မြန်မာနိုင်ငံမှာ COVID-19 ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို အရှိန်မြှင့် ဆောင်ရွက်နေတယ်လို့ ကျန်းမာရေးဌာန၊ တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။ ထိုင်းနဲ့ အိန္ဒိယကနေ ရောဂါပျံ့နှံ့မလာအောင် ဘယ်လို တားဆီးထားသလဲစတဲ့ မြန်မာနိုင်ငံက ကိုဗစ်ကပ်ရောဂါအခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်ကပြောပြပါမယ်။
တပတ်အတွင်း အာကစားအစီအစဉ်မှာ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလားဘောလုံးပွဲ ကစားသမားတွေ ဘေးကင်းရေးအစီအစဉ်၊ ကမ္ဘာ့ဘောလုံးလောက အားကစာသမားတွေ ငှားရမ်းမှုအကြောင်း သတင်းတွေနဲ့ Well Fargo PDA ဂေါက်သီး ပြိုင်ပွဲအကြောင်း သတင်းတွေကို ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်မှာတော့ စစ်ကောင်စီတပ်တွေဘက်က ပစ်ခတ်တာကြောင့် ဆန္ဒပြပြည်သူ ၁ ဦး သေဆုံးပြီး ဒဏ်ရာရသူတချို့ ရှိတယ်လို့ မြို့ခံဆန္ဒပြသူတဦးက ပြောပါတယ်။
ရန်ကုန်၊ မန္တလေး အပါအဝင် မြို့တချို့မှာ တက္ကသိုလ်တွေကို ပြန်ဖွင့်နေပေမယ့်လည်း တက္ကသိုလ်တွေမှာ ကျောင်းတက်တဲ့သူ အရေအတွက်ဟာ ဆယ်ဂဏန်းလောက်ပဲ ရှိတယ်လို့ တက္ကသိုလ်ဆရာ၊ ဆရာမတွေက ပြောပါတယ်။
အခု တပတ်အတွင်းအားကစားသတင်းတချို့ကို ကိုရန်နိုင် စုစည်းတင်ပြပါလိမ့်မယ်။
ရန်ကုန်၊ မန္တလေး အပါအဝင် နိုင်ငံတဝန်းက မြို့တွေ အတော်များများမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ဒီနေ့ ဆက်လက် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းတာတွေကြောင့် နိုင်ငံတဝန်းမှာ ၆ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး အတော်များများ ထိခိုက်ဒဏ်ရာ ရသွားခဲ့ပါတယ်။
ရန်ကုန်မြို့ ရန်ကင်းမြို့နယ်အတွင်းမှာ ဒီနေ့ နေ့လယ်ပိုင်းက ပေါက်ကွဲမှု ၃ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး မြို့နေရာအနှံ့မှာ လုံခြုံရေးတွေ တင်းတင်းကျပ်ကျပ် ချထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ကချင်ပြည်နယ် မိုးမောက်မြို့နယ်အတွင်း ၇ ရက်မြောက်နေ့အထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။ ဒေသခံရွာသားတွေ မိုးမောက်မြို့ကို တိမ်းရှောင်နေကြပါတယ်။ ရန်ကုန်ကလာတဲ့ မိုးမောက်တိုက်ပွဲ နောက်ဆုံးအခြေအနေကိုတော့ ကိုရန်နိုင်က ပြောပြထားပါတယ်။
ဒီတပတ် တပတ်အတွင်း အားကစား အစီအစဉ်မှာ အင်္ဂလန်က Carabao ဖလားခေါ် Lead ဖလား နောက်ဆုံးပွဲစဉ်အကြောင်းနဲ့ အပါအဝင် တခြား တပတ်အတွင်း အာကစားသတင်းတွေကို ကိုရန်နိုင်က တင်ပြပါလိမ့်မယ်။
ဆန္ဒပြသပိတ်တွေကို စစ်ကောင်စီဘက်က ပစ်ခတ်နှိမ်နင်း ဖမ်းဆီးမှုတွေ ရှိနေတဲ့ကြားကပဲ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နိုင်ငံတဝန်းမှာ ဒီနေ့အထိ ဆက်လက်ဖြစ်ပွားနေပါတယ်။
မြန်မာနိုင်ငံနဲ့နယ်စပ်ဖြစ်တဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ဖက်မှာ ကိုဗစ်ထိန်းချုပ်ရေး စည်းကမ်းချက်တွေ တိုးမြှင့်နေတာကြောင့် မြန်မာ တရုတ် နယ်စပ်ကုန်သွယ်ရေး ထိခိုက်နေပါတယ်။
မြင်းခြံမြို့အနီးက သပြေအေးရွာမှာ စစ်တပ်က ဒီကနေ့ ပစ်ခတ်တာကြောင့် ၅ ဦးကျည်ဆံထိမှန်ပြီး ၁ ဦးက စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေပါတယ်။ ဒီအကြောင်းအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်ကပြောပြပါမယ်။
တရုတ်နိုင်ငံထဲဝင်မယ့် မြန်မာကုန်ကားတစီးကို COVID စစ်ဆေးမှုအတွက် တရုတ်ယွမ်ငွေ ၂,၀၀၀ ကျော် တိုးမြှင့်ပေးဆောင်ရမယ်လို့ ယူနန်တာဝန်ရှိသူတွေက သတ်မှတ်ခဲ့ပါတယ်။ နှစ်နိုင်ငံ ကုန်စည်စီးဆင်းမှုဟာ လုံးဝရပ်တန့်သလောက် ဖြစ်သွားကြောင်း ကိုရန်နိုင်ကပြောပြထားပါတယ်။
ဒီတပတ် အားကစားအစီအစဉ်မှာ ဥရောပ ဘောလုံးအသင်းကြီး ၁၂ သင်းရဲ့ Super League ပြိုင်ပွဲ အစီအစဉ် အငြင်းပွားမှုတွေနဲ့ ကန့်ကွက်ဝေဖန်မှုတွေအကြောင်း ကိုရန်နိုင် စုစည်းတင်ပြထားပါတယ်။
နိုင်ငံတဝန်းမှာ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေချိန်မှာပဲ စစ်ကောင်စီဘက်ကလည်း တက်ကြွလှုပ်ရှားသူတွေကို ဖမ်းဆီးတာတွေ ဆက်လက်လုပ်ဆောင်နေပြီး ရန်ကုန်မှာတော့ မနေ့ညက ၆ ယောက်ထက်မနည်း ထပ်ပြီး ဖမ်းဆီးခံခဲ့ရပါတယ်။
ဒီကနေ့ မြန်မာ့ရိုးရာ နှစ်ဆန်း ၁ ရက်နေ့မှာ မိုးကုတ်မြို့ ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွဲတာကြောင့် ဆန္ဒပြသူ ၁ ဦးထက်မနည်း သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရပါတယ်။
စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ စစ်ကိုင်းတိုင်း ကနီမြို့ပြင်မှာ မနေ့ညက ဒေသကာကွယ်ရေးအတွက်ဆိုပြီးဖွဲ့ထားတဲ့ အဖွဲ့တွေနဲ့ စစ်တပ်ကြား ထိပ်တိုက်တွေ့ခဲ့ပြီး ပစ်ခတ်တာမှာ ၆ ယောက်သေဆုံးတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထိုင်းရိုးရာ လက်ဝှေ့ကစားနည်းဖြစ်တဲ့ မွေထိုင်းဟာ ထိုင်းနိုင်ငံမှာ လူကြိုက်များပြီး ထိုင်းနိုင်ငံတဝန်းမှာ ရိုးရာလက်ဝှေ့ကစားတဲ့ လူငယ်ထောင်နဲ့ချီရှိပါတယ်။ လက်ဝှေ့ပွဲတွေကနေ ငွေကြေးအမြောက်အများရသလို တဘက်မှာလည်း လူငယ်တွေအတွက် အန္တရာယ်တွေလည်း ရှိနေပါတယ်။ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်တွေ နိုင်ငံတဝန်းက မြို့တွေအတော်များများမှာ ဒီနေ့ ဆက်လက်ဖြစ်ပွားခဲ့ပြီး စစ်ကိုင်းတိုင်း တမူးမြို့မှာတော့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းတာကြောင့် ဆန္ဒပြသူတဦး သေဆုံးခဲ့ပါတယ်။
အခုလာမယ့် အတာအင်္ကြန်ကို တော်လှန်သောသင်္ကြန်အဖြစ် ဖော်ဆောင်ပြီး သင်္ကြန်သပိတ်တွေ ဆင်နွဲသွားမှာဖြစ်တယ်လို့ မန္တလေးဆန္ဒပြသပိတ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။ ဒီသင်္ကြန် ကာလမှာ လူထုအနေနဲ့ အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေ ၊ သပိတ်တွေကို ဆက်ပြီးတော့ အသွင်ပုံသဏ္ဍန်မျိုးစုံနဲ့ ဆောင်ရွက်သွားကြမယ်လို့ဆိုပါတယ်။
နောက်ထပ်ကြည့်ရှုရန်