မြန်မာနိုင်ငံတွင်း လက်ရှိရင်ဆိုင်နေရတဲ့ ကိုဗစ်တတိယလှိုင်းကြောင့် နေ့စဉ်နဲ့အမျှ လူသေဆုံးမှု များလာနေတဲ့အတွက် မြန်မာပြည်သူတွေလွတ်လပ်စွာ ဆေးကုသခွင့်ရဖို့နဲ့ ကျန်းမာရေးစောင့်ရှောက်မှု ရနိုင်ဖို့ နိုင်ငံတကာက အကူအညီပေးဖို့ ဆေးနဲ့ဆေးနှီးနွယ်တက္ကသိုလ် (၁၆)ခုက ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
ကမ္ဘာပေါ်မှာပုံနှိပ်သတင်းစာတွေ ပြိုလဲနေချိန် အိန္ဒိယရဲ့သက်တမ်းအရင့်ဆုံး Mumbai Samachar သတင်းစာကြီး အောင်မြင်စွာထုတ်ဝေနေတဲ့အကြောင်းနဲ့ အာဖဂန်မှာသဘောထား တင်းမာတဲ့ တာလီဘန်တွေသာအာဏာပြန်ရလာခဲ့ရင်သူတို့တားမြစ်ခဲ့ဖူးတဲ့လုပ်ငန်းတွေနောက်တခါပိတ်ပင်ခံရမှာကို စိုးရိမ်နေကြတဲ့အကြောင်းကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
ဇူလိုင် ၂၂၊ ၂၀၂၁ - မြန်မာပြည်ဟာ စစ်လက်နက် ကြီးငယ်တွေ ရောင်းဝယ်တဲ့ ဈေးကွက်ကြီး ဖြစ်နေတာ ကြာလှပါပြီ ။ ဒီအကြောင်း ဦးအောင်ခင်က ရေးသားပြီး ၊ ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ဆက် ထားပါတယ်။
မြန်မာနိုင်ငံ လက်ရှိရင်ဆိုင်နေရတဲ့ ကိုဗစ် ကူးစက်သေဆုံးမှု အခြေအနေဟာ နောက်သီတင်းပတ်တွေအထိ စိုးရိမ်ဖွယ် အခြေအနေမှာ ဆက်ရှိနေဦးမယ် ကူးစက်ရောဂါအထူးကု ပညာရှင်တချို့က သုံးသပ်ပါတယ်။
ကျောင်းသားလှုပ်ရှားမှုသမိုင်းမှာ အထင်ကရပုဂ္ဂိုလ်ဖြစ်တဲ့ ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေ အသက် ၈၅ နှစ်အရွယ်မှာ ကွယ်လွန်အနိစ္စ ရောက်သွားတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။
ဇူလိုင် ၁၅၊ ၂၀၂၁ - မြန်မာပြည်မှာ ဘိန်းနဲ့ဘိန်းဖြူစားသုံးမှု ရှိနေသေးပေမယ့် ဓါတုဆေးဝါး စားသုံးမှုကို ပိုပြီးလူကြိုက်များလာပုံရကြောင်း ဦးအောင်ခင်နဲ့ ကိုဉာဏ်ဝင်းအောင်တို့က သုံးသပ်တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတာ ၅ လကျော်ကြာ ရှိလာချိန်မှာပဲ ပြည်တွင်းပြည်ပမှာ ဆန့်ကျင် ဆန္ဒပြမှုတွေ ဆက်ရှိနေပါတယ်။
ကိုဗစ်ကူးစက်မှု ပြန်တိုးနေတဲ့ကြားက ကျင်းပမယ့် တိုကျိုအိုလံပစ်ပွဲကို ရပ်နားထားဖို့ ဆန့်ကျင်ဆန္ဒပြမှုတွေနဲ့ နီပေါနိုင်ငံမှာတော့ ကိုဗစ် ကန့်သတ် တားမြစ်ချက်တွေကြောင့် ဟိမဝန္တာ တောင်တက်သမားတွေ အလာနည်းသွားတဲ့အတွက် ဒေသခံဧည့်လမ်းညွှန်တွေ အလုပ်လုပ်မဲ့ ဖြစ်နေရတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ဇူလိုင် ၈၊ ၂၀၂၁ - စစ်အာဏာသိမ်းမှုကြောင့် နယ်စပ်ရာဇဝတ်ဂိုဏ်းတွေ ကြီးထွားလာပုံကို ဦးအောင်ခင်နဲ့ ကိုဉာဏ်ဝင်းအောင်တို့က တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရသူတွေထဲမှာ ဥပဒေ အကျိုးဆောင်တွေလည်း ပါဝင်နေတဲ့အတွက် မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ စိုးရိမ်စရာ ကောင်းလာနေပြီလို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ စိုးရိမ်နေကြောင်း သတိပေး ပြောဆိုနေကြပါတယ်။
VOA to Asai ဌာနရဲ့ စီးပွားရေး ကဏ္ဍမှာတော့ ကိုဗစ်ကပ်ရောဂါ စိုးရိမ်နေရတဲ့ကြားကပဲ တိုကျိုအိုလံပစ်ပွဲကို အောင်မြင်စွာကျင်းပနိုင်ဖို့ ပြင်ဆင်နေတဲ့အကြောင်းနဲ့ အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကူးစက်မှု အနည်းငယ်လျော့သွားလို့ ဈေးဆိုင်တွေ ပြန်စည်ကားလာတဲ့အကြောင်း Josh Nist ရဲ့သတင်းလွှာကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ဇူလိုင် ၁၊ ၂၀၂၁ - အမိန့် နာခံတတ်တဲ့ စစ်သားနဲ့ တီထွင်ကြံဆတဲ့ အရပ်သားတို့ မြန်မာပြည်မှာ အွန်လိုင်း-စစ်ပွဲ ဆင်နွှဲကြပုံကို ဦးအောင်ခင်နဲ့ ကိုဉာဏ်ဝင်းအောင် တို့က အခုလို တင်ပြထားကြပါတယ်။
အိန္ဒိယနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ထိုးနှံခွင့် ရဖို့ဆိုရင် အွန်လိုင်းကတဆင့် မှတ်ပုံတင် စာရင်းသွင်းရမယ်ဆိုတဲ့ အစီအစဉ်ကြောင့် အထူးသဖြင့် အင်တာနက်မရှိ၊ စမတ်ဖုန်း မသုံးနိုင်တဲ့ ကျေးလက်က ပြည်သူအများအပြား ကိုဗစ်ဆေး ထိုးခွင့်ရဖို့ အခက်ကြုံနေရပါတယ်။ Anjana Pasricha ရဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။
ကိုဗစ်ကပ်ရောဂါ ကူးစက်သူတွေ တိုးနေတဲ့ ရခိုင်ပြည်နယ်မှာ စာသင်ကျောင်းတွေနဲ့ ဘဏ်တွေမှာပါ ကူးစက်သူတွေရှိနေပါတယ်။ ကိုဗစ်ကြောင့် သေဆုံးသူတွေ ရှိနေပေမဲ့လဲ ရခိုင်ပြည်နယ်အတွင်း ပြည်သူလူထုကြား နှာခေါင်းစည်း အကာကွယ် မတပ်တာလို ကိုဗစ်စည်းကမ်းချက်တွေကို သိပ်ပြီး အလေးထားကြသေး ပါဘူး။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတာ ၅ လနီးပါး ရှိလာချိန်မှာပဲ မြန်မာနိုင်ငံတွင်း အပြောင်းအလဲတွေ ဖြစ်လာစေဖို့ ရည်ရွယ်ပြီး အမေရိကန်၊ ကနေဒါ အပါအဝင် ပြည်ပရောက် မြန်မာနိုင်ငံသားတွေက ဇွန်လ ၂၆ ရက် စနေနေ့မှာ လူသားချင်းစာနာမှု အကူအညီပေးနိုင်ရေး ရန်ပုံငွေရှာတဲ့ပွဲတွေ ကျင်းပကြပါတယ်။
ပါကစ္စတန်နိုင်ငံဟာ သူ ရည်မှန်းထားတဲ့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ရောက်အောင် ရှေ့နှစ်မှာ တိုင်းပြည်ဘတ်ဂျက်ကို ၃ ဆတိုး သုံးစွဲမယ့်အကြောင်းနဲ့ တရုတ်နိုင်ငံမှာ စွန့်စားရတာကို ကြိုက်သူတွေ မီတာ ၆၀၀ ကျော်မြင့်တဲ့ မျှော်စင်ပေါ် လမ်းလျှောက်နိုင်တဲ့အကြောင်း Josh Nist သတင်းလွှာကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
ဇွန် ၂၄၊ ၂၀၂၁ - R2P လို့ ခေါ်တဲ့ တိုင်းသူပြည်သားကို ကာကွယ်ရမယ့် တာဝန်ဟာ ဒေသခံ အစိုးရရဲ့ တာဝန် ဖြစ်ပါတယ်။ ဒီတာဝန်ကို ဒေသခံအစိုးရက ပျက်ကွက်တဲ့အခါမှာ အပြည်ပြည်ဆိုင်ရာက စွက်ဖက်ဖို့ တာဝန်ရှိလာပုံကို ဦးအောင်ခင်က ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ရုရှားမှာ ကျင်းပနေတဲ့ နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ညီလာခံကို သွားတက်တဲ့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရုရှားခရီးစဉ်ဟာ နိုင်ငံတကာ ပိတ်ဆို့မှုတွေကြားက စစ်လက်နက်ပစ္စည်းတွေ ဆက်လက်ရရှိစေဖို့နဲ့ သံတမန်ရေးအရရည်ရွယ်တဲ့ ခရီးစဉ်အဖြစ် ရှုမြင်ကြောင်း နိုင်ငံရေးအကဲခတ် တချို့က သုံးသပ်ကြပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ကျွန်စနစ်ကို အဆုံးသတ်စေခဲ့တဲ့ Juneteenth နေ့ကို တနိုင်ငံလုံးရဲ့ အများပြည်သူ အားလပ်ရက်အဖြစ် သမ္မတဂျိုးဘိုင်ဒန်က ဥပဒေပြဌာန်း အတည်ပြုလိုက်ပြီးနောက် ဝါရှင်တန်ဒီစီမြို့တော်မှာ ပြည်သူတချို့ အောင်ပွဲခံ ပျော်ရွှင်ခဲ့ကြပါတယ်။ Saqib Ul Islam ရဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
ဇွန်လ ၁၉ ရက် စနေနေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်မြောက် မွေးနေ့အဖြစ် ပြည်တွင်း ပြည်ပ နိုင်ငံအတော်များများမှာ ပန်းသပိတ် ဆင်နွှဲခဲ့ကြပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးခံနေရသူ အားလုံး ပြန်လည်လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်