သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဗစ်ရောဂါနဲ့ အစိုးရပါဝင်မှု


COVID-19 တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂက ကူညီပံ့ပိုးပေးတဲ့ ရောဂါစမ်းသပ်ကိရိယာများ။ (ဓာတ်ပုံ - United Nations Myanmar)
COVID-19 တိုက်ဖျက်ရေးအတွက် ကုလသမဂ္ဂက ကူညီပံ့ပိုးပေးတဲ့ ရောဂါစမ်းသပ်ကိရိယာများ။ (ဓာတ်ပုံ - United Nations Myanmar)
ကိုဗစ်ရောဂါနဲ့ အစိုးရပါဝင်မှု
please wait

No media source currently available

0:00 0:05:30 0:00
တိုက်ရိုက် လင့်ခ်

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

ကိုဗစ်ရောဂါကြောင့် လူမှုစီးပွားရေးအဆောက်အအုံ ယိုယွင်းပျက်စီးလာတာကို ကိုင်တွယ်ရာမှာ အစိုးရပါဝင်တဲ့ အခန်းကဏ္ဍဟာ အလွန်အရေးကြီးကြောင်း အမေရိကန်၊ ကနေဒါ၊ အနောက်ဥရောပါ၊ ဂျပန်၊ နယူးဇီးလန် နဲ့ သြစတေးလျတို့ ပါဝင်တဲ့ OECD အဖွဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ကျျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ အလုပ်အကိုင် စတာတွေ မပျက်စီးအောင် ထိန်းသိမ်းထားနိုင်ဖို့အတွက် နိုင်ငံရေးခေါင်းဆောင်မှု ကောင်းမွန်ဖို့ လိုပါတယ်။ ဒါမှသာ တိုင်းသူပြည်သားများက အစိုးရကို ယုံကြည်လာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာပြည်မှာ နိုင်ငံရေးခေါင်းဆောင်မှု ကင်းမဲ့မှုများပါတယ်။

ကိုဗစ်ရောဂါနဲ့ ပတ်သက်တဲ့ ဆေးပညာရှင်၊ အတတ်ပညာရှင်နဲ့ ကျွမ်းကျင်သူတွေကို ရှေ့တန်းတင်ပြီး သူတို့အကြံဉာဏ်ကို နိုင်ငံခေါင်းဆောင်တွေ နားထောင်ကြပါတယ်။ ပညာရှင်တွေပါဝင်တဲ့ ကော်မတီတွေဟာ အစိုးရခေါင်းဆောင်ပိုင်းနဲ့ တိုက်ရိုက်ဆက်ဆံပြီး အလုပ်လုပ်ကြပါတယ်။ ခတွချပေးတဲ့ အစီအစဉ်ကို အစိုးရက အကောင်အထည်ဖော်ပါတယ်။ ဗြိတိန်မှာဆိုရင် သိပ္ပံအကြံပေးအဖွဲ့နဲ့ အစိုးရအဖွဲ့ဟာ အမြဲတမ်းပူးပေါင်းဆောင်ရွက်ပါတယ်။ ကိုဗစ်ရောဂါ အချက်အလက်တွေကို အစိုးရအဖွဲ့နဲ့ ဆွေးနွေးပြီး လက်တွေ့လုပ်ကိုင်ဖို့ ဆုံးဖြတ်ကြပါတယ်။

မြန်မာပြည်မှာ ကိုဗစ်ရောဂါ ဖြစ်ပွားမှုကို ၂၀၂၀ မတ်လ (၂၄) ရက်နေ့မှာ ပထမဦးဆုံးအကြိမ် သိရှိရပါတယ်။ အဲဒီအချိန်ကစပြီး ရောဂါကာကွယ်ရေး၊ စစ်ဆေးရေးနဲ့ ကုသရေး စတာတွေကို ပြင်ဆင်လာခဲ့ပါတယ်။ ကိုဗစ် ပထမနဲ့ ဒုတိယလှိုင်းကို ရင်ဆိုင်ရတဲ့ NLD အစိုးရဟာ ဆေးပညာရှင်တွေနဲ့ လက်တွဲပြီး ရောဂါကာကွယ်ရေးလုပ်ငန်းကို လုပ်ကိုင်ပါတယ်။ ကိုဗစ်တိုက်ဖျက်ရေးဌာနတွေနဲ့ ရိက္ခာထောက်ပံ့တဲ့ အလှူရှင်တွေ အများအပြား ပေါ်ထွက်လာပါတယ်။ ဆေးရုံက ဆရာဝန်နဲ့ သူနာပြုတွေဟာ မိမိတို့သဘောအလျောက် အိမ်မပြန်ဘဲ အလုပ်လုပ်ကြပါတယ်။ ပြည်သူ့ကျန်းမာရေးကို အစွမ်းကုန် စောင့်ရှောက်မယ်လို့ အစိုးရခေါင်းဆောင် ဒေါ်စုက ကတိပေးပါတယ်။ ပြည်သူက ရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူအစိုးရပီသစွာ ပြည်သူ့အကျိုးသယ်ပိုးနေတာကို ပြည်သူက ယုံကြည်ပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းမှုကြောင့် NLD အစိုးရရဲ့ ကိုဗစ်ကာကွယ်ရေး အစီအစဉ်တွေ ရပ်ဆိုင်းသွားရပါတယ်။

လူဦးရေ (၁၅) သန်းအတွက် အိန္ဒိယထုတ် ကိုဗစ်ကာကွယ်ဆေး အလုံးရေ သန်း (၃၀) ကို NLD အစိုးရ ဝယ်ယူထားတဲ့အနက် လက်ခံရရှိတဲ့ဆေးတွေကိ ဇန်နဝါရီလ (၂၇) ရက်နေ့ကစပြီး ထိုးပေးပါတယ်။ ဒါပေမဲ့ စစ်အာဏာသိမ်းမှုကြောင့် ကာကွယ်ဆေးထိုးရေးအစီအစဉ် ကသောင်းကနင်း ဖြစ်ကုန်ပါတယ်။ ဇူလိုင်လကရတဲ့ တရုတ်ဆေး (၃) သန်းနဲ့ သြဂုတ်လ (၈) ရက်နေ့ကရတဲ့ (၁) သန်းတို့ကို တိုင်းနဲ့ပြည်နယ်တွေမှာ ထိုးပေးနေကြောင်း သိရပါတယ်။ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေကို ဦးစားပေးအဖြစ် သတ်မှတ်ပြီး ဆေးထိုးပေးနေတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ကုမ္ပဏီအချို့ဟာ မိမိတို့ဘာသာအစီအစဉ်လုပ်ပြီး အမှုထမ်းတွေကို ကာကွယ်ဆေး ထိုးပေးကြောင်း သိရပါတယ်။

စစ်အာဏာမသိမ်းမီကတည်းက အမေရိကန်က ကိုဗစ်ကာကွယ်ရေး ရန်ပုံငွေ ဒေါ်လာသန်း (၂၀) ကျော် ထောက်ပံ့ပေးထားပါတယ်။ စစ်အာဏာသိမ်းတဲ့အခါ NLD အရပ်သားအစိုးရကိုပေးတဲ့ ဒေါ်လာသန်း (၄၀) ကျော်ကို အခြားအဖွဲ့အစည်းတွေကတဆင့် သုံးစွဲဖို့ လွှဲပြောင်းပေးလိုက်ပါတယ်။ အခုလည်း ဒေါ်လာသန်း (၅၀) ကျော်တန်တဲ့ ကူညီထောက်ပံ့မှုတွေကို ပြည်သူတွေဆီရောက်အောင် ကြားခံအဖွဲ့တွေကတဆင့် မျှဝေသွားမယ်လို့ ဆိုပါတယ်။ ရုရှားကတော့ စစ်ကောင်စီကို တိုက်ရိုက်ထောက်ပံ့ပါတယ်။ ကိုဗစ်ထိုးဆေးအလုံး (၇) သန်း စစ်ကောင်စီတောင်းတာကို (၂) သန်းပေးဖို့ ရုရှားက ကတိပြုပါတယ်။ တရုတ်ကိုဗစ်ဆေးလုံးရေ (၃) သန်းခွဲ ရရှိတဲ့အနက် (၁) သန်းကို စစ်ကောင်စီက ဝယ်ယူကြောင်း ဇူလိုင် (၂၄) ရက်ထုတ် ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။ စစ်ကောင်စီကိုလည်း ဒေါ်လာ (၆) သန်း ထောက်ပံ့ပါတယ်။

ခွင့်ပြုချက်မရဘဲ ကိုဗစ်ကာကွယ်ဆေး ထိုးပေးရင် အရေးယူမယ်လို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ပြောတာကို သြဂုတ်လ (၁၂) ရက်နေ့ထုတ် ဧရာဝတီသတင်းမှာ ဖော်ပြခဲ့ပါတယ်။ လောလောဆယ်တော့ ကိုဗစ်ကာကွယ်ရေးမှာ တရုတ်ကုန်သည်ကြီးများအသင်းက တရုတ်ဆေးတင်သွင်းခွင့်နဲ့ ဖြန့်ဖြူးခွင့်ကို ရရှိထားပြီး၊ SML ဆေးဝါးကုမ္ပဏီကတော့ အိန္ဒိယဆေး တင်သွင်းခွင့်နဲ့ ဖြန့်ဖြူးခွင့်တွေ ရထားကြပါတယ်။ တရုတ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးရင် ကျပ်ငါးသောင်း ကုန်ကျမယ်လို့ တရုတ်ကုန်သည်များအသင်းက ကြေညာထားတာကိုလည်း ဧရာဝတီသတင်းမှာ ဖော်ပြပါတယ်။

အာဆီယံရဲ့ ကိုဗစ်ရန်ပုံငွေထဲက ရသမျှတောင်းယူဖို့ကိုလည်း တပ်ချုပ်မင်းအောင်လှိုင်က ညွှန်ကြားထားပါတယ်။ ဒါပေမဲ့ အာဏာမသိမ်းမီမှာ IMF နိုင်ငံတကာငွေကြေးအဖွဲ့က လှူထားတဲ့ ကိုဗစ်အလှူငွေ ဒေါ်လာသန်း (၃၅၀) ကတော့ စာရင်းပျောက်နေတယ်လို့ ကုလသမဂ္ဂဝန်ထမ်း Tom Andrews က ထောက်ပြပါတယ်။ အာဏာသိမ်းတပ်နဲ့ ကင်းဝေးတဲ့ 'ဝ' ဒေသမှာတော့ မေလမှာတကြိမ်၊ ဇွန်လမှာတကြိမ် ဒေသခံပြည်သူအားလုံးကို တရုတ်အစိုးရ အကူအညီနဲ့ ကိုဗစ်ကာကွယ်ဆေး (၂) ကြိမ် ထိုးပေးနိုင်ပါတယ်။ မြန်မာပြည်တပြည်လုံးကို ခြုံကြည့်ရင်တော့ ဇန်နဝါရီလကနေ ဇွန်လအထိ (၆) လအတွင်းမှာ လူဦးရေရဲ့ (၃) ရာခိုင်နှုန်းကျော်ကိုသာ ကိုဗစ်ကာကွယ်ဆေး ထိုးပေးနိုင်ခဲ့ကြောင်း သိရပါတယ်။

==Unicode==









XS
SM
MD
LG