အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သောကြာနေ့မှာ နွေရာသီ အပန်းဖြေခရီးအဖြစ် နယူးဂျာစီ ပြည်နယ်က သူ့ရဲ့ ဂေါက်ကလပ် အနားယူစခန်းကို မသွားမီ အမေရိကန်နိုင်ငံအတွင်း သေနတ်ထိန်းချုပ်မှု ဥပဒေသစ်တစ်ရပ် ပြဌာန်းဖို့အရေး အလားအလာတွေ ရှိတယ်ဆိုပြီး ယုံကြည်မှုအပြည့်နဲ့ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ဖြစ်ပွားခဲ့တဲ့ သေနတ် ပစ်ခတ်မှု နှစ်ခုကြောင့် လူ ၃၁ ဦး သေဆုံးပြီးနောက်မှာ အမေရိကန်နိုင်ငံတစ်ခွင်က မြို့ဝန် စုစုပေါင်း ၂၁၄ ယောက်ဟာ လက်နက်ထိန်းချုပ်ရေး ဥပဒေသစ် အမြန်ဆုံး ပြဌာန်းပေးဖို့ အမေရိကန် အထက်လွှတ်တော်ထံ စာရေး တောင်းဆိုခဲ့ကြပါတယ်။
အမေရိကန် ဗဟိုဘဏ်ဖြစ်တဲ့ US Federal Reserve ရဲ့ ဥက္ကဌက ဇူလိုင်လ ၃၁ ရက်နေ့မှာ ဘဏ်အတိုးနှုန်း ဝ.၂၅ ရာခိုင်နှုန်း လျှော့ချရတဲ့ အကြောင်းတစ်ခုက ကမ္ဘာ့စီးပွားရေး တိုးတက်မှု အားနည်းနေတာနဲ့ ကုန်သွယ်ရေးမှာ တင်းမာမှုတွေ ရှိနေတာကြောင့်ဖြစ်တယ်လို့ ပြောပါ တယ်။
တရုတ်ထက် အင်အားလျော့နည်းတဲ့ ဒေသတွင်းက အိမ်နီးချင်းနိုင်ငံတွေဟာ ဒီတလော တရုတ်နိုင်ငံက ပြုလုပ်ခဲ့တဲ့ စစ်ရေးလေ့ကျင့်မှုကြောင့် စိုးရိမ်စိတ်တွေ ဖြစ်တာကို မပြသခဲ့ကြပါဘူး။ တရုတ်စစ်ရေးလေ့ကျင့်မှုတွေကို မြင်ရကြားရတာ များလာလို့ ရိုးလာတာကြောင့် အရင်လောက် အထိတ်တလန့် မဖြစ်ကြတော့ဘူးလို့ကျွမ်းကျင်သူတွေက ပြောပါတယ်
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ (၂၆)ကြိမ်မြောက် အာဆီယံ ဒေသ လုံခြုံရေး ဆွေးနွေးပွဲ (ARF) မကျင်းပခင် ရက်ပိုင်းအလိုမှာပဲ မြောက်ကိုရီးယားနိုင်ငံက ဒုံးပျံ စနစ်သစ်တစ်ခုကို စမ်းသပ် ပစ်လွှတ်ခဲ့ပါတယ်။
အစည်းအဝေးမှာ အရှေ့တောင်အာရှ ဒေသဆိုင်ရာ နိုင်ငံရေး၊ စီးပွားရေးနဲ့ လုံခြုံရေး ကိစ္စတွေအပြင် မြန်မာနိုင်ငံက ရိုဟင်ဂျာ အရေးကိစ္စကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။
တရုတ်နိုင်ငံရဲ့ ရပ်ဝန်းတစ်ခု လမ်းတစ်ခုလို့ ခေါ်တဲ့ BRI ခါးပတ်လမ်းစီမံကိန်းရဲ့ ရည်မှန်းချက်ပန်းတိုင်ဟာ ဒေသတွင်း အခြေခံ အဆောက်အအုံ တိုးတက်ရေးထက် တရုတ် ပို့ကုန်လုပ်ငန်း ရှင်သန်ရေးအတွက် ပိုပြီး ဦးတည်ဆောင်ရွက်နေတာကို မြင်တွေ့လာ နေရပါတယ်။
အမေရိကန်ပြည်ထောင်စု အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မတီရဲ့ ဆပ်ကော်မတီတစ်ခုဖြစ်တဲ့ အာရှ၊ ပစိဖိတ်နဲ့ လက်နက် မပြန့်ပွားရေး ဆပ်ကော်မတီ ကြားနာ စစ်ဆေးပွဲကို ဇူလိုင်လ ၂၅ ရက်နေ့ မနက် ၁၀ နာရီမှာ ဝါရှင်တန် ဒီစီ၊ ကွန်ဂရက် အဆောက်အဦးမှာ ကျင်းပခဲ့ပါတယ်။
ဘယ်လို အတားအဆီးတွေရှိပါစေ အပြီးသတ် ဆုံးဖြတ်ချက်က ကျွန်တော့်ဆီက လာမှာပါ။ ကျွန်တော်တို့ အစိုးရက ဒီ တိုင်းပြည်နဲ့ ထိုက်တန်တဲ့ ခေါင်းဆောင်မှုမျိုးကို ပေးသွားမှာပါ။ ဒီလို ခေါင်းဆောင်မှု အခုပဲ စပါပြီ။
အထူးဆက်ဆံရေးလို့ အမည်တွင်တဲ့ အမေရိကန်နဲ့ ဗြိတိန်နိုင်ငံနှစ်နိုင်ငံ ဆက်ဆံရေးဟာဗြိတိန်သံရုံးက သံတမန်ကြေးနန်းစာ ပေါက်ကြားမှု သတင်းတွေကြောင့် ဒီ သီတင်းပတ်ထဲ အဆင်မချော ဖြစ်နေခဲ့ပါတယ်။
သံတမန် ကြေးနန်းစာ ကို တုံ့ပြန်တဲ့အနေနဲ့ ဒီကနေ့ Twitter မှာ သမ္မတ ထရမ့်က ဗြိတိန် သံအမတ်ကြီး Kim Darroch ကို ပေါတောတောနဲ့ ရယ်စရာကောင်းသူအဖြစ်ရေးထားသလို ဒီ သံအမတ်ကြီးကို သူ မသိရှိကြောင်း လူတွေကတော့ ဟိတ်ဟန်များတဲ့ အရူးလို့ တော့ သူ့ကို ပြောကြောင်း ဒီ သံအမတ်ကို ပြောလိုက်စမ်းပါလို့ ရေးသားခဲ့ပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ပြင်းပြင်းထန်ထန် ဝေဖန်ထားတဲ့ ဝါရှင်တန်ဒီစီ၊ ဗြိတိန် သံရုံးက ပေးပို့ခဲ့တဲ့ သံတမန် ကြေးနန်းတစ်စောင် ဗြိတိန်နိုင်ငံအတွင်း ပေါက်ကြားခဲ့ပါတယ်။
ICC တရားရုံးက ဇူလိုင်လ ၄ ရက်နေ့မှာ သတင်း တစ်ရပ် ထုတ်ပြန်ခဲ့ရာမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်အကြားက အခြေအနေနဲ့ ပတ်သက်ပြီး ICC အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ စတင် လုပ်ဆောင်နိုင်ဖို့ အတွက် ဥပဒေ အခွင့်အာဏာ ပေးအပ်ဖို့ ICC ရှေ့နေ Fatou Bensouda က ICC တရားသူကြီးတွေထံ တောင်းဆိုခဲ့ကြောင်း ဖော်ပြပါရှိခဲ့ပါတယ်။
ဒီနေ့ ကျရောက်တဲ့ ၂၄၃ ကြိမ်မြောက် အမေရိကန်နိုင်ငံ လွတ်လပ်ရေးနေ့အခမ်းအနားကို အရင်နှစ်တွေကနဲ့ မတူ တမူထူးခြားစွာ ကျင်းပဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ညွှန်ကြားခဲ့ပါတယ်။
၂၀၁၈ ခုနှစ် အောက်တိုဘာလ အတွင်းက ဆော်ဒီ သတင်းထောက် Jamal Khashoggi လုပ်ကြံံသတ်ဖြတ်ခံရမှုမှာ တာဝန်ရှိတဲ့ ဆော်ဒီ အရာရှိတွေကို အပြစ်ပေး အရေးယူဖို့ နိုင်ငံတကာက အစိုးရတွေကို ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူး တဦးဖြစ်သူ Agnes Callamard က တောင်းဆို လိုက်ပါတယ်။
အီရန်နဲ့ နျုကလီးယားအရေး ဆွေးနွေးရာမှာ အဓိက ပါဝင်ခဲ့တဲ့ ဥရောပနိုင်ငံတွေက အမေရိကန်နဲ့ အီရန်ကြား တင်းမာနေတဲ့ အခြေအနေပေါ် စိုးရိမ်နေပါတယ်။ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားဆက်ဆံရေးမူဝါဒအကြီးအကဲ Federica Mogherini ဝါရှင်တန်ကို လာဖို့ ရှိပါတယ်။ Henry Ridgwell ရဲ့သတင်းပေးပို့ချက်ကို ကိုရဲမင်းထွန်းတင်ပြပါမယ်။
မြန်မာစစ်တပ်က ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် ခိုင်မာတဲ့ ပြုပြင်ပြောင်းလဲရေးတွေ မလုပ်ဆောင်ရင် မြန်မာစစ်တပ်ကို ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဆောင်မယ့် ဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မတီက ဇွန်လ ၂၀ ရက်နေ့က အတည်ပြုခဲ့ပါတယ်။
မြန်မာနိုင်ငံ နယ်စပ် အနီးအနားက ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိနေတဲ့ သက်ကြီးရွယ်အိုတွေဟာ သူတို့အတွက် လိုအပ်နေတဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ မရရှိကြဘူးလို့ Amnesty International အဖွဲ့က ပြောပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းရဲ့ ဖိတ်ကြားချက်အရ တရုတ် သမ္မတ ရှီဂျင်ပင်း မြောက်ကိုရီးယားနိုင်ငံကို ဇွန်လ (၂၀) နဲ့ (၂၁) ရက်နေ့တွေမှာ သွားရောက်မှာ ဖြစ်ပါတယ်။ ဒီ ခရီးစဉ်ဟာ ၁၄ နှစ်အတွင်း တရုတ်သမ္မတ တစ်ဦးအနေနဲ့ မြောက်ကိုရီးယားနိုင်ငံကို ပထမဆုံး သွားရောက်တာ ဖြစ်မှာပါ။
အီရန် အဏုမြူစွမ်းအင် အေဂျင်စီရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က အီရန်နိုင်ငံ အနေနဲ့ အီရန်အပေါ် ကန့်သတ်ထားတဲ့ သန့်စင် ယူရေနီယံ ပမာဏ ကီလိုဂရမ် ၃၀၀ ထက် ကျော်လွန် ထုတ်လုပ်တော့မှာဖြစ်ကြောင်း တနင်္လာနေ့က အီရန်ရဲ့ Arak နျူကလီးယား စက်ရုံမှာ ပြုလုပ်တဲ့သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်