အမေရိကန်သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးစားသူအဖြစ် မသင်္ကာသူဟာ ရုရှားကျုးကျော်မှုကို ခုခံနေတဲ့ ယူကရိန်းကို ထောက်ခံသူတဦးဖြစ်ကြောင်း အမေရိကန် မီဒီယာတချို့မှာ ဖော်ပြနေပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနဲ့ တဆင့်ခံတင်ပို့မှု အဓိကနိုင်ငံတွေမှာ အပါအဝင်အဖြစ် သတ်မှတ်ကြောင်း အမေရိကန်က ကြေညာလိုက်ပါတယ်။
အမေရိကန် သမ္မတဟောင်း Donald Trump အနေနဲ့ ဘေးကင်းလုံခြုံပါတယ် ၂ လအတွင်း ဒုတိယအကြိမ်မြောက် လုပ်ကြံဖို့ ကြိုးစားခံရအပြီး မှာ တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ လုပ်ကြံဖို့ ကြိုးစားမှုအပြီး သံသယတရားခံကို ရဲက ဖမ်းဆီးထားပြီးတဲ့နောက် ဗဟိုအစိုးရ စုံစမ်းစစ်ဆေးဌာန FBI က ဦးဆောင်စစ်ဆေးနေပါတယ်။
အမေရိကန်သမ္မတဟောင်း Donald Trump ကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြောင်း ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI က အတည်ပြုလိုက်ပြီးနောက် နိုင်ငံရေးအကြမ်းဖက် လုပ်ရပ်တွေကို ပြည်တွင်း၊ ပြည်ပ ပြစ်တင်ရှုတ်ချမှုတွေနဲ့ လုံခြုံရေး ပိုမို တင်းကြပ်ဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်လာပါတယ်။
ဖလော်ရီဒါပြည်နယ်က West Palm Beach ဂေါ့ဖ် ကစားကွင်းမှာ ရီပတ်ဘလီကန်သမ္မတကိုယ်စားလှယ်လောင်း Donald Trump ဂေါ့ဖ် ကစားနေစဉ် သေနက်ကိုင်ဆောင်လာသူတဦးကို မြင်ရတဲ့အတွက် Secret Service အမေရိကန်အဆင့်မြင့်လုံခြုံရေးအဖွဲ့တွေက ပစ်ခတ်ခဲ့ပါတယ်။
ရုရှားနိုင်ငံအတွင်းပိုင်းအထိ ပစ်ခတ်နိုင်တဲ့ တာဝေးပစ်လက်နက်တွေ ယူကရိန်းကို အသုံးပြုခွင့် ပေးမယ်ဆိုရင် မြောက်အတ္တလန်တိတ် စာချုပ်အဖွဲ့နဲ့ပါ စစ်ဖြစ်လိမ့်မယ်လို့ ရုရှားသမ္မတ Vladimir Putin ရဲ့ ခြိမ်းခြောက်မှုကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy က ပယ်ချလိုက်ပါတယ်။
အမေရိကန် အလယ်ပိုင်း Texas ပြည်နယ်ဆိုတာနဲ့ လူတော်တော်များများက လည်ရှည်ဦးချွန်ဖိနပ်တွေနဲ့ ဦးထုပ်တွေဆောင်းထားတဲ့ နွားကျောင်းသား cowboy တွေကိုပြေးမြင်ကြပါတယ်။ လေ့လာမှုစစ်တမ်းတခုအရတော့ Texas ပြည်နယ်ဟာ အမေရိကန်မှာရွှေ့ပြောင်းအခြေချတွေနဲ့ မတူကွဲပြားမှုတွေအများဆုံးရှိတဲ့ ပြည်နယ်တခုဖြစ်တယ်လို့ ဖော်ပြတာပါ။
အမေရိကန်သမ္မတ Joe Biden နဲ့ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer တို့ သောကြာနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံဆွေးနွေးစဉ် ယူကရိန်းဘက်က ဆက်လက်ရပ်တည်မယ်လို့ ကတိပြုခဲ့ကြပေမဲ့ ယူကရိန်း မျှော်လင့်နေသလို ထုတ်ပြန်ကြေညာြခင်းတော့ မရှိခဲ့ပါဘူး။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်ဟာ ဗြိတိန်ဝန်ကြီးချုပ် Keir Starmer နဲ့ သောကြာနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံမှုဟာ ၂ နိုင်ငံကြား အထူးဆက်ဆံရေးကို အလေးထားကြောင်း ပြသဖို့ ဖြစ်သလို ယူကရိန်းနဲ့ အစ္စရေးအတွက် အထောက်အကူပေးရေး ကိစ္စရပ်တွေကို ဆွေးနွေးကြဖို့လည်း ဖြစ်ပါတယ်။
ရီပတ်ဘလီကန် သမ္မတလောင်း Trump က တတိယအကြိမ်မြောက် စကားစစ်ထိုးပွဲ ရှိမှာမဟုတ်တော့ဘူးလို့ သူ့ကိုယ်ပိုင် လူမူကွန်ယက် Truth Social ကနေ မနေ့ စက်တင်ဘာ ၁၂ ရက်နေ့မှာ ပြောလိုက်တာပါ။
အမေရိကန်၊ Australia၊ ဂျပန်နဲ့အိန္ဒိယ လေးနိုင်ငံပါဝင်တဲ့ Quad အဖွဲ့ခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းဝေးကို စက်တင်ဘာလ ၂၁ ရက်မှာ သမ္မတဂျိုးဘိုင်ဒန်က သူ့ဌာနေ Delaware ပြည်နယ်မှာ ကျင်းပမှာဖြစ်ကြောင်း သမ္မတအိမ်ဖြူက ကြာသပတေးနေ့မှာ ကြေညာပါတယ်။
အမေရိကန်ပြည်ထောင်စုသမိုင်းမှာ အဆိုးဝါးဆုံး အကြမ်းဖက်တိုက်ခိုက်မှုကြီးကို ကြုံခဲ့ရတဲ့ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ တိုက်ခိုက်မှု၂၃ နှစ်မြောက် အောက်မေ့ဘွယ် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို သမ္မတ Joe Biden နဲ့ ဒုသမ္မတ Kamala Harris တို့ မနေ့က တက်ရောက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်
တရုတ်နိုင်ငံ၏ ကမ္ဘာတဝန်း ဖွံ့ဖြိုးမှုစီမံကိန်းများအတွက် အသုံးစရိတ်သည် ဒီရာစုနှစ် စတင်ကတည်းက ဒေါ်လာ ၁ ထရီလီယံခန့် တိုးလာခဲ့ပြီး ကမ္ဘာမှာ ဘဏ္ဍာငွေအများဆုံး ထောက်ပံ့တဲ့ နိုင်ငံဖြစ်လာပါသည်။