ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ သူတို့ကိုလက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့တခြားဒေသက လူမှုအသိုက်အဝန်းတွေအတွက် အကူအညီသစ် ဒေါ်လာ ၁၁၉ သန်းနီးပါး ပေးမယ်လို့ အမေရိကန်ပြည်ထောင်စုက ပြောပါတယ်။
အမေရိကန်ရွေးကောက်ပွဲမှာ ဝင်ရောက်ဩဇာလွှမ်းမိုးနိုင်အောင်လုပ်တယ်ဆိုပြီး Tik Tok (တစ်တော့) လူမှုကွန်ရက်ပေါ်မှာရှိတဲ့ ရုရှားအစိုးရ သတင်းဌာနနဲ့ ဆက်စပ်စာမျက်နှာတွေကို အမေရိကန်ရွေးကောက်ပွဲမတိုင်ခင်မှာပဲ တစ်တော့က ဖယ်ရှားလိုက်ပါတယ်။
ကုလသမဂ္ဂအထွေထွေညီလာခံမှာ စက်တင်ဘာ ၂၄ အင်္ဂါနေ့က အမေရိကန်သမ္မတဂျိုးဘိုင်ဒန် နောက်ဆုံးအကြိမ်အဖြစ်ပြောတဲ့မိန့်ခွန်းမှာ “ကမ္ဘာ့ခေါင်းဆောင် မိတ်သဟာတို့၊ အာဏာဆုပ်ကိုင်ထားနိုင်တာထက် အရေးကြီးတဲ့ အရာတွေရှိတယ်ဆိုတာ မမေ့ကြရအောင်ပါ၊ ဒါကတော့ ပြည်သူတွေပဲ ဖြစ်တယ်” လို့ ပြောကြားသွားပါတယ်။
အမေရိကန်သမ္မတရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေရဲ့ ရွေးချယ်မှု ပြောင်းသွားအောင် တရုတ်၊ ရုရှားနဲ့ အီရန်တို့က AI ဉာဏ်ရည်တုသုံးပြီး ကြိုးစားနေတယ်လို့ အမေရိကန်အမျိုးသားထောက်လှမ်းရေးဌာနက သတိပေးလိုက်ပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲကျင်းပဖို့ ရက်တွေ တစတစနီးကပ်လာတဲ့အချိန်မှာ ရီပတ်ဘလစ်ကန်သမ္မတလောင်း Donald Trump နဲ့ ဒီမိုကရက်သမ္မတလောင်း Kamala Harris တို့ ဟာ မဲရရှိဖို့ အဓိကကျတဲ့ ပြည်နယ်တွေမှာ စီးပွားရေး ပြန်အရှိန်ကောင်းလာအောင် ဆောင်ရွက်မဲ့ သူတို့ရဲ့အစီအစဥ်တွေကို လိုက်လံရှင်းလင်းပြသပြီး စည်းရုံးနေပါတယ်။
သမ္မတသက်တမ်းနောက်ဆုံး ကုလမိန့်ခွန်းကို ဒီတပတ် ကုလသမဂ္ဂအထွေထွေညီလာခံမှာ အမေရိကန် သမ္မတဂျိုးဘိုင်ဒန် ပြောကြားမှာဖြစ်ပါတယ်။ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ သမ္မတဘိုင်ဒန် သီးခြားတွေ့ဆုံမှုလုပ်နေတဲ့ချိန် အရှေ့အလယ်ပိုင်းအရေးဟာလည်း သူ့အာရုံထဲမှာ လွှမ်းမိုးနေမှာပါ။ Anita Powell ရဲသတင်းကို ကိုငြိမ်းချမ်း တင်ပြမှာပါ။
နိုဝင်ဘာ ၅ ရက်မှာ ကျင်းပမဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်ခင်မှာ သမ္မတလောင်းတွေ တဘက်နဲ့ တဘက် အပြင်းအထန် ပုတ်ခတ် မပြောကြားကြဖို့ အဓိကပါတီကြီး ၂ ရပ်က လွတ်တော်ကိုယ်စားလှယ်တွေက တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံကို ဂျက်လောင်စာဆီအပါအဝင် လက်နက်တင်ပို့မှုတွေမလုပ်ကြဖို့ အမေရိကန်ပြည်ထောင်စု၊ အိန္ဒိယ၊ ဂျပန်နဲ့ ဩစတြေးလျနိုင်ငံ ခေါင်းဆောင်တွေက တိုက်တွန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က အဆုံးသတ်ခဲ့တဲ့ အမေရိကန်အပါ လေးနိုင်ငံ ထိပ်သီးအစည်းအဝေးအပြီး ပူးတွဲကြေညာချက်ထဲ မြန်မာ့အရေးကိုပါ ထည့်သွင်းထုတ်ပြန်ထားတာပါ။
တရုတ်နဲ့ရုရှားထုတ် ကားပစ္စည်းတွေတပ်ဆင်တဲ့ အွန်လိုင်းဆက်သွယ်မှုလုပ်နိုင်တဲ့ မော်တော်ယာဉ်တွေ၊ အလိုအလျှောက် မောင်းနှင်စနစ်တွေပါတဲ့ ကားတွေကို အမေရိကန်ထဲအရောင်းပိတ်ဖို့ ပြင်ဆင်နေကြောင်း ဒါဟာ အမေရိကန်အမျိုးသားလုံခြုံရေးနဲ့ ယာဉ်မောင်းတွေကို အကာအကွယ်ပေးနိုင်ဖို့ ဖြစ်တယ်လို့ ကန် ကုန်သွယ်ရေးဌာနက ပြောပါတယ်။
အမေရိကန်သမ္မတ Joe Biden ဟာ UAE သမ္မတကို အိမ်ဖြူတော်မှာ တနင်္လာနေ့ လက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံ ကာကွယ်ရေးနဲ့ မဟာဗျူဟာမိတ်ဖက် အားကောင်းလာစေဖို့ ဆွေးနွေးခဲ့ချိန်မှာ “UAE နိုင်ငံဟာ ထိုးထွင်းကြံဆမှုတွေနဲ့ အနာဂတ်ကို ရှေ့ရှုပြီး ရဲရဲတင်းတင်းဆုံးဖြတ်ဆောင်ရွက်လေ့ရှိတယ်”လို့ ချီးကျူးခဲ့ပါတယ်။
အမေရိကန် သမ္မတ ရွေးကောက်ပွဲ နိုဝင်ဘာလ ၅ ရက် မတိုင်ခင် သီတင်းပတ် ၂ ပတ်လောက်အလို အောက်တိုဘာလ ၂၃ ရက်နေ့မှာ သမ္မတဟောင်း Donald Trump နဲ့ နောက်တကြိမ် စကားစစ်ထိုးဖို့ အမေရိကန်ရုပ်သံ CNN ရဲ့ ဖိတ်ကြားချက်ကို ဒုသမ္မတ Kamala Harris က လက်ခံလိုက်ပါတယ်။
အမေရိကန်သမ္မတ ရွေးကောက်ပွဲကာလမှာ အိုဟိုင်းယိုးပြည်နယ် Springfield မြို့ရောက် ဟေတီနိုင်ငံက ရွှေ့ပြောင်းအခြေချလာသူတွေ ဘယ်လို အကြပ်အတည်းတွေ ရင်ဆိုင်နေရပါလဲ။ Donald trump နဲ့ JD Vance တို့က ဘာတွေ ပြောလိုက်လို့ပါလဲ။ သုတစုံလင် အမေရိကန်တခွင်မှာ ကိုအောင်အောင် စုစည်းတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။