၂၀၂၃ မှာ ကျင်းပဖို့ စစ်ကောင်စီက စိုင်းပြင်းနေတဲ့ ရွေးကောက်ပွဲဆိုတာကို ဘယ်သူတွေ ဘယ်နိုင်ငံတွေက လက်ခံအသိအမှတ်ပြုနိုင်ဖွယ် ရှိပါသလဲ။ စစ်ခေါင်းဆောင်တွေအတွက်မှားလို့ စတင်ခဲ့ပြီး ပိုမိုနက်ရှိုင်းလာတဲ့ ပြဿနာတွေ ပဋိပက္ခတွေဟာ ဒီရွေးကောက်ပွဲကြောင့် လျော့ပါးပြေလည်သွားနိုင်ပါသလား။
ကုန်လွန်သွားတဲ့ ၂၀၂၂ တနှစ်လုံးအတွက် အရေးကြီးတဲ့ မြန်မာသတင်းတွေကိုစုစည်း တင်ဆက်ချင်ပါတယ်။ နိုင်ငံမှာကြုံနေရတဲ့ စစ်ရေး၊ နိုင်ငံရေးပဋိပက္ခတွေ ပိုတောင်ဆိုးလာခဲ့တဲ့ နှစ်ကိုကျော်ဖြတ်ခဲ့ကြပြီး နှစ်သစ်အတွက် ဘယ်လိုရှေ့ဆက်နိုင်ကြမှာပါလဲ။ မြန်မာ့အရေးနှစ်ကုန်သုံးသပ်ချက်ကို ဦးကျော်ဇံသာတင်ဆက်ထားပါတယ်။
ပြန်လည်ထုတ်လွှင့် - မြန်မာနဲ့ ရုရှား နီးစပ်လာနေတာဟာ အခြေအနေအရ အခိုက်အတန့် ကိုယ်ကျိုးအတွက် အပြန်အလှန် တွယ်ကပ်နေကြခြင်းသာ ဖြစ်တယ်။ တကယ်နက်ရှိုင်းစွဲမြဲမယ့် မဟာမိတ်စစ်စစ်တွေ ဖြစ်ဖို့ခက်မယ်လို့ အာရှပစိဖိတ်ဒေသရေးရာကျွမ်းကျင်သူ ပါမောက္ခ Rouben Azizian (ရူဘန် အာဇီဇီယန်) က သုံးသပ်ပါတယ်။
ယုံကြည်စိတ်ချရတဲ့ ရွေးကောက်ပွဲ တကယ်ဖြစ်လာနိုင်သလား။ တိုင်းရင်းသားတွေရဲ့ ဖက်ဒရယ်အိပ်မက် အကောင်အထည်ဖေါ်ဖို့ လမ်းစတွေ့နိုင်မလားဆိုတာကို မြန်မာ့အရေးသုံးသပ်သူ ဦးရဲထွန်းနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဒဂုံတက္ကသိုလ်ကျောင်းသား (၇) ယောက်ကို စစ်ကောင်စီ စစ်ခုံရုံးက သေဒဏ်ချမှတ်ထားတဲ့အတိုင်း တကယ်ကွပ်မျက်တော့မလားဆိုတာ လူတိုင်း စိုးရိမ်နေကြပါတယ်။ တချိန်တည်းမှာပဲ စစ်ကိုင်းတိုင်း တမူးမြို့မှာ အမျိုးသမီးတဦးကို ဒလန်လို့ စွပ်စွဲပြီး ရက်ရက်စက်စက် သတ်ဖြတ်တဲ့ကိစ္စဟာလည်း ထိတ်လန့်တုန်လှုပ်စရာ ကောင်းလှပါတယ်။
စစ်ကောင်စီအနေနဲ့ သတင်းသမားတွေကို ဖမ်းဆီးနှိပ်ကွပ်နေတာဟာ သတင်းသမားတွေက … သူတို့စစ်ကောင်စီ ပြောသမျှကိုသာ လူတွေကြားစေသိစေချင်၊ လက်ခံစေချင်ပြီး သူတို့ပြောတာနဲ့ ကွဲလွဲတဲ့ ပြောဆိုတင်ပြမှုအားလုံးကို နှိပ်ကွပ်ချင်တာ ဖြစ်တယ်လို့ RSF ရဲ့ အာရှပစိဖိတ် ညွှန်ကြားရေးမှူး Danial Bustard က ဆိုပါတယ်။
တိုင်းရင်းသားတွေဘက်က အလားအလာ ဘယ်လိုရှိပါသလဲ။ ဖက်ဒရယ်အရေး တက်ကြွသူ တိုင်းရင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာလျံမှုန်းဇာခေါင်းနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။ (ပြန်လည်ထုတ်လွှင့်)
အာဆီယံထိပ်သီးစည်းဝေးပွဲ ပြီးဆုံးသွားတာနဲ့အတူ အလှည့်ကျ ဥက္ကဋ္ဌ ရာထူးလဲ ကမ္ဘောဒီးယားဆီကနေ အင်ဒိုနီးရှားလက်ထဲ ရောက်သွားခဲ့ပြီ ဖြစ်ပါတယ်။ စစ်ကောင်စီအနေနဲ့ကော ဒီတခါ အာဆီယံရဲ့ဆန္ဒအတိုင်း လိုက်နာဆောင်ရွက်လာနိုင်ခြေ ရှိပါသလား။ မြန်မာ့အရေးသုံးသပ်သူ ဦးရဲထွန်းနဲ့ ဦးကျော်ဇံသာတို့ ဆွေးနွေးသုံးသပ်ထားပါတယ်။
မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးမှုဟာ ကျေးလက်ဒေသတွေမှာသာမက မြို့ပေါ်အထင်ကရ နေရာတွေမှာပါ တနေ့တခြား ယိုယွင်းလာတဲ့သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါဟာ တမင်လျစ်လျူရှုခံထားရတာ ဖြစ်တယ်လို့ ကောက်ချက်ချပါတယ်။ ဘာကြောင့်ပါလဲ။ ဦးကြီးမြင့်နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
HRW မြန်မာနိုင်ငံဆိုင်ရာအကြံပေး David Mathieson ကတော့ ဘယ်ဘက်ကနိုင်မယ်၊ ဘယ်ဘက်ကရှုံးမယ်လို့ ပြောရင် အဆောတလျင် ဆုံးဖြတ်ရာကျမယ်၊ ပြည်ပကအကူအညီနဲ့ အောင်ပွဲရမယ်လို့ မျှော်လင့်ရင် လမ်းမှားလိုက်ရာကျမယ်လို့ ဆိုပါတယ်။ David Mathieson နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ဒေသတခုလုံးကို ရိုက်ခတ်လာနေတဲ့ မြန်မာပြဿနာကို အာဆီယံ ကိုင်တွယ်ရခက်နေချိန် မြန်မာကို အာဆီယံက ထုတ်ပစ်နိုင်မလား။ သို့တည်းမဟုတ် မြန်မာကပဲ နှုတ်ထွက်နိုင်ပါသလား။ အာဆီယံနဲ့ မြန်မာ သီးခြား ကင်းကင်းရှင်းရှင်းနေဖို့ ဆိုတာကော ဖြစ်နိုင်ပါသလား။
Independent analyst ဘက်မလိုက်သုံးသပ်သူ Richard Horsey ကတော့ ဒီမိုကရေစီုက်ပွဲဝင်တွေ အခြေအနေ ကောင်းပေမဲ့ အောင်ပွဲအလားအလာမပြတ်သားသေးဘူးလို့ ဆိုပါတယ်။ ICG နိုင်ငံတကာပဋိပက္ခ လေ့လာရေးအဖွဲ့ ရဲ့ မြန်မာဆိုင်ရာ အကြံပေး Richard Horsey နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
အမေရိကန်ပြည်ထောင်စု George Washington တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ Christina Fink နဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
ကမ္ဘာမှာ ထင်ရှားတဲ့ လူချစ်လူခင်လည်းများတဲ့ ဗြိတိန်ဘုရင်မကြီး ဒုတိယမြောက် အဲ့လိဇဘက်ဟာ လန်ဒန်-စံတော်ချိန် ကြာသပတေးနေ့မှာပဲ ကွယ်လွန်သွားပါတယ်။ ဘုရင်မကြီးနဲ့ ပတ်သက်လို့ အမှတ်ရစရာ အကြောင်းတွေကို VOA ရဲ့ အယ်ဒီတာ ဦးကျော်ဇံသာနဲ့ ကိုဉာဏ်ဝင်းအောင်က မေးမြန်းတင်ပြထားပါတယ်။
စစ်ကောင်စီနဲ့ ဒီမိုကရေစီအင်အားစုတို့အကြား အားပြိုင်မှုဟာ (၁၈) လကြာမြင့်လာတဲ့အချိန်ထိ အရှုံးအနိုင် မပြတ်သားသေးသလို၊ ရှေ့အလားအလာကိုလဲ ယတိပြတ် မပြောနိုင်သေးဘူးလို့ နိုင်ငံတကာသုံးသပ်သူတွေက ပြောနေရေးနေကြပါတယ်။
Gorbachev ဟာ စစ်အေးခေတ်ကို အဆုံးသတ်ခဲ့ပြီး ကွန်မြူနစ်အရှေ့ဥရောပကို လွတ်လပ်အောင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်ခဲ့ပေမဲ့၊ သူ့လက်ထက်မှာ ဆိုဗီယက်ယူနီယံ ပြိုကွဲခဲ့ပါတယ်။ သူ့ရဲ့ "glasnost" "perestroika" စတဲ့ လွတ်လပ်ခွင့်နဲ့ ပြုပြင်ပြောင်းလဲရေး အစီအစဉ်တွေဟာ ဆိုဗီယက်ကို ထိန်းထားဖို့ အောင်မြင်မှု မရခဲ့ပါဘူး။
မြန်မာနိုင်ငံမှာ စစ်တပ်ကောင်စီနဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အင်အားစုတို့ အားပြိုင်ပွဲမှာ ရုရှားကြောင့် စစ်ကောင်ဘက်ကို ပိုမို အလေးသာသွားနိုင်ပါသလား ဒါမှမဟုတ် စစ်အေးကာလတုန်းက တချို့နိုင်ငံတွေ ကြုံခဲ့ရသလို Proxy War ခေါ် ကြားလူထားတိုက်တဲ့ စစ်ပွဲရဲ့စစ်မြေပြင် ဖြစ်လာနိုင်ပါသလား။
ကမ္ဘာသတင်းမီဒီယာတွေမှာ ဖော်ပြတဲ့ မြန်မာအရေးဆောင်းပါးတွေကို မူရင်းအာဘော်မပျက် ဦးကျော်ဇံသာက ကောက်နုတ် တင်ဆက်ထားပါတယ်။
ကုလအတွင်းရေးမှူးချုပ် အထူးကိုယ်စားလှယ်ရဲ့ နေပြည်တော်ခရီးစဉ်ဟာ မြန်မာ့ပြဿနာ ပြေလည်ရေးအတွက် တစုံတရာ အထောက်အကူ ဖြစ်စေနိုင်ပါသလား။ ဒီခရီးစဉ်ရဲ့ရလာဒ်က မြန်မာ့ပဋိပက္ခအပေါ် ဘယ်လိုရိုက်ခတ်လာနိုင်ပါသလဲ။ မြန်မာ့အရေးသုံးသပ်သူ ဦးရဲထွန်းနဲ့ ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ်ထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်