တရုတ်လုပ်ငန်းရှင်တဦးအသတ်ခံရတဲ့ကိစ္စနဲ့ပက်သက်ပြီး မြန်မာ-တရုတ်နယ်စပ် ရွှေလီမြို့ထဲမှာ သွားရောက် အလုပ် လုပ်ကိုင်နေကြတဲ့ မြန်မာအလုပ်သမားတွေကို ဒီရက်ပိုင်းအတွင်း တရုတ်အာဏာပိုင်တွေက ဖမ်းဆီးတာတွေ ပိုများလာပါတယ်။
မြန်မာအစိုးရက ထုတ်ပြန်လိုက်တဲ့ မြေလွတ်မြေလပ် မြေရိုင်းစီမံခန့်ခွဲမှု ဥပဒေကို ပြန်လည်ပယ်ဖျက်ပေးဖို့ ပဋိပက္ခ ဒေသတွင်း ကျေးရွာတွေကနေ ထွက်ပြေးတိမ်းရှောင်နေရတဲ့ တိုင်းရင်းသားဒုက္ခသည်တွေက တောင်းဆိုနေပါ တယ်။
ရှမ်းပြည်မြောက်ပိုင်းဒေသဖြစ်တဲ့ ဒီ ရက်ပိုင်း တိုက်ပွဲတွေအတွင်း အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေပြီး၊ ဒီလို အရပ်သားထိခိုက်မှုတွေအပေါ် လက်နက်ကိုင်အဖွဲ့အစည်းတွေကတော့ အပြန်အလှန် စွပ်စွဲ အပြစ်ဖို့နေပါတယ်။
ရှမ်းပြည်မြောက်ပိုင်းဒေသမှာ တိုက်ပွဲတွေဆက်ဖြစ်နေသလို စစ်ပြေးဒုက္ခသည်စခန်းက မီးဖွားပြီးစ အမျိုးသမီးတဦးနဲ့ မွေးကင်းစကလေးငယ်တဦးအပါအဝင် လူငါးဦးကို စစ်တပ်က ဖမ်းဆီးတဲ့ဖြစ်ရပ်တခုလည်းရှိထားပါတယ်။ တပ်မတော်က ဗိုလ်ကြီးအဆင့် အရာရှိတဦးကိုလည်း TNLA တအာင်းပလောင်တပ်ဖွဲ့က ဖမ်းဆီး စစ်ဆေးနေပါတယ်။
စစ်ရေးပဋိပက္ခတွေ တင်းမာနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ဒီရက်ပိုင်းအတွင်း တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ တွေကြား တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ဖြစ်ပွားနေတဲ့အတွက် အရပ်သားတွေ ထိခိုက်သေဆုံးမှုတွေ ရှိနေပါတယ်။
မြန်မာအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအကြား တစ်ဆို့နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး မြန်မာငြိမ်းချမ်းရေးကော်မရှင်အနေနဲ့တဖွဲ့ချင်းအလွတ်သဘောတွေ့ဆုံနေရာမှာ ဒီကနေ့မှာတော့ NCA အပစ်ရပ် KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ ထိုင်းနိုင်ငံအတွင်းတွေ့ဆုံဆွေးနွေးခဲ့ကြတာပါ။
မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြားတစ်ဆို့နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပိုင်းတွေမှာ ပြန်လည်ဆွေးနွေးဖို့အတွက် မြန်မာငြိမ်းချမ်းရေးကော်မရှင်နဲ့ NCA အပစ်ရပ် တောင်ပိုင်းရှမ်းပြည်တပ်မတော်နဲ့ ထိုင်းနိုင်ငံချင်းမိုင်မြို့ သောကြာနေ့မှာအလွတ်သဘောတွေ့ဆုံခဲ့ကြ ပါတယ်။
နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေး လက်ရှိလုပ်ငန်းစဉ်တွေမှာ အစိုးရ၊ တပ်မတော်နဲ့ RCSS/SSA တို့အကြား နားလည်မှု ကွဲလွဲနေတယ်ဆိုပြီး တရားဝင်နည်းလမ်းနဲ့ ဆက်သွားဖို့ ခက်လာတာကြောင့် သီးသန်းဆွေးနွေးသွားမယ်လို့ RCSS/SSA က ပြောပါတယ်။
KIA နဲ့ မြန်မာအစိုးရအကြား ရပ်တန့်နေတဲ့ ဆွေးနွေးပွဲတွေ ပြန်စဖို့ သဘောတူထားပေမဲ့ တိုက်ပွဲတွေ မကြာခဏဖြစ်ပွားမှု ဒေသခံတွေကို ဖမ်းဆီးမှုတွေ ရှိနေတာကြောင့် ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်အပေါ် အနှောင့်အယှက် အတားအဆီးတွေ ဖြစ်နေတဲ့အကြောင်း ကချင်ငြိမ်းချမ်းရေး အကျိုးတော် ဆောင်တွေကပြောပါတယ်။
တရုတ်- မြန်မာနှစ်နိုင်ငံနယ်စပ်မျဉ်းအတွင်း မူဆယ်မြို့နယ် မြန်မာဘက်ခြမ်းကနေ ဆင်ဖြူဈေးကော်မတီရုံး တည် ဆောက်တာကို တရုတ်နိုင်ငံလက်နက်ကိုင်တပ်ဖွဲ့ကနေ ဒီကနေ့ ဝင်ရောက်တားမြစ်ခဲ့ပါတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအတွက် အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွ့ဲတွေနဲ့ မြန်မာအစိုးရ၊ စစ်တပ် ထိပ်တန်းခေါင်းဆောင်တွေပါ တက်ရောက်ပြီး နေပြည်တော်မှာ ဆွေးနွေး နေချိန်မှာဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တချို့နဲ့ တိုက်ပွဲတွေလည်း ဖြစ်ပွားနေပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မင်းအောင်လှိုင်နဲ့ အပစ်ရပ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့(၁၀)ဖွဲ့ခေါင်းဆောင်တွေပါဝင်တက်ရောက်မဲ့ ထိပ်သီးအစည်းအဝေးကို ပုပ္ပားအစား နေပြည်တော်ကိုပြောင်းရွှေ့ကျင်းပသွားမှာဖြစ်ပါတယ်။
တိုင်းရင်းသားလူမျိုးများ တန်းတူရေးနဲ့ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ဘဝတလျှောက်လုံး တိုက်ပွဲဝင်ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့ မွန်အမျိုးသား ခေါင်းဆောင် ဝါရင့်နိုင်ငံရေးသမား နိုင်ငွေသိမ်းဟာ အောက်တိုဘာလ ၂ ရက် အင်္ဂါနေ့ညမှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွား ပါတယ်။
ချင်းနိုင်ငံရေးပါတီ သုံးပါတီပူးပေါင်းပြီး၊ ရှေ့လထဲမှာ ပါတီသစ်အဖြစ်နဲ့ ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင် နိုင်ဖို့ ပြင်ဆင်နေပါပြီ။ မတူကွဲပြားတဲ့ချင်းနိုင်ငံရေးပါတီတွေ ပေါင်းစည်းမှုဟာ၊ လာမယ့် ၂၀၂၀ ရွေးကောက် ပွဲကြရင် ချင်းပြည်နယ်မှာ ချင်းတိုင်းရင်းသားပါတီအနိုင်ရဖို့ မျေျာ်လင့်ချက်တွေ တိုးလာစေပါတယ်။
ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျော်နီမော်ကျေးရွာမှာ တိုင်းရင်းသားမဟုတ်တဲ့ မွတ်ဆလင်တွေကို ကမန်တိုင်းရင်း သားလူမျိုးအမည်ခံ နိုင်ငံသားစီစစ်ရေးကတ်တွေ ထုတ်ပေးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေထွက်နေပြီး ဒီကိစ္စ ပြန်လည်စီစစ်ဖို့နဲ့ မှားယွင်းထုတ်ပေးတဲ့ကိစ္စ ရုပ်သိမ်းပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းရေး ရခိုင်ပြည်နယ် လွှတ်တော်က မဲခွဲအတည်ပြုလိုက်ပါတယ်။
ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ထဲက မယ်လအူးကရင်ဒုက္ခသည်စခန်းမှာ မနေ့ညနေပိုင်းအချိန် မိုးသည်းထန် စွာရွာသွန်းပြီး မြေပြိုမှုကြောင့် ကလေးငယ်တဦးအပါအဝင် (၈)ဦးသေဆုံးပြီး (၁၁)ဦးဒဏ်ရာရရှိတယ်လို့ ဒုက္ခသည် ကော်မီတီတွေကပြောပါတယ်။
NCA အပစ်ရပ်လက်မှတ်မရေးထိုးနိုင်သေးတဲ့ ရခိုင်တပ်မတော် AA နဲ့ မြန်မာ့တပ်မတော်တို့အကြားတိုက်ပွဲ တွေ ကြောင့် အိန္ဒိယနိုင်ငံဘက်ခြမ်း မီဇိုရမ်ပြည်နယ်မှာ စစ်ဘေးတိမ်းရှောင်နေသူ ချင်းပြည်နယ်ပလက်ဝမြို့နယ်က ရွာသား (၃၀၀) လောက် ရှိပြီး သူတို့ကို နေရပ်ပြန်ဖို့ အိန္ဒိယ အစိုးရကနေတွန်းအားပေးနေပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့တွေရဲ့ NCA -s EAO Summit တတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံ အတွင်း (၄)ရက်တာကျင်းပရာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ရေး အပါအဝင် အဖွဲ့အတွင်းစုဖွဲ့မှုကိစ္စရပ်တွေကို ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့အဖွဲ့ခေါင်းဆောင်တွေကပြောပါတယ်။
မြန်မာအစိုးရနဲ့NCAလက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီဟာ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တပ်ပေါင်းစုကနေ နုတ်ထွက်ပြီး ဆက်စပ်အဖွဲ့အစည်း အဖြစ်သာပါဝင်သွားမယ် လို့ ပါတီထိပ်ပိုင်း ခေါင်းဆောင်တွေကပြောတယ်။
ရေချိုခရုရဲ့ မစင်ထဲက သန်ကောင်ပြားရောဂါပိုးကြောင့် ရခိုင်ပြည်နယ်အတွင်း မြို့နယ်တော်တော်များများမှာ ရောဂါ ကူးစက်ခံနေရပြီး လက်ရှိဦးရေ(၄၀၀)ကျော် ရောဂါကူးစက်ခံနေရတယ်လို့ ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်