တိုက်ပွဲဖြစ်တဲ့ဒေသတွေ၊ အနီးအနားတွေက လူငယ်တွေကို AA အဖွဲ့နဲ့ ဆက်စပ်တယ် ဆိုတဲ့သံသယနဲ့ တပ်မတော်က ဖမ်းဆီး ထိန်းသိမ်းတာတွေ ပိုများလာတာကြောင့် လူငယ်တွေ နေရပ်စွန့်ခွာ တိမ်းရှောင်နေရ တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲတွေဖြစ်ပွားတဲ့ နှစ်လတာ ကာလအတွင်း အရပ်သား ၄ ဦး ထက်မနည်း သေဆုံးရပြီးဖြစ်သလို ထိခိုက်ဒဏ်ရာရသူ ၁၄ ဦးထိရှိပြီ လို့ စစ်တမ်းကောက်ယူထားတဲ့ ပစ်ခတ်တိုက်ခိုက်မှု စောင့်ကြည့်ရေး အရပ်ဘက် အဖွဲ့အစည်းတွေကပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ချင်းပြည်နယ်ပလက်ဝမြို့နယ်အတွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့AA တို့ကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး တိုက်ပွဲဖြစ်ပွါးရာဒေသက ကျေးရွာသားတွေ ထိခိုက်သေဆုံးတာတွေလည်း ရှိလာနေပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်က မြန်မာ နယ်ခြားစောင့် ရဲကင်းစခန်းတခုကို ဒီကနေ့မနက်ပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်ခံရတယ်လို့ တပ်မတော် ပြောရေးဆိုခွင့်ရှိသူတဦးက ဗွီအိုအေကို အတည်ပြုပြောဆိုပါတယ်။
ရခိုင်ပြည်နယ်အတွင်း မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့အကြား စစ်ရေးပဋိပက္ခအရှိန်မြင့်နေတဲ့ အခြေအနေကြောင့် တာဝန်က နုတ်ထွက်လိုတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးအရေအတွက် ပိုတိုးလာနေပါတယ်။
မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်မတော် AA တို့အကြား ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်မှာ ဒီကနေ့ တိုက်ပွဲဖြစ်ပြီး တပ်မတော် ဘက်က လေကြောင်းကနေပါ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ အဲဒီအခြေအနေကြောင့် ဒေသခံ ကျေးရွာသား တွေ အိုးအိမ်စွန့်ခွာပြီး ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့လည်း ပြောပါတယ်။
မြန်မာ့တပ်မတော်နဲ့ ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AA တို့အကြား ဒီကနေ့ တနင်္လာနေ့ ကျောက်တောမြို့နယ်ဘက်မှာ တိုက်ပွဲ ဖြစ်နေသလို ဘူးသီးတောင်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေဘက်မှာလည်း တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်အတွင်းမှာ ဗုဒ္ဓဟူးနေ့က မြန်မာ့တပ်မတော်နဲ့ ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲဖြစ်ပြီး AA ရဲ့ ယာယီစခန်းငယ်တခုကို သိမ်းဆည်းရမိတယ်ဆိုတဲ့ တပ်မတော်ရဲ့ထုတ်ပြန်ချက်ကို AA ဘက်က ငြင်းပါတယ်။
ရခိုင်ပြည်နယ်က စစ်ရေးပဋိပက္ခတွေနဲ့ပတ်သက်ပြီး မြန်မာ့တပ်မတော်နဲ့ ရခိုင်လူမျိုးစု လက်နက်ကိုင်အဖွဲ့ AA တို့ရဲ့ ပြောဆိုချက်တွေထဲမှာ ကွဲလွဲတာတွေ အတော်များများရှိနေပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လူမျိုးစုလက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲတွေဆက်ဖြစ် နေပြီး ဒေသခံရွာသားတွေ ဖမ်းဆီးခံရတာ၊ မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မနဲ့ တရားစွဲခံရတာတွေလည်း ရှိနေ ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ရခိုင်တပ်မတော် AA နဲ့ မြန်မာလုံခြုံရေး တပ်ဖွဲ့တွေကြား ရခိုင်ပြည်နယ် နဲ့ ချင်းပြည်နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ရှမ်းပြည်နယ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချင်းချင်းအကြား စစ်ရေးတင်းမာနေမှုကြောင့် ဒေသခံ ကျေးရွာသား (၂၀၀၀)ခန့် စစ်ဘေးတိမ်းရှောင်နေရတာပါ။
ရခိုင်ပြည်နယ်တွင်းမှာ မြန်မာ့တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA တို့အကြား နှစ်သစ်ကူးနေ့ကနေ ဒီကနေ့အထိ တိုက်ပွဲ တွေ ဆက်ဖြစ်နေဆဲပါ။
၂၀၁၉ နှစ်သစ်ကူးနေ့ဖြစ်တဲ့ ဒီနေ့မှာပဲ ရခိုင်ပြည်နယ် မြောက်ဦးမြို့အနီး ကားလမ်းမှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့ပြီး၊ အစိုးရတာဝန်ရှိသူတွေ လိုက်ပါလာတဲ့ ယာဉ်တန်း ထိခိုက်မှုရှိကြောင်းလည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။
ရခိုင်နဲ့ချင်းပြည်နယ်တွေဘက်မှာ တပ်မတော်နဲ့ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ AA တို့အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပါ တယ်။
စစ်ဌာနချုပ်နယ်မြေ ၅ ခုမှာ စစ်ဆင်ရေးအားလုံးကို ၄ လ ရပ်ဆိုင်းထားမယ်လို့ တပ်မတော်ဘက်က ကြေညာတာ သုံးရက်ရှိသွား ပြီဖြစ်ပေမယ့် အဲဒီလိုကြေညာထားတဲ့ထဲမှာပါတဲ့ နယ်မြေတချို့မှာ တိုက်ပွဲတွေဆက်ရှိနေသလို တိုက်ပွဲ တွေကနေ ထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည် အရေအတွက်လည်း ပိုတိုးလာနေပါတယ်။
ငြိမ်းချမ်းရေးအတွက် နိုင်ငံရေးနည်းအရအဖြေရှာသွားမယ်လို့ထုတ်ပြန်ထားကြပေမဲ့လဲ အခုလိုတိုက်ပွဲဖြစ်ပွါးနေတာဟာ နိုင်ငံရေးစားပွဲဝိုင်းမရောက်မှီ စစ်ရေးအရအသာစီးရယူမှုပေါ်လစီတခုလို့လဲနိုင်ငံ ရေး ပါတီခေါင်းဆောင်တွေကသုံးသပ်ထားပါတယ်။
ရခိုင်လက်နက်ကိုင်အဖွဲ့ AA နဲ့ မြန်မာ့တပ်မတော်တို့အကြား ရခိုင်ပြည်နယ်တွင်း တိုက်ပွဲတွေ အပြင်းအထန် ဆက်ဖြစ်နေသလို မြို့နယ်တချို့မှာ တပ်မတော်က လူဦးရေနဲ့ ခရီးသွားလာမှု စစ်ဆေးတာတွေလည်း ရှိနေပါတယ်။
ထောင်ဒဏ်နဲ့ ငွေဒဏ် ချမှတ်ခံထားရတဲ့ ကချင်တက်ကြွလှုပ်ရှားသူသုံးဦးကို ပြန်လွှတ်ပေးဖို့ ဒီကနေ့ မြစ်ကြီးနားမြို့ မှာ စုဝေးပြီးဆန္ဒပြတောင်းဆိုကြပါတယ်။
ကချင်ပြည်နယ် ခါကာဘိုရာဇီတောင်တန်းဒေသ ကျေးရွာအချို့မှာ သီးနှံစိုက်ခင်းတွေထဲ ကြွက်တွေ ဝင်ရောက်ဖျက်ဆီးခံရတာကြောင့် ဒေသတွင်း စားနပ်ရိက္ခာပြတ်လပ်ပြီး ဒေသခံတွေ အခက်ကြုံနေရပါတယ်။
နောက်ထပ်ကြည့်ရှုရန်