လက်ရှိအခြေအနေကို ကြည့်ရင် တပ်မတော်နဲ့ ရွေးကောက်ခံ အစိုးရဘက်က NCA စာချုပ်အတိုင်း သွားမယ်၊ အခြား နည်းလမ်း မစဉ်းစားဘူး ဆိုတဲ့ သဘောမျိုး သက်ရောက်နေပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပြန်လာမယ့်သူတွေကို လက်ခံကျွေးမွေးဖို့ မဆိုထားနဲ့ဦး၊ လက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ထွက်မပြေးပဲ ကျန်နေခဲ့သူတွေကို ကျွေးရမွေးရ စောင့်ရှောက်ရမယ့် အတွက်ကိုပဲ ကုန်ကျစားရိတ် အလွန်ကြီးကြီးမားမား ရှိနေတယ် ဆိုတာ ခန့်မှန်းနိုင်ပါတယ်။
နောက်ပြသနာ တစ်ခုက ကားတင်သွင်းခွင့် ပေးတဲ့ ပုံစံ ဖြစ်ပါတယ်။ လက်ရှိ အစိုးရကနေ ပြည်သူတွေကို ကားတင်သွင်းခွင့် ပေးနေတာဟာ ပြည်သူတစ်ဦးချင်း တစ်ယောက်ချင်းစီကို ကားတင်သွင်း ခွင့်ပြုမိန့် ချပေးနေတဲ့ ပုံစံ ဖြစ်နေပါတယ်။ ပြည်သူတစ်ယောက်ဟာ နိုင်ငံခြားက ကားတစ်စီးကို ကိုယ့်ဆီအရောက် လုပ်ငန်း အဆင့်ပေါင်းများစွာ ဖြတ်ကျော်ပြီး ဝယ်ယူရမယ် ဆိုတဲ့ သဘောဖြစ်ပါတယ်။
လက်ရှိ အမေရိကန်၊ ဗြိတိန် သံတမန်တွေ ပြောဆိုနေသလို၊ မြန်မာ့တပ်မတော် နဲ့ စစ်ခေါင်းဆောင်တွေ အပေါ် ပစ်မှတ်ထား အရေးယူ ဒဏ်ခတ် ပိတ်ဆို့တာတွေ လုပ်လာခဲ့ရင် တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေဟာ ကောင်းတဲ့ဘက်ကို ရောက်မလာပဲ အခြားတစ်ဖက်စွန်းကို ရောက်သွားနိုင်တဲ့ အနေအထားမျိုး ကြုံကောင်းကြုံရနိုင်ပါတယ်။
လက်ရှိပြသနာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ပြောနေကြတာဟာ ARSA အကြမ်းဖက် အဖွဲ့ကို မြန်မာ့တပ်မတော်က တိုက်ခိုက် ချေမှုန်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ ARSA အကြမ်းဖက် အဖွဲ့ကို တိုက်ခိုက်ရာမှာ တပ်မတော်အနေနဲ့ လိုအပ်ရင်၊ ဘယ်နိုင်ငံက လုံခြုံရေး အဖွဲ့အစည်းတွေနဲ့မဆို ပူးပေါင်းဆောင်ရွက်လို့တောင် ရနိုင်ပါသေးတယ်။ လက်ရှိ နိုင်ငံတကာက ပြောနေတာဟာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်နေကြတဲ့ ရခိုင်ပြည်နယ်က မူဆလင်တွေ အသက်လုပြီး ဘင်္ဂလားဒေ့ရှ်ဘက် သိန်းနဲ့ချီ ထွက်ပြေးသွားတဲ့ကိစ္စ၊ သူတို့နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ကိစ္စ၊ လူ့အခွင့်အရေး မရပဲ ဖိနှိပ်ခံနေရတဲ့ ကိစ္စ စတာတွေပဲ ဖြစ်ပါတယ်။ ဒီကိစ္စကို အကောင်းဆုံး ဖြေရှင်းဖို့ပါ။
ရဲတပ်ဖွဲ့ဟာ လူအုပ်ကြီးနဲ့ ပြည်သူလူထုကို ဒီအဖွဲ့ကြီးဟာ မှန်မှန်ကန်ကန် သတင်းလာယူတာပါလို့ အသေအခြာ ရှင်းပြတာမျိုး၊ လူအုပ်ကြီးထဲက မမှန်မကန်ပြောဆိုပြီး လူစုလူဝေး ဖြစ်ပေါ်အောင်၊ ရန်မူကာနီး ဖြစ်အောင် လှုံ့ဆော်သူတွေ၊ အကြမ်းဖက်မှု ဖြစ်အောင် သွေးထိုးသူတွေကို အရေးယူတာမျိုး ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး။
မောင်တောခရိုင်ဘက် နေအိမ်မီးရှို့မှုတွေနဲ့ ပတ်သက်ပြီး ကျူးလွန်သူတွေကို သက်သေ အထောက်အထားနဲ့ ဖော်ထုတ် ဖမ်းဆီးနိုင်တယ် ဆိုတာ မရှိသလောက် ရှားပါတယ်။
၂၀၁၆ အောက်တိုဘာ အကြမ်းဖက်မှု ဖြစ်စဉ်အပြီးနောက်ပိုင်း ရခိုင်ပြည်နယ်မြောက်ပိုင်းက လူများစု မူဆလင်တွေရဲ့ အခြေအနေဟာ လွတ်လပ်မှု မရှိရုံမက စီးပွားရေးအရပါ နလံမထူနိုင်တဲ့ အခြေအနေ ရောက်သွားခဲ့တယ်ဆိုရင် မမှားပါဘူး။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ၁၉၈၂ နိုင်ငံသား ဥပဒေဟာ တည်ဆဲဥပဒေဖြစ်လို့ အဲဒီ ဥပဒေနဲ့အညီပဲ လုပ်ရမယ်လို့ ပြောဆိုခဲ့ပါတယ်။
တကယ့်ပြသနာကြီးက အဲဒီ အမှုတွဲကြီးကို ရဲတပ်ဖွဲ့က ဝိရီယ စိုက်ထုတ်ပြီး အသေအခြာ ဖော်ထုတ်နိုင်ခြင်း မရှိခဲ့တာပါပဲ။ တကယ်လို့သာ အဲဒီထဲက တစ်ယောက် လှော်ကားမှာ သူ့ဖာသာသူ သီးသန့် အကြမ်းဖက် လုယက်မှု မကျူးလွန်ခဲ့ရင်၊ ကျူးလွန်ပေမယ့် ရဲက ဖမ်းမမိခဲ့ရင်၊ ဖမ်းမိတဲ့တိုင် ပြည်လမ်းမှာ ကားနဲ့ ဓားပြတိုက်တာကို ဝန်မခံခဲ့ရင် အခုအမှုတွဲကြီး တစ်ခုလုံး ဖမ်းမိသေးမှာ မဟုတ်ပဲ ဓားပြအဖွဲ့ဟာ ဆက်ပြီး ဓားပြတိုက် လုယက်နေဦးမှာ ဖြစ်လို့ပါပဲ။
ဒါပေမယ့် မြန်မာနိုင်ငံသားတွေရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းတွေကပါ အံ့အားသင့်စရာ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ ပါတီ အပြတ်အသတ်နိုင်၊ လွှတ်တော်ခေါ်၊ အစိုးရသစ်ဖွဲ့၊ အရင်အစိုးရက အာဏာလွဲှပေး ဆိုတဲ့ ဖြစ်စဉ်ကြီး တစ်ခု အေးအေးချမ်းချမ်း ပေါ်ပေါက်လာခဲ့ပါတယ်။ အဲလို ဖြစ်ပေါ်လာဖို့ အကြောင်းအချက် အနည်းဆုံး လေးချက်လောက် ရှိနိုင်ပါတယ်။
တရားစွဲတဲ့သူဟာ ကိုယ်တိုင် နစ်နာသူ သို့မဟုတ် နစ်နာသူက ကိုယ်စားလှယ်လွဲအပ်သူ ဖြစ်ရမယ့် အချက်၊ တရားစွဲပြီ ဆိုရင်လည်း ပုံမှန် အနေအထားအောက်မှာ အာမခံပေးရမယ့် အချက်၊ အဲဒီ နှစ်ချက်နဲ့တင် ဒီ ပုဒ်မကို အသုံးပြုသူ အလွန်နည်းသွားမှာ သေခြာသလောက်ရှိပါတယ်။
ပြသနာတွေအားလုံးကို ဆန်းစစ်ကြည့်လိုက်ရင် အာဏာပိုင်တွေဟာ အကြမ်းဖက်သမားတွေကို ထိထိရောက်ရောက် အရေးယူတာ မတွေ့ကြရပါဘူး။ အလားတူ အကြမ်းဖက်ဖို့ လှုံ့ဆော်သူတွေလည်း များသောအားဖြင့် အရေးယူ မခံကြရပါဘူး။
လက်ရှိ အခြေအနေမှာ တပ်မတော် အနေနဲ့ တိုင်းပြည်ကာကွယ်ရေး တာဝန်တွေ ယူနေရသလို၊ အခြားတစ်ဖက်မှာ ပြည်တွင်းစစ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး အတွက် လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုရအောင် ကြိုးစားပြဖို့လည်း လိုပါတယ်။
အခု တပ်မတော်ရဲ့ ထုတ်ပြန်ချက်ကတော့ ဦးဖြိုးမင်းသိန်းကို “ ရေရှည်ဆက်ဆံရန် မသင့်လျော်သူ” လို့ သတ်မှတ်ပြီး အစိုးရကနေ စိစစ်အရေးယူပေးဖို့ ဆိုတဲ့အထိ တောင်းဆိုတာကတော့ ပြင်းထန်လွန်းနေပါတယ်။ ပြောမှား ဆိုမှား စကားတခွန်းကြောင့် ရွေးကောက်ခံ အစိုးရရဲ့ ဝန်ကြီးချုပ်ကို ဖြုတ်ပေးပါ ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်နေပါတယ်။
ရဲလုံခြုံရေး တစ်ယောက်ပါပြီး ရောင်နီဦး ဆိပ်ကမ်းကို ရောက်သွားတဲ့ အဲဒီ မူဆလင်အဖွဲ့ကို လူအုပ်ကြီးက အုတ်ခဲတွေနဲ့ ပစ်ပေါက် ဝိုင်းဝန်း အကြမ်းဖက် တိုက်ခိုက်ကြတာပါ။ ရဲတပ်သားရဲ့ အကူအညီကိုလည်း ရခဲ့ကြပုံ မပေါ်ပါဘူး။ ဒါကိုကြည့်ရင် ရခိုင်ပြည်နယ်ထဲက လူမှုအသိုင်းအဝိုင်း နှစ်ခုကြားမှာ အမုန်းတရားတွေ နည်းနည်းလေးမှ ပျက်ပြယ် မသွားသေးတဲ့အပြင် အခြေအနေပေးတာနဲ့ အကြမ်းဖက် ဖြေရှင်းမယ် ဆိုတဲ့ စိတ်ထားမျိုး ရှိနေသေးတာကိုကြည့်ရင် ပဋိပက္ခ ဖြေရှင်းရေး တိုးတက်မှု မရတာကို ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။
သက်ဆိုင်ရာ ပြည်နယ်က အကြမ်းဖက်သမားလို့ ကြေငြာထားတဲ့ အဖွဲ့အစည်း နယ်မြေထဲ သတင်းသွားယူတာကို သူ့ သက်ဆိုင်ရာ သတင်းဌာန အယ်ဒီတာတွေ၊ အယ်ဒီတာချုပ်တွေ၊ တာဝန်ရှိသူတွေက ဥပဒေနဲ့အညီ၊ စည်းကမ်းနဲ့အညီ သတင်းထောက်တွေ အန္တရယ် တစ်စုံတစ်ရာ မကျရောက်အောင် စီစဉ်ပေးလိုက်ပါရဲ့လား ဆိုတာကိုလည်း မေးခွန်းထုတ်ဖို့ ကောင်းပါတယ်။
ရန်ကုန်မြို့ လမ်းတွေပေါ်မှာ ကားတွေ၊ ဘတ်စ်ကားတွေရော၊ လူတွေရော၊ စက်ဘီးတွေရော၊ ဆိုက်ကားတွေပါ မောင်းချင်သလိုမောင်း၊ သွားချင်သလိုသွား အန္တရာယ် အလွန်များနေတဲ့ အနေအထား ရောက်နေတာ တွေ့နိုင်ကြပါတယ်။
တကယ်တော့ မြန်မာနိုင်ငံမှာ အလုပ်အကိုင် လိုအပ်နေတာ ကျူးကျော်တွေမှ မဟုတ်ပါဘူး။ သန်းနဲ့ချီတဲ့ နိုင်ငံသားတွေ ပြည်ပထွက်၊ ရရာ အလုပ်လုပ်နေကြရတာ၊ ဖားကန့်လို၊ ခန္တီးလို ကျောက်စိမ်းမှော်တွေ၊ ရွှေလုပ်ကွက်တွေမှာ သိန်းနဲ့ချီ သွားပြီး အသက်နဲ့ရင်း အလုပ်လုပ်နေကြရတာကို ကြည့်ရင် အလုပ်အကိုင် လိုအပ်ချက် ဘယ်လောက် ကြီးမားသလဲ ခန့်မှန်းနိုင်ပါတယ်။
လူတစ်ယောက်ဟာ နစ်နာသူ ကာယကံရှင် ကိုယ်တိုင် မဟုတ်လဲ ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲနိုင်တယ်၊ တရားရုံးက အမှုကို လက်ခံရင်၊ တစ်ဆက်တည်း တရားရုံးက အာမခံ လျောက်ထားမှုကို လက်မခံရင် ချုပ်နှောင် ခံထားရတဲ့ အခြေအနေအောက်မှာ တရားရင်ဆိုင်ရမယ် ဆိုတဲ့အချက်တွေကိုပဲ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်