အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ဟာ ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အင်္ဂါနေ့က မိန့်ခွန်း ပြောကြားခဲ့ပါတယ်။ အဲဒီ မိန့်ခွန်းမှာ သမ္မတ ထရမ့်က အမေရိကန်နိုင်ငံရဲ့ စစ်ရေးအင်အားကို အမွှန်းတင် ပြောသွားသလို သူ့ရဲ့ ကုန်သွယ်ရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသား ရေးဆိုင်ရာ မူဝါဒတွေကိုလည်း ကာကွယ်သွားခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဘာသာရေး လွတ်လပ်ခွင့်ဆိုင်ရာအစည်းအဝေးတစ်ရပ်ကို နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ ကျင်းပနေစဉ်အတွင်း တနင်္လာနေ့မှာ ဦးဆောင်ကျင်းပခဲ့ပါတယ်။
အင်္ဂါနေ့က အစ္စရေးလ်နိုင်ငံမှာ ၅ လအတွင်း ဒုတိယအကြိမ် ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ လက်ရှိ ဝန်ကြီးချုပ် Benjamin Netanyahu ဟာ ဗဟိုဝါဒီ Blue and White ပါတီ ခေါင်းဆောင် အစ္စရေးစစ်တပ် အကြီးအကဲ ဟောင်း Benny Gantz နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်နေရ ပါတယ်။
ကုလသမဂ္ဂ အထွေထွေညီလာခံကို တက်ရောက်မယ့် ကမ္ဘာ့ ခေါင်းဆောင်တွေ အနေနဲ့ မဖြစ်မနေ ဦးစားပေး ဆွေးနွေးရမယ့် ကိစ္စကတော့ နျူးကလီးယား လက်နက်ထိန်းချုပ်ရေး ကိစ္စဖြစ်ပါတယ်လို့ ဥရောပနဲ့ ရုရှားက သံတမန်တွေ၊ နိုင်ငံရေးသမားတွေနဲ့ စစ်ရေး ကျွမ်းကျင်သူတွေ အယောက် ၁၀၀ ကျော် ပါဝင်တဲ့ အဖွဲ့တစ်ခုရဲ့ ကြေညာချက်မှာ ပါရှိခဲ့ပါတယ်။
ဒီ သီတင်းပတ်ထဲ ကျင်းပတဲ့ ရုရှားနိုင်ငံ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ မဲပေးသူတွေက သမ္မတ ဗလာဒီမာ ပူတင်ရဲ့ အာဏာရ ပါတီကို အကြီးအကျယ် ဆန်ု့ကျင်မဲပေးခဲ့ကြပါတယ်။ ဒီ ရွေးကောက်ပွဲ ကျင်းပရာ မော်စကိုမြို့မှာတော့ လမ်းပေါ် ဆန္ဒပြမှုတွေနဲ့ ရဲတပ်ဖွဲ့ရဲ့ နှိမ်နင်းမှုလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
စင်ကာပူနိုင်ငံက ဆေးရုံတစ်ရုံမှာ သောကြာနေ့က ကွယ်လွန်သွားခဲ့သူ ဇင်ဘာဘွေ သမ္မတ ဟောင်း ရောဘတ် မူဂါဘီရဲ့ နောက်ဆုံး ခရီး ဈာပန အခမ်းအနားကို လာမယ့် သီတင်းပတ်ကုန်မှာ ဇင်ဘာဘွေနိုင်ငံ မြို့တော် Harare မှာ ကျင်းပမှာဖြစ်ပါတယ်။
ဥရောပသမဂ္ဂက ဗြိတိန်ခွဲထွက်ရေး အငြင်းပွားမှုနဲ့ အကျပ်အတည်းတွေ ကြုံနေရချိန်မှာပဲ လာမယ့် အောက်တိုဘာလ ၁၅ ရက်နေ့မှာ ရွေးကောက်ပွဲကို အချိန်စောကျင်းပဖို့ ဗြိတိန်ဝန်ကြီးချုပ် Boris Johnson အဆိုပြုတာကို လွှတ်တော်က ဗုဒ္ဓဟူးနေ့မှာ ပယ်ချခဲ့ပါတယ်။ အပြည့်အစုံကို ကိုရဲမင်းထွန်းက တင်ပြထားပါတယ်။
Brexit အကျပ်အတည်းကြောင့် ဗြိတိန်နိုင်ငံရေး မတည်မငြိမ် ဖြစ်နေချိန်မှာပဲ အချိန် စောပြီး ကျင်းပမယ့် ရွေးကောက်ပွဲကို အောက်တို ဘာလ ၁၅ ရက်နေ့မှာ ကျင်းပဖို့ ဗြိတိန် ဝန်ကြီးချုပ် Boris Johnson က အဆိုပြုတာကို ဗြိတိသျှ ပါလီမန်က ဗုဒ္ဓဟူးနေ့မှာ ပယ်ချခဲ့ပါတယ်။
ဟောင်ကောင်မှာ ဆန္ဒပြပွဲတွေကြောင့် အကျပ်အတည်း ရင်ဆိုင်နေတဲ့ ဟောင်ကောင် အုပ်ချုပ်ရေးမှူး Carrie Lam ဟာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲတစ်ခုမှာ သူ့အနေနဲ့ ရာထူးက နုတ်ထွက်ချင်ကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။ လျှို့ဝှက် အသံဖမ်းထားချက်ကို ရိုက်တာ သတင်းဌာနက ရရှိပြီး ဖော်ပြရေးသားခဲ့တာပါ။
UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီး Filippo Grandi က အိန္ဒိယ အရှေ့မြောက်ပိုင်း အာသံပြည်နယ် တွင်း နေထိုင်သူ တစ်ဦးတစ်ယောက်မှ နိုင်ငံမဲ့တွေ မဖြစ်ရေး လိုအပ်တာတွေ ဆောင်ရွက်ပေးဖို့ အိန္ဒိယ အာဏာပိုင်တွေကို တိုက်တွန်းလိုက်ပါတယ်။
တရုတ်နိုင်ငံက ကျင့်သုံးတဲ့ လူ့အခွင့်အရေး လှုပ်ရှားသူ တွေကို တိတ်တဆိတ် ဖမ်းဆီးတဲ့ အလေ့အထကို ဆက်လက် မကျင့်သုံးဖို့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေက တောင်းဆိုခဲ့ပါတယ်။
အိန္ဒိယ အရှေ့မြောက်ပိုင်း အာသံပြည်နယ်အတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူ တိုက်ဖျက်ရေးအရ အိန္ဒိယ အစိုးရရဲ့ စီမံကိန်းအရ မှတ်ပုံတင်ထားတဲ့ နိုင်ငံသား စာရင်းကို စနေနေ့မှာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။
ဗြိတိသျှ ပါလီမန်ကို အောက်တိုဘာ လလယ်အထိ ခေတ္တ ရပ်ဆိုင်းထားဖို့ ဗြိတိန် ဝန်ကြီးချုပ် Boris Johnson ရဲ့ မေတ္တာရပ်ခံချက်ကို ဘုရင်မကြီး Elizabeth က လက်ခံလိုက်ပါတယ်။
အမေဇုံ သစ်တောအတွင်း အကြီးအကျယ် လောင်ကျွမ်းနေတဲ့ တောမီးတွေ ငြှိမ်းသတ်ဖို့အတွက် ဘရာဇီးလ်နိုင်ငံကို ငွေကြေး အထောက်အပံ့ပေးဖို့ G7 ညီလာခံအတွင်း အဖွဲ့ဝင်နိုင်ငံတွေက ကမ်းလှမ်းတာကို ဘရာဇီးလ် သမ္မတ Jair Bolsonaro က လက်မခံပဲ ပယ်ချခဲ့ပါတယ်။
သြဂုတ်လ ၂၄ ရက်နေ့က စပြီး ပြင်သစ်နိုင်ငံ၊ Biarrizt မြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ ဖွံ့ဖြိုးပြီး နိုင်ငံကြီး ၇ နိုင်ငံ ပါဝင်တဲ့ G7 ထိပ်သီး ညီလာခံ ဟာ သြဂုတ်လ ၂၆ ရက်နေ့မှာ ပြီးဆုံး ခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့က Social Weather Stations လို့ အမည်ရတဲ့ သုတေသနအဖွဲ့တစ်ခုက ပြီးခဲ့တဲ့ လက ထုတ်ပြန်တဲ့ လူထု သဘောထား စစ်တမ်းအရ ဖိလစ်ပိုင်နိုင်ငံသားတွေရဲ့ တရုတ်အပေါ် ယုံကြည်စိတ်ချရမှု ကျဆင်းလို့ လာနေပါတယ်။
သြဂုတ်လ (၁၆)ရက် သောကြာနေ့က မြောက်ကိုရီးယားနိုင်ငံက ဒုံးကျည် နှစ်စင်းကို ဂျပန် ပင်လယ်ထဲ စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။ ဒါဟာ ဒီလပိုင်းတွေထဲ မြောက်ကိုရီးယားရဲ့ ဒုံးကျည် ပစ်ခတ်မှုတွေထဲက နောက်ဆုံး စမ်းသပ်ပစ်ခတ်မှုပါ။
သြဂုတ်လ ၁၉ ရက်နေ့ဟာ ကမ္ဘာ့ လူသားချင်းစာနာမှုဆိုင်ရာ နေ့ဖြစ်ပါတယ်။ ဒီနှစ် ၂၀၁၉ ခုနှစ် ကမ္ဘာ့လူသားချင်း စာနာမှုဆိုင်ရာ နေ့မှာတော့ ကမ္ဘာတစ်ဝှမ်းက လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေမှာ ပါဝင်လှုပ်ရှားနေတဲ့ အမျိုးသမီးတွေကို အထူး ဂုဏ်ပြုထားကြောင်း ကုလသမဂ္ဂအဖွဲ့ကြီးက ပြောပါတယ်။
သီတင်းပတ် ၁၀ ပတ်ကြာ ရှည်နေပြီဖြစ်တဲ့ ဟောင်ကောင်က ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပေါ်နေစဉ် အတွင်းမှာပဲ သြဂုတ်လ ၁၄ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ ရုန်းရင်းဆန်ခတ်မှုတွေ ပိုမို ဆိုးရွားလာခဲ့ပါတယ်။
ဟောင်ကောင်အရေး အားလုံး တည်တည်ငြိမ်ငြိမ်နဲ့ အန္တရာယ် ကင်းကင်းနဲ့ ကိုင်တွယ်ဖြေရှင်းဖို့ သမ္မတ Trump က တိုက်တွန်းခဲ့သလို ဟောင်ကောင် ရဲတပ်ဖွဲ့က နိုင်ငံတကာ စံညွှန်း တွေနဲ့ မကိုက်ညီတဲ့ နည်းလမ်းတွေ သုံးပြီး ဆန္ဒပြပွဲကို နှိမ်နင်းခဲ့တာကို စုံစမ်း စစ်ဆေးဖို့ကိုလည်း ကုလ မဟာမင်းကြီး Bachelet ကတောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်