အမေရိကန်ပြည်ထောင်စု Florida ပြည်နယ်ကို ကြာသပတေးနေ့ညပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ အင်အားပြင်း Helene ဟာရီကိန်းမုန်တိုင်းဟာ ဒီနေ့သောကြာနေ့မှာ မုတ်သုန်မုန်တိုင်းအဖြစ် အားလျော့သွားပေမဲ့ အန္တရာယ်ရှိနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတွေ သတိပေးထားပါတယ်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ အင်အားပြင်း ဟာရီကိန်းမုန်တိုင်း Helene ဝင်ရောက်တိုက်ခတ်နေတာကြောင့် မုန်တိုင်းလမ်းကြောင်းကျရာ မြို့တွေက ဒေသခံတွေ သိန်းနဲ့ချီပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့ခိုလှုံနေပါတယ်။ မုန်တိုင်းတိုက်ခတ်နေတဲ့ နောက်ဆုံး အခြအနေကို Tampa မြို့ခံ ကိုအောင်မြတ်သူ ရှင်းပြထားပါတယ်။
သမ္မတဂျိုးဘိုင်ဒန်ဟာ ယူကရိန်းသမ္မတ Volodymyr Zelenskyy ကို ကြာသပတေးနေ့မှာ သမ္မတအိမ်ဖြူမှာ လက်ခံတွေ့ဆုံပါတယ်။ ယူကရိန်းသမ္မတဟာ ရွေးကောက်ပွဲကို ဝင်နှောက်သူလို့ ရီပတ်ဘလစ်ကင်တွေကစွပ်စွဲနေချိန်မှာပဲ သူက ရုရှားကျူးကျော်စစ် အောင်နိုင်ရေးဆိုင်ရာ သူ့အစီစဉ်တွေကို သမ္မတဘိုင်ဒန်နဲ့ တွေ့ဆုံ ဆွေးနွေးမှာ ဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်အသစ်အရ အဝလွန်သူ အရေအတွက်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း သိသိသာသာ တိုးမလာဘဲ အဝလွန်သူ ၁၀ ယောက်မှာ ၄ ယောက်နှုန်းရှိနေပြီး ၁၀ ယောက်မှာ ၁ ယောက်လောက်ကတော့ အလွန်အကျွံ အဝလွန်ရောဂါဖြစ်နေတယ်လို့ အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးဌာန (CDC) ကထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။
အမေရိကန်ပြည်ထောင်စု New York မြို့ မြို့တော်ဝန် Eric Adams ကို ပြစ်မှု မြောက် မမြောက်စုံစမ်းတဲ့ ဖယ်ဒရယ် ဂျူရီအဖွဲ့က စွဲချက်တင်လိုက်ပြီလို့ ဒီအကြောင်း သိရှိသူတွေက ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုက အင်တာနက် အွန်လိုင်းနဲ့ဆိုင်တဲ့ တည်ဆဲ ဥပဒေတွေအပေါ် နိုင်ငံရေးပါတီအသီးသီးက မေးခွန်း ထုတ်လာနေကြပါတယ်။ ဒီကိစ္စအပေါ် အခုနှစ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် သမ္မတ ကိုယ်စားလှယ်လောင်း ၂ ဦးဖြစ်တဲ့ Kamala Harris နဲ့ Donald Trump တို့ ဘယ်လို ရှုမြင်သလဲဆိုတဲ့အကြောင်း တင်ပြထားပါမယ်။
အမေရိကန်ပြည်ထောင်စုနဲ့ မဟာမိတ် အစ္စရေးနိုင်ငံ အပေါ် အီရန်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကို ဘယ်လို တုံ့ပြန်မလဲဆိုတဲ့ အကြောင်းအရာနဲ့ သဘောထား ရပ်တည်ချက်တွေဟာ အမေရိကန် သမ္မတလောင်းတွေရဲ့ မဲဆွယ်စည်းရုံးပွဲတွေမှာ ပြောဆိုတဲ့ နိုင်ငံတကာအရေးကိစ္စ အကြောင်းအရာတွေထဲက တခုဖြစ်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကိုလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့တခြားဒေသက လူမှုအသိုက်အဝန်းတွေအတွက် အကူအညီသစ် ဒေါ်လာ ၁၁၉ သန်းနီးပါး ပေးမယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။
အမေရိကန်ရွေးကောက်ပွဲမှာ ဝင်ရောက်ဩဇာလွှမ်းမိုးနိုင်အောင်လုပ်တယ်ဆိုပြီး Tik Tok (တစ်တော့) လူမှုကွန်ရက်ပေါ်မှာရှိတဲ့ ရုရှားအစိုးရ သတင်းဌာနနဲ့ ဆက်စပ်စာမျက်နှာတွေကို အမေရိကန်ရွေးကောက်ပွဲမတိုင်ခင်မှာပဲ တစ်တော့က ဖယ်ရှားလိုက်ပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံမှာ စက်တင်ဘာ ၂၄ အင်္ဂါနေ့က အမေရိကန်သမ္မတဂျိုးဘိုင်ဒန် နောက်ဆုံးအကြိမ်အဖြစ်ပြောတဲ့မိန့်ခွန်းမှာ “ကမ္ဘာ့ခေါင်းဆောင် မိတ်သဟာတို့၊ အာဏာဆုပ်ကိုင်ထားနိုင်တာထက် အရေးကြီးတဲ့ အရာတွေရှိတယ်ဆိုတာ မမေ့ကြရအောင်ပါ၊ ဒါကတော့ ပြည်သူတွေပဲ ဖြစ်တယ်” လို့ ပြောကြားသွားပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေရဲ့ ရွေးချယ်မှု ပြောင်းသွားအောင် တရုတ်၊ ရုရှားနဲ့ အီရန်တို့က AI ဉာဏ်ရည်တုသုံးပြီး ကြိုးစားနေတယ်လို့ အမေရိကန်အမျိုးသားထောက်လှမ်းရေးဌာနက သတိပေးလိုက်ပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပဖို့ ရက်တွေ တစတစနီးကပ်လာတဲ့အချိန်မှာ ရီပတ်ဘလစ်ကန်သမ္မတလောင်း Donald Trump နဲ့ ဒီမိုကရက်သမ္မတလောင်း Kamala Harris တို့ ဟာ မဲရရှိဖို့ အဓိကကျတဲ့ ပြည်နယ်တွေမှာ စီးပွားရေး ပြန်အရှိန်ကောင်းလာအောင် ဆောင်ရွက်မဲ့ သူတို့ရဲ့အစီအစဥ်တွေကို လိုက်လံရှင်းလင်းပြသပြီး စည်းရုံးနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။