သွေးထွက်သံယို အာဏာသိမ်းမှုအပြီးမှာ တူရကီသမ္မတ Recep Tayyip Erdogan ဟာ ရုရှားသမ္မတ Vladimir Putin နဲ့ ဆွေးနွေးပွဲတရပ်ကို အဆောတလျင် စီစဉ်ခဲ့တဲ့အတိုင်း အခုလာမယ့် သြဂုတ်လ ၉ရက်ကျရင် St. Petersburg မှာ သူတို့နှစ်ဦး တွေ့ဆုံကြတော့မှာပါ။
လူသားတို့ရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေ မြို့ပြထူထောင်မှုတွေကြောင့် သိပ္ပံလောကမှာ သိရှိထားတဲ့ အပင်အမျိုးအစားပေါင်း ၂၀% ကျော်ဟာ မျိုးတုံးမယ့် အန္တရာယ်ကြုံနေရပါတယ်။ ကမ္ဘာလုံးဆိုင်ရာအပင်တွေကို ပထမဆုံးအကြိမ် စိစစ်အကဲဖြတ်မှုနဲ့ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက် George Putic ရဲ့သတင်းလွှာ ဦးကျော်ဇံသာက တင်ပြထားပါတယ်။
အစွမ်းရောက်ဝါဒီတွေရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ထပ်ခါတလဲလဲ ဖြစ်လာတဲ့ အတွက် လုံခြုံရေး ပိုမိုတင်းကျပ်ဖို့ တောင်းဆိုမှုတွေ မြင့်မား လာနေတဲ့ အချိန်မှာ ပြင်သစ်သမ္မတ Francois Hollande နဲ့ သူ့ဝန်ကြီးချုပ် Manuel Valls တို့ဟာ ဒီတိုက်ခိုက်မှုတွေ နောက်ထပ်မဖြစ်ရအောင် ဘယ်လိုနည်းလမ်းသစ်တွေနဲ့ လုပ်ဆောင်သွားမယ်ဆိုတာ အတိအကျ ချမပြနိုင်အောင် ဖြစ်နေပါတယ်။
“တူရကီအစိုးရအနေနဲ့ ဒီကျောင်းတွေ၊ လုပ်ငန်းတွေကို ဆက်လက် လည်ပတ်စေမယ့် အဖွဲ့အစည်းတခု၊ အစီအစဉ်တခုကို ရွေးပေးစေချင်ပါတယ်။ ဒီလိုနဲ့ စီမံအုပ်ချုပ်တဲ့အပိုင်းကို ပုံစံပြောင်းပစ်နိုင်ပါတယ်။”
အာဏာသိမ်းဖြစ်ရပ်ကြောင့် တူရကီနဲ့ တခြားနိုင်ငံများရဲ့ ဆက်ဆံရေးဟာ ထိခိုက်ပျက်ပြားနိုင်စရာ အကြောင်းမရှိဘူးလို့ဆိုပေမဲ့ အခုလို အရေးပေါ်ကြေညာ လိုက်တဲ့အတွက် တူရကီနိုင်ငံမှာ လွတ်လပ်မှုနဲ့ လူ့အခွင့်အရေး ပိုမိုကန့်သတ်ခြင်း ခံရမလားဆိုတဲ့ စိုးရိမ်မှုတွေကတော့ မြင့်မားနေတာအမှန်ပဲဖြစ်ပါတယ်။
မြန်မာ့တပ်မတော်နဲ့ NLD အစိုးရ ကြိုက်ရာရွေးပါလို့ ဆိုရင် တရုတ်နိုင်ငံက NLD ကိုပဲရွေးလိမ့်မယ်လို့ တရုတ်မူဝါဒရေးရာ ကျွမ်းကျင်သူ Yun Sun က သုံးသပ်ပါတယ်။ မြန်မာ့သမိုင်းရဲ့ အရေးကြီးတဲ့ အချိုးအကွေ့ကာလ တရုတ်-မြန်မာဆက်ဆံရေးကို Stimson သုတေသနဌာနက Yun Sun နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ကြံစည်သူတွေ အဓိကမှားယွင်းမှု ၂ ချက်ကတော့ - ၁. ဘာမှမလုပ်ခင် အစိုးရအကြီးအကဲကို ဖမ်း၊ ဒါမှမဟုတ် ကွပ်မျက်လိုက်ရမှာ သူတို့မလုပ်ခဲ့ဘူး။ ၂. တင့်ကား၊ ရဟတ်ယာဉ်၊ ဂျက်လေယာဉ် စတာတွေ ဝင်မစွက်နိုင်အောင် လုပ်ဖို့ ပျက်ကွက်ခဲ့ကြခြင်း....
တကယ်လို့သာ စစ်တပ်က အာဏာသိမ်းနိုင် သွားပြီဆိုရင်တော့ ၂၀၀၃ခုနှစ်ကတည်းက အုပ်စိုးလာခဲ့တဲ့ သမ္မတ Tayyip Erdoğan ရဲ့ အစိုးရ အဆုံးသတ်ပြီး အဓိက နိုင်ငံရေး အပြောင်းအလဲ တရပ်ဖြစ်သွားပြီလို့ ဆိုရပါလိမ့်မယ် တူရကီနိုင်ငံရဲ့ နိုင်ငံရေးကိုသာမက အရှေ့အလယ်ပိုင်း ရဲ့ နိုင်ငံရေးကိုပါ ပြောင်းလဲလာနိုင်တဲ့ ကိစ္စဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံမှာ ဝန်ကြီးချုပ် Theresa May ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့ ဟာ သူတို့နိုင်ငံ ဥရောပသမဂ္ဂက ခွဲထွက်မယ့်ကိစ္စကို ဆွေးနွေး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အစိုးရသစ်အပေါ် တုံ့ပြန်ပြောဆိုမှုအမျိုးမျိုးနဲ့ပတ်သက်လို့ Henry Ridgwell လန်ဒန်ကနေ သတင်းပေးပို့ထားတာကို ဦးကျော်ဇံသာက တင်ပြထားပါတယ်။
ဥရောပသမဂ္ဂက နှုတ်ထွက်ရေးကို ဦးဆောင်လှုံ့ဆော်ခဲ့သူ Boris Johnson ကို ဒီအချိန်မှာ နိုင်ငံခြားရေး ဝန်ကြီး ခန့်အပ်လိုက်တာဟာ လူအများအံ့အားသင့်စရာ ဖြစ်သွားခဲ့သလို စိတ်ဆိုးဒေါသထွက်မှု အပါအဝင် တုံ့ပြန်ပြောဆိုမှုအမျိုးမျိုးရှိနေပါတယ်။
ဇူလိုင် ၁၃၊ ၂၀၁၆ - ရက် (၁၀၀) စီမံကိန်းမှာ ဘယ်လိုအားနည်းချက်တွေ အခက်အခဲတွေရှိ ခဲ့သလဲဆိုတာ တမ္ပဒီပ NGO က ဒေါက်တာခင်ဇော်ဝင်း၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်တင်နွယ်ဦး တို့ နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဇူလိုင် ၇၊ ၂၀၁၆ - မြန်မာနိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရေးကော်မီတီ စတင်တည်ထောင်ခဲ့သူတွေအထဲက တဦးအပါအဝင်ဖြစ်တဲ့ လူမှုရေးစိတ်ပညာရှင် ပါမောက္ခဒေါက်တာကျော်ဝင်း နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂကနေခွဲထွက်ဖို့ မဲပေးဆုံးဖြတ်လိုက်တာဟာ လွတ်လပ်ခြင်းကို ကိုယ်စားပြုတယ်ဆိုပြီး ဘာလင်တံတိုင်း ဖြိုချလိုက်တဲ့ဖြစ်ရပ်နဲ့ တချို့က နှိုင်းယှဉ်ကြပေမယ့် တချို့တော့ တမျိုးမြင်ကြတဲ့ကြောင်း VOA သတင်းထောက် Heather Murdock ပေးပို့တဲ့သတင်းကို ဦးကျော်ဇံသာက တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဒီမိုကရေစီခိုင်မြဲရေး၊ အရပ်ဖက်နိုင်ငံရေး အဆောက်အအုံတွေ ပီပြင်လာရေး၊ တည်ငြိမ်ပြီး အားလုံး လွှမ်းခြုံတဲ့ တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် မတူကွဲပြားတဲ့ နိုင်ငံရေး စီးပွါးရေး အုပ်စုတွေ သက်ဆိုင်သူတွေ အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တိုက်တွန်းလိုက်ပါတယ်။
ဇွန် ၂၉၊ ၂၀၁၆ - အပြောင်းအလဲကာလ မြန်မာနိုင်ငံမှာ VOA ဗျူရိုအကြီးအကဲအဖြစ်(၂) နှစ်တာ သွားရောက် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါ်ခင်စိုးဝင်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဥရောပသမဂ္ဂက ခွဲထွက်ဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီး နောက်တနေ့ စနေမနက်နိုးလာတော့ အရက်နာကျသလို ခံစားနေရတယ်လို့ ဗြိတိန်နိုင်ငံသားတချို့က နှိုင်းယှဉ် ပြော ဆိုနေကြပါတယ်။
ဇွန် ၂၂၊ ၂၀၁၆ - ဒီမိုကရေစီအစိုးရလက်ထက်မှာ လူ့အခွင့်အရေးကိုယ်စားလှယ် မြန်မာနိုင်ငံကို စေလွှတ်ဖို့ လိုအပ်သေးလားဆိုတာကို (၈၈) ငြိမ်းချမ်းရေးနဲ့ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုမြအေး၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုအောင်မျိုးမင်းတို့နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဇွန် ၁၅၊ ၂၀၁၆ - မြန်မာပြည် နေဝင်ချိန် ရုပ်ရှင်ကို ပြသခွင့်ပိတ်တာနဲ့ ပတ်သက်ပြီး ဝါရင့်သတင်းစာဆရာကြီး ဦးကျော်ရင်မြင့်၊ Human Dignity Film Institute ရဲ့ အမှုဆောင်ည့ွှန်ကြားရေးမှူး ဒေါ်မွန်မွန်မြတ်တို့နဲ့ ဦးကျော်ဇံသာတို့က ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
ရေကြီးမှုတွေ၊ ဆန္ဒပြမှုတွေ၊ အကြမ်းဖက်တိုက်ခိုက်ဖို့ ခြိမ်းခြောက်မှုတွေလို ပြဿနာပေါင်းစုံ ကြုံနေရချိန်မှာပဲ လနဲ့ချီ ကျင်းပသွားမယ့် ၂၀၁၆ ဥရောပဖလား ဘောလုံးပွဲကို ဒီကနေ့ ပါရီမြို့တော်မှာ စတင်မှာ ဖြစ်ပါတယ်။ ဗွီအိုအေသတင်းထောက် Lisa Bryant ပါရီမြို့က ပေးပို့တဲ့ သတင်းဆောင်းပါးကိုတော့ ဦးကျော်ဇံသာက တင်ပြထားပါတယ်
ဇွန် ၈၊ ၂၀၁၆ - ရခိုင်အမျိုးသားခေါင်းဆောင်တဦးလဲဖြစ်၊ ပြည်ထောင်စုအမျိုးသားလွှတ်တော် ဒု-ဥက္ကဌလည်းဖြစ်တဲ့ ဦးအေးသာအောင် ကို ဦးကျော်ဇံသာက ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်