တရုတ်ထိန်းချုပ်တဲ့ အင်တာနက်ထိုးဖောက်ဝင်ရောက်သူဟက်ကာတွေက အမေရိကန် အခြေခံအဆောက်အဦတွေ၊ နောက် အင်တာနက် ချိတ်ဆက်ပစ္စည်းမျိုးစုံကို ထိုးဖောက်ထိန်းချုပ်ရေး botnet လှုပ်ရှားမှုကိုဖော်ဆောင်ခဲ့တာမှာ အမေရိကန်က ဖော်ထုတ်နှိမ်နင်းလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စု မယ်ရီလန်းပြည်နယ် ဘော်လ်တီမိုးတံတားကို ဝင်တိုက်ခဲ့တဲ့ ကုန်သင်္ဘောပိုင်ရှင်နဲ့ မန်နေဂျာတို့ကို ဆိပ်ကမ်း ပြန်လည်ဖွင့်လှစ်ရေးနဲ့ ရေအောက်က အပျက်အစီးတွေကိုရှင်းလင်းဖို့ အစိုးရက ဒေါ်လာ သန်း ၁၀၀ ကျော်သုံးခဲ့ရတာ ပြန်ရဖို့ အမေရိကန် တရားရေးဌာနက ဗုဒ္ဓဟူးနေ့မှာ တရားစွဲဆိုလိုက်ပါတယ်။
အမေရိပြည်ထောင်စုဟာ အာရှပစိဖိတ်ဒေသတွင်း ဂျပန်နဲ့ တောင်ကိုရီးယားအပါအဝင် မဟာမိတ် လက်တွဲဖက် နိုင်ငံတွေနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ မကြာသေးခင်နှစ်တွေအတွင်း ပိုပြီး နက်နက်ရှိုင်းရှိုင်းတိုး ဆောင်ရွက်လာခဲ့ပါတယ်။
ရီပတ်ဘလစ်ကန် သမ္မတလောင်း Donald Trump ဟာ တနင်္ဂနွေနေ့က ဒုတိယအကြိမ် လုပ်ကြံခံရပြီးနောက် မနေ့ အင်္ဂါနေ့က မဲဆွယ် စည်းရုံးပွဲ ခရီးစဉ်တွေ ပြန်ထွက်နေပါပြီ။
တရုတ်တက္ကသိုလ်တွေမှာ တက်နေတဲ့ အမေရိကန်ကျောင်းသားတချို့ရှိပေမဲ့ အမေရိကန်တက္ကသိုလ်တွေမှာ လာတက်နေတဲ့ တရုတ်ကျောင်းသားအရေအတွက်နဲ့ ယှဉ်ရင် အလွန်ကိုနည်းပါးပါတယ်။ အမေရိကန်ရောက် တရုတ်ကျောင်းသားတွေအကြောင်း Katherine Michaelson သတင်းပေးပို့ထားတာကို မမြသဇင်အောင်ပြောပြပါမယ်။
နိုင်ငံရေးအရ ထိလွယ်ရှလွယ် ထိုင်ဝမ်ရေလက်ကြားကို ဖြတ်ပြီးပျံသန်းတဲ့ အမေရိကန်လေယာဥ်ကို တရုတ်တိုက်လေယာဥ်တွေက နောက်ကနေ ကပ်လိုက်ခဲ့တယ်လို့ တရုတ်စစ်တပ်က ပြောပါတယ်။ နိုင်ငံတော် အချုပ်အခြာအာဏာကို ပိုင်းဖြတ်ချက်ခိုင်ခိုင်မာမာနဲ့ ကာကွယ်မယ်လို့လည်း တရုတ်စစ်တပ်က ပြောလိုက်ပါတယ်။
Kamala Harris နဲ့ Donald Trump တို့ ရွေးကောက်ပွဲမတိုင်ခင် ၂ လ အလို စကားစစ်ထိုးပွဲ စင်မြင့်မှာ တွေ့ကြတဲ့အခါ စီးပွားရေး အကောက်ခွန် ကိစ္စကနေ ယူကရိန်း ကိစ္စ အဆုံး အမြင်မတူတာတွေကို ပြောဆိုခဲ့ကြပါတယ်။ လူဝင်မှုကြီးကြပ်ရေး ကိစ္စမှာတော့ ပိုပြီး မတူတဲ့ ရပ်တည်ချက်တွေ ရှိနေတာပါ။
သမ္မတဟောင်း Donald Trump ကို နောက်တကြိမ် လုပ်ကြံဖို့ ကြိုးပမ်းမှုမှာ မသင်္ကာသူရဲ့ ရည်ရွယ်ချက်ကို ဖော်ထုတ်နိုင်ဖို့ သူ့ရဲ့ လူမှုကွန်ရက် အကောင့်တွေ၊ ဖော်ပြချက်တွေကို စုံစမ်းစစ်ဆေးသူတွေ မွှေနှောက်ရှာဖွေနေကြပါတယ်။
ရီပတ်ဘလစ်ကန်သမ္မတလောင်း Donald Trump ကို ဒုတိယအကြိမ် လုပ်ကြံဖို့ကြိုးစားတဲ့ ဖြစ်ရပ် ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စုမှာ နိုင်ငံရေးအကြမ်းဖက်မှုတွေ ဖြစ်ပွားနေတာနဲ့ ပတ်သက်လို့ ထပ်မံ မေးခွန်းထုတ်ခဲ့ကြပါတယ်။
ရီပတ်ဘလီကန်သမ္မတလောင်း Trump ကို နှစ်လအတွင်း ဒုတိယမြောက် လုပ်ကြံဖို့ကြိုးစားမှုဖြစ်ပြီးတဲ့နောက် နိုင်ငံရဲအဆင့်မြင့် တာဝန်ရှိသူတွေကို လုံခြုံရေးယူတဲ့ Secrete Service အဖွဲ့အတွက် ဝန်ထမ်းအင်အား ပိုလိုအပ်ဖွယ်ရှိပြီး ဒါကို အမေရိကန်လွှတ်တော်က ဖြည့်ဆည်းပေးဖို့ သမ္မတ Biden က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
အမေရိကန်သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးစားသူအဖြစ် မသင်္ကာသူဟာ ရုရှားကျုးကျော်မှုကို ခုခံနေတဲ့ ယူကရိန်းကို ထောက်ခံသူတဦးဖြစ်ကြောင်း အမေရိကန် မီဒီယာတချို့မှာ ဖော်ပြနေပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ တဆင့်ခံတင်ပို့မှု အဓိကနိုင်ငံတွေမှာ အပါအဝင်အဖြစ် သတ်မှတ်ကြောင်း အမေရိကန်က ကြေညာလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။