုရှိရှိ လုပ်သွားမယ် လို့ တပ်မတော်ဘက်ကပြောဆို လိုက်ပါတယ်။
စစ်တပ်ရဲ့ အခန်းကဏ္ဍနဲ့ ပါဝင်မှုကို လျော့ချထားတဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပံပြင်ဆင်ရေးဥပဒေကြမ်းကို ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြည်ထောင်စုလွှတ်တော်ကို အာဏာရ NLD ဦးဆောင်ပြီး တင်သွင်းခဲ့ပါတယ်။ သတင်းထောက်မှတ်စုအစီအစဉ်မှာ မေခ တင်ပြထားပါတယ်။
ပုဒ်မ ၁၀၀ကျော် ပြင်ဆင်ထားတဲ့ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပေ ဒကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ကို ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီက ပြည်ထောင်စုလွှတ်တော်ထံ တင်သွင်းလိုက် ပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ၂၀၁၇ခုနှစ်က မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးမှာ လူမျိုးတုံး သတ်ဖြတ်မှုကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ICOE ရဲ့ အစီရင်ခံစာက အတိအကျ ပြောဆိုထားတဲ့အပေါ် မေးခွန်းထုတ်သူတွေ ရှိသလို အကောင်းဘက်က ရှုမြင်သူတွေလည်း ရှိကြပါတယ်။
အခြေခံပညာကျောင်းတွေ စာသင်ချိန် တလတိုးဖို့ ပညာရေးဝန်ကြီးဌာနက အမိန့် ထုတ်ပြန်လိုက်တာကြောင့် ဒါကိုကန့်ကွက်တဲ့ ဖဲကြိုးစိမ်း လှုပ်ရှားမှု အခုအခါ ပိုပြီးအရှိန်မြင့်လာနေပါတယ်။ ဒီလိုကန့်ကွက်မှုကို အာဏာပိုင်တွေက အရေးတယူဖြေရှင်းတာတွေ ဘယ်လောက် လုပ်ပေးပါသလဲ။ သတင်းထောက်မှတ်စုအစီအစဉ်မှာ မေခ တင်ပြထားပါတယ်။
မစ်ဆုံစီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းပေးဖို့ နဲ့ တရုတ်နိုင်ငံနဲ့လုပ်မယ့် စီမံကိန်းတွေအတွက် မြန်မာပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ချပြဖို့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။
မြစ်ဆုံစီမံကိန်းကို အပြီးတိုင် ရပ်ဆိုင်းပေးဖို့နဲ့ တရုတ်နိုင်ငံနဲ့လုပ်မယ့် စီမံကိန်းတွေအတွက် မြန်မာပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ချပြဖို့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ကန့်သတ် ပိတ်ပင်ခံနေရဆဲပဲလို့ မြန်မာ့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။ ၂၀၁၉ ခုနှစ်အတွင်းမှာ ဆန္ဒပြပွဲအများအပြား ရှိခဲ့ပေမယ့်လည်း ငြိမ်းစုစီဥပဒေလို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို အဟန့်အတားဖြစ်စေတဲ့ ဥပဒေတွေ ရှိနေသေးပါတယ်။
တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို ပစ်သတ်ခဲ့မှုနဲ့ သေဒဏ်ပေးခံထားရတဲ့ ကြည်လင်း နဲ့ အောင်ဝင်းဇော် တို့ရဲ့ အယူခံကို တရားလွှတ်တော် ချုပ်ရုံးက ပယ်ချလိုက်ပြီး အမှုမှာ အဓိက ပါဝင် ပတ်သက်ခဲ့သူတွေဖြစ်တဲ့ ဇေယျာဖြိုးနဲ့ အောင်ဝင်းထွန်းတို့အတွက် ပြစ်ဒဏ်တိုးမြှင့်ပေးဖို့ တရားလိုဘက်က တင် သွင်းတဲ့ အယူခံကိုပါ ပယ်ချခဲ့ပါတယ်။
နောက်ထပ်ကြည့်ရှုရန်