စက်တင်ဘာ ၉၊ ၂၀၂၁ - မြန်မာ့ အရေးမှာ ကုလသမဂ္ဂ ပါဝင်လာတာဟာ အနှစ်(၃၀)ကျော် ရှိနေပြီဖြစ်ပေမယ့် ၊ စစ်အုပ်စုရဲ့ အကြမ်းဖက် အနိုင်ကျင့်မှုကို ဟန့်တားနိုင်စွမ်း မရှိသေးပါဘူး ။ ဒါကြောင့် ကုလသမဂ္ဂအနေနဲ့ လက်တွေ့ လုပ်ပြနိုင်ဖို့ အချိန်ရောက်နေပြီလို့ ဦးအောင်ခင်နဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြ ထားပါတယ်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)နဲ့ ၁၇/၁ တို့အရ စွဲဆိုခံထားရတဲ့ ဗွီအိုအေမြန်မာပိုင်း ဆောင်းပါးရှင် ဦးစည်သူအောင်မြင့်နဲ့ BBC Media Action "ခံစားကြည့်" အစီအစဉ်တင်ဆက်သူ မထက်ထက်ခိုင်တို့ကို မူလက စွဲဆိုထားတဲ့ မြို့နယ်တွေအပြင် မြို့နယ်သစ်တွေမှာလည်း အလားတူအမှုတွေနဲ့ ထပ်မံ စွဲဆိုလိုက်တယ်လို့ ရှေ့နေတွေရဲ့ ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်ကြီးစိုးတဲ့ အာဏာသိမ်းမှု အဆုံးမသတ် မချင်း ၊ အထူးသဖြင့် လူငယ်တွေရဲ့ အနာဂတ် ပျောက်ဆုံးနေရဦးမှာ ဖြစ်တယ်လို့ မကြာသေးခင်က နယ်သာလန်နိုင်ငံကို ရောက်ရှိပြီး ၊ ခိုလှုံခွင့် တောင်းခံထားသူ မအိနီတာမောင်က ပြောပါတယ်။
စက်တင်ဘာ ၅၊ ၂၀၂၁ - မြန်မာနိုင်ငံမှာ စစ်တပ်ကြီးစိုးတဲ့ အာဏာသိမ်းမှု အဆုံးမသတ်မချင်း၊ အထူးသဖြင့် လူငယ်တွေရဲ့ အနာဂတ် ပျောက်ဆုံးနေရဦးမှာ ဖြစ်တယ်လို့ မကြာသေးခင်က နယ်သာလန်နိုင်ငံ (Netherlands) ကို ရောက်ရှိပြီး ၊ ခိုလှုံခွင့်တောင်းခံထားသူ မအိနီတာမောင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ၇ လကျော်ကြာ ရှိလာချိန်မှာပဲ ပြည်တွင်းပြည်ပ အာဏာသိမ်းဆန့်ကျင်မှုတွေ ဆက်ရှိနေပြီး ဒေသတချို့မှာ စစ်ဘေးရှောင် ဒုက္ခသည်တွေ တိုးလာတဲ့အတွက် ဒါကို ကူညီထောက်ပံ့နိုင်ဖို့ အမေရိကန်ပြည်နယ်တချို့မှာ စနေနေ့က ရန်ပုံငွေရှာ ဈေးရောင်းပွဲတွေ လုပ်ခဲ့ပါတယ်။
မလေးရှားနိုင်ငံက တောင်ပေါ်ဒေသ လဖက်စိုက်တောင်သူတွေဟာ ကိုဗစ်ကာလအတွင်း ဘယ်လို ရုန်းကန် ရပ်တည်နေကြသလဲ ဆိုတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံဟာ အာကာသနည်းပညာမှာ ဘယ်လောက်ထိ တိုးတက်နေပြီလဲဆိုတာပြဖို့ နက္ခတ်တာရာ ပြတိုက်ကြီးတခု ရှန်ဟိုင်းမှာ ဖွင့်လှစ်လိုက်တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
စက်တင်ဘာ ၀၂၊ ၂၀၂၁ - မြန်မာ စစ်အုပ်စုဟာ သူတို့ စိတ်ကြိုက် လုပ်ခွင့်ရရင် ဥပဒေအတိုင်း လုပ်လေ့ရှိပါတယ်။ ဒါပေမဲ့ ဥပဒေအတိုင်း မလုပ်နိုင်ရင်တော့ အကြမ်းဖက် သတ်ဖြတ်တတ်ကြောင်း ဦးအောင်ခင်က ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းခဲ့တာ ၇ လနီးပါး ရှိလာချိန်ထိ ပြည်တွင်းရော၊ ပြည်ပမှာပါ မြန်မာ့အရေး လှုပ်ရှားမှုတွေ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စု မြို့ကြီးတချို့မှာဆိုရင်လည်း စနေနေ့က ရန်ပုံငွေရှာတဲ့ပွဲတွေ ကျင်းပခဲ့ကြပါတယ်။
အာဖဂန်နစ္စတန်ကနေ နိုင်ငံခြားတပ်ဖွဲ့တွေ ဆုတ်ခွာသွားတာနဲ့အမျှ အာဖဂန်နယ်စပ်က စစ်သည်သုံးပစ္စည်း မှောင်ခိုဈေးကွက်ရဲ့ အလားအလာ စိုးရိမ်ဖွယ် ဖြစ်လာရတဲ့အကြောင်းနဲ့ သဘာဝ အရင်းအမြစ်ရှားပါးတဲ့ စင်္ကာပူနိုင်ငံမှာ ရေဆိုးမြောင်းထဲက ရေကို နည်းပညာသုံးပြီး သောက်ရေသန့် ပြန်ထုတ်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
မြန်မာပြည်တွင်းနဲ့ ချိတ်ဆက်မယ့် ရထားလမ်းသစ်ဖွင့်ပွဲကို တရုတ်နိုင်ငံ လင်ချမ်းခရိုင် အာဏာပိုင်တွေက ဩဂုတ်လ ၂၅ ရက် နေ့လည်ပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းက နယ်စပ်ကုန်သွယ်ရေး မြို့တခုဖြစ်တဲ့ ချင်းရွှေဟော်ရဲ့ တဖက်ကမ်းမှာ ဒီရထားလမ်းသစ် ဖွင့်ပွဲကို ကျင်းပခဲ့တာပါ။
သြဂုတ် ၂၆၊ ၂၀၂၁ - ဦးသန်းရွှေလက်ထက် စစ်အစိုးရကို တရားဝင်အဖြစ် အသိအမှတ်ပြုလာအောင် အာဆီယံအသင်းက ကူညီခဲ့သလို ၊ အခုတခါ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကိုလည်း အာဆီယံက ကူညီလိမ့်ဦးမယ်လို့ သုံးသပ်ကြပုံကို ဦးအောင်ခင်က ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
သြဂုတ် ၁၉၊ ၂၀၂၁ - ကိုဗစ် ကပ်ရောဂါလှိုင်းနဲ့ ရင်ဆိုင်ရချိန်မှာ နိုင်ငံရေး ခေါင်းဆောင်မှုကောင်းဖို့ အလွန် အရေးကြီးကြောင်း ဦးအောင်ခင် နဲ့ ကိုဉာဏ်ဝင်းအောင်တို့က တင်ပြ ထားပါတယ်။
အင်ဒိုနီးရှားနိုင်ငံက အမျိုးသမီး ၂ ဦးဟာ စွန့်ပစ် ပလတ်စတစ်အမှိုက်ကနေ လမ်းခင်းအုတ်ခဲတွေအဖြစ် ဖန်တီးရောင်းချလာတဲ့အကြောင်းနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပလတ်စတစ် ရေသန့်ဗူးခွံအဟောင်းတွေကို တီရှပ်နဲ့အနွေးထည်လို အဝတ်အစားတွေ ဖန်တီးထုတ်လုပ်နေတဲ့အကြောင်း Amy Hybels ရဲ့သတင်းလွှာကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
သြဂုတ် ၁၂၊ ၂၀၂၁ - ရုရှား-မြန်မာ ဆက်ဆံရေးဟာ စစ်ရေး ဦးစားပေးတဲ့ ဆက်ဆံရေးသာဖြစ်ပေမယ့် တရုတ်- မြန်မာနဲ့ မြောက်ကိုရီယား ဆက်ဆံရေးကတော့ ရေရှည်တည်ငြိမ်မှု ဖြစ်နေပုံကို ဦးးအောင်ခင် နဲ့ ကိုဉာဏ်ဝင်းအောင် တို့က တင်ပြ ထားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို လုပ်ကြံဖို့ ကြံစည်တယ်ဆိုတဲ့ အမှုမှာ ထိုင်းနိုင်ငံမှာရှိတဲ့ လက်နက်ပွဲစား တဦးက နယူးယောက်မှာရှိတဲ့ မြန်မာနိုင်ငံသား ၂ ဦးကို ငွေပေး ခိုင်းစေခဲ့တာမျိုး စစ်ဆေးပေါ်ပေါက် ခဲ့တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။
တရုတ်နိုင်ငံကအသက် ၆၀၊ ၇၀ ကျော်အရွယ် ဖွားဖွားတွေရဲ့ ဘေဂျင်းမြို့လမ်းမပေါ်က ဖက်ရှင်လမ်းလျှောက်ပွဲ ဗီဒီယိုတွေကနေ ဝင်ငွေရနေတဲ့အကြောင်းနဲ့ပါကစ္စတန်နိုင်ငံမှာတော့ တူနဲ့ အသားခုတ် ဓါးမကြီးတွေ သုံးပြီး ၊ ခေါင်းပေါ် မီးနဲ့မှုတ် ညှပ်ပေးနေတဲ့ ဆံသဆိုင်တခုအတော်ကို အောင်မြင်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
သြဂုတ် ၅၊ ၂၀၂၁ - ရှေ့လမှာကျင်းပမယ့် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ကိုယ်စားလှယ်စာရင်းကို အတည်ပြုဖို့ ရှိပါတယ်။ ဒီနေရာမှာ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ စစ်ကောင်စီက တင်သွင်းတဲ့ ကိုယ်စားလှယ် - ဘယ်သူ့ကို အတည်ပြုမလဲဆိုတာ အဆုံးအဖြတ်ပေးရမှာပါ။
ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့စွန်မှာ သောကြာနေ့ညပိုင်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတချို့ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင်ပဋိပက္ခတွေ ပေါ်ပေါက်နေချိန် နယ်စပ်မြို့ဖြစ်တဲ့ မူဆယ်မှာ ဖြစ်ပွားတာပါ။
တိဘက်ဒေသအတွင်း တရုတ် ဗဟိုအစိုးရရဲ့ အိမ်ယာ စီမံကိန်းကြောင့် အိမ်ခြံမြေ ဈေးတက်လာပြီး ဒေသခံတိဘက်တွေ လက်လှမ်းမမှီနိုင်လို့ မြို့ပြင်ပြောင်းရွှေ့ကုန်ကြတဲ့အကြောင်းနဲ့ ဗီယက်နမ် ပြည်တွင်းထုတ် Vin-fast လျှပ်စစ်ကားတွေကို အမေရိကားနဲ့ ဥရောပဈေးကွက်မှာရောင်းချဖို့ ပြင်နေတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
၀၇-၂၉-၂၀၂၁ - မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ အာဏာသိမ်းတပ်တို့ ကွာခြားပုံကို ဦးအောင်ခင်နဲ့ ကိုဉာဏ်ဝင်းအောင်တို့က တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်