မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဘက်က စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ ဇွန်လ ၂၁ ရက်နေ့ကနေ ၂၃ ရက်အတွင်း တရားရုံးကြားနာမှုတွေ ရှိခဲ့ပြီး တရားလိုပြ သက်သေတွေကို စစ်ဆေးခဲ့ပါတယ်။
စစ်ကိုင်းတိုင်း ပုလဲမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဒီနေ့မှာ သေနတ်တွေနဲ့ ပစ်ခတ်ပြီး ဝင်ရောက် ဖျက်ဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တရုတ်-မြန်မာနယ်စပ်၊ မံစီမြို့နယ်၊ မန့်ဝိန်းကြီးဒေသမှာ တရုတ်နိုင်ငံဘက် ဒေသခံတွေက မြန်မာပိုင်နယ်မြေအတွင်း ခြံစည်းရိုးခတ်လာတာကြောင့် နှစ်ဘက်ဒေသခံတေကြား အငြင်းပွားနေပါတယ်။ ဒီကိစ္စကို မြန်မာအာဏာပိုင်တွေအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ မန့်ဝိန်းကြီဒေသခံတွေက လိုလားနေကြပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတချို့မှာ ရေကြီးရေလျှံတာတွေတာကြောင့် ကလေးတွေ အရေပြားရောဂါနဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေကြပါတယ်။ သောက်သုံးစရာ ရေအခက်အခဲဖြစ်နေတယ်လို့ ဒုက္ခသည်တယောက်ကလည်း ပြောပြပါတယ်။
ဒီတပတ် အားကစားအစီအစဉ်မှာတော့ ယူရို ၂၀၂၀ ဥရောပ ဖလား ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်တွေအကြောင်း၊ ဘောလုံးပွဲ အရှုံးအနှိုင် တိရစ္ဆာန်တွေသုံးတဲ့ ခန့်မှန်းချက်တွေနဲ့ အမေရိကန် အိုးပင်း ဂေါက်ဖ်သီးရိုက်ပြိုင်ပွဲအကြောင်း သတင်းတွေကို ကိုရန်နိုင် တင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း ကလေးမြို့မှာတော့ စစ်ကောင်စီတပ်တွေက မနေ့ညက လူ ၃ ယောက်ကို ဖမ်းဆီးသွားခဲ့ပြီး အဲဒီဖမ်းဆီးသွားသူတွေထဲမှာ အသက်မပြည့်သေးတဲ့ လူငယ် ၂ ဦးလည်း ပါဝင်တယ်လို့ ကလေးမြို့ခံတွေက ပြောပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ်နဲ့ နိုင်ငံတဝန်းက မြို့တွေအတော်များများမှာ ဒီနေ့ ပန်းသပိတ်လှုပ်ရှားမှုကို ဆင်နွဲှခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်းဟာ လက်ရှိမှာ ကိုဗစ်ကူးစက်မှု အများဆုံးဖြစ်နေပြီး ရန်ကုန်ကတော့ ဒုတိယအများဆုံး ရှိနေတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။ စစ်ကိုင်းတိုင်းက မြို့နယ် ၅ ခုနဲ့ ချင်းပြည်နယ်က မြို့နယ်နှစ်ခုမှာတော့stay at home အိမ်တွင်းနေအမိန့်ထုတ်ပြီး အသွားအလာ ကန့်သတ် ထားပါတယ်။
ဧပြီနဲ့ မေလအတွင်းက စစ်ကောင်စီတပ်နဲ့ ကချင်လက်နက်ကိုင် KIA အကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့ မိုးမောက်နဲ့ ဒေါ့ဖုန်းယန်မြို့နယ်အတွင်းမှာ မြေမြုပ်မိုင်းနဲ့ လက်နက်ကြီးကျည်တွေကြောင့် ဒေသခံတွေ ထိခိုက်မှုရှိနေသလို ရွာအနီးဝန်းကျင် သွားလာဖို့အတွက်လည်း အခက်အခဲရှိနေကြပါတယ်။
ဒီတပတ် အားကစားကဏ္ဍမှာတော့ ယူရို ၂၀၂၀ ဥရောပ ဖလားဘောလုံးပြိုင်ပွဲ အကြောင်းသတင်းတွေနဲ့ ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲ သတင်းတွေကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ နိုင်ငံတဝန်းမှာ အရှိန်အဟုန်မြှင့် ပျံ့နှံ့လာနေပြီး အဲဒီအတွက် လူအမြောက်အမြား သေကျေပျက်စီးနိုင်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး Michelle Bachelet က သတိပေး ပြောလိုက်ပါတယ်။
ရခိုင်ပြည်၊ ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ်တွေထဲမှာရှိတဲ့ ပြည်တွင်းဒုက္ခသည် IDP စခန်းတွေ ပိတ်သိမ်းရေးနဲ့ နေရပ်စွန့်ခွာသူတွေ ပြန်လည်နေရာချထားရေးအတွက် ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။
မြန်မာနိုင်ငံက စာသင်ကျောင်းနဲ့ ပညာရေးအဆောက်အဦး ၁၀၀ ထက်မနည်း မေလ တလတည်းမှာတင် ဖောက်ခွဲတိုက်ခိုက်ခံရလို့ ထိခိုက် ပျက်စီးခဲ့တယ်လို့ ကလေးသူငယ် ကူညီစောင့်ရှောက်ရေးအဖွဲ့ Save the Children က ဒီနေ့ ဇွန်လ ၁၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
အိန္ဒိယနိုင်ငံနဲ့ နယ်စပ်၊ မြစ်ဝကျေးရွာကနေ ချင်းပြည်နယ်၊ ပလက်ဝမြို့ကို ရောက်လာသူ ၇ ဦးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာကြောင့် ပလက်ဝမြို့မှာ ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေး တင်းတင်းကြပ်ကြပ်ဆောင်ရွက်နေသလို အခြေခံပညာကျောင်းတွေကိုလည်း ယာယီပိတ်လိုက်
ဒီပတ် အားကစား အစီအစဉ်မှာတော့ ကမ္ဘာကျော် ဖိလစ်ပိုင် လက်ဝှေ့သမား Manny Pacquiao ရဲ့ ဝတ်ပြု ဆုတောင်းပွဲနဲ့ ယူရို ၂၀၂၀ ဘောလုံးပြိုင်ပွဲအတွက် အသင်းတွေရဲ့ ပြင်ဆင်မှု အခြေအနေ စတဲ့သတင်းတွေအပါအဝင် အားကစားသတင်းတချို့ကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
ဆက်လက်ပြီး တပတ်အတွင်း အားကစား အစီအစဉ်ကို ကိုရန်နိုင်က တင်ပြပါလိမ့်မယ်။
ဒီတပတ် တပတ်အတွင်း အားကစားကဏ္ဍမှာတော့ စပိန် Laliga ဘောလုံးပြိုင်ပွဲ၊ အမေရိကန် PGA ဂေါက်သီးပြိုင်ပွဲအကြောင်း သတင်းတွေအပြင် ၂၀၁၈ ပြင်သစ် အိုးပင်းချန်ပီယံ လာမယ့် ပြင်သစ် အိုးပင်းနဲ့ လွဲချော်သွားတဲ့သတင်းတွေကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်က သုဝဏ္ဏပန်းခြံရှေ့မှာ ဒီနေ့ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရသွားခဲ့ပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်က မြို့သစ်၊ ကုန်းလောနဲ့ စီဟတ်ကျေးရွာအနီးမှာ ကြာသပတေးညက တိုက်ပွဲဖြစ်ပွားခဲ့ပြီး ရွာသား ၂ ယောက် လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရခဲ့သလို ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့မှာလည်းပေါက်ကွဲမှုဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူ ၅ယောက် သေဆုံးခဲ့ပါတယ်။ ကိုရန်နိုင် က တင်ပြပေးပါမယ်။
ဒီသီတင်းပတ် အားကစား ကဏ္ဍမှာ ဥရောပဖလား ဘောလုံးပြိုင်ပွဲအတွက် ပြင်ဆင်နေကြတဲ့အကြောင်းတွေနဲ့ ကမ္ဘာ့ ဘောလုံးအသင်းနဲ့ပတ်သက်တဲ့ သတင်းတွေကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်