နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့တရားစွဲခံထားရတဲ့Reuters သတင်းထောက်တွေရဲ့အမှုကိုဒီနေ့ဆက်လက် ကြားနာ စစ်ဆေးပါတယ်။သတင်းသမားတွေမှာအပြစ်ရှိမရှိဆုံးဖြတ်ဖို့လာမယ့်သြဂုတ်လ၂၀ရက်နေ့မှာဆက်လက်ကြားနာမယ်လို့သတင်းသမားတွေရဲ့အကျိုးဆောင်ရှေ့နေက ပြောပါတယ်။
စီးပွားရေးလုပ်ငန်းကုမ္ပဏီတွေအတွက် မကြာခင်က ပြဌာန်းလိုက်တဲ့ ကုမ္ပဏီများအက်ဥပဒေသစ်ဟာ အားနည်းနေတဲ့ မြန်မာ့စီးပွားရေးကို ဘယ်လောက်အထောက်အပံ့ ဖြစ်စေပါမလဲ။ မြန်မာ့စီးပွားရေးတိုးတက်မှု ကျလာတာဟာ ဘယ်လိုအချက်တွေကြောင့်ပါလဲ။ သီတင်းပတ် သတင်းထောက်မှတ်စုအစီအစဉ်မှာ မမေခက စုစည်းတင်ဆက်ပေးထားပါတယ်။
သရုပ်ဆောင်အောင်ရဲထွေးအသတ်ခံရတဲ့အမှုကို တရားလိုဖက်ကကြေအေးပေးလို့ဆိုပြီး အမှုရုပ်သိမ်းခဲ့တဲ့အပေါ် ဝေဖန်ချက်တွေ ထွက်လာပြီးတဲ့နောက်၊ ဒီအမှုကို ရုံးတင် ပြန်စစ်ဆေးဖို့ တိုင်းဥပဒေရုံးကို ညွှန်ကြားထားတယ်လို့ သမ္မတရုံးပြောခွင့်ရက ပြောလိုက်ပါတယ်။
ဗဟိုဘဏ်ဥက္ကဋ္ဌအနေနဲ့ သက်တမ်းပြည့်တော့မှာဖြစ်တဲ့ ဦးကျော်ကျော် မောင်ကို နောက်ထပ်သက်တမ်းငါးနှစ် ထပ်မံ တာဝန်ထမ်းဆောင်စေဖို့ သမ္မတက တာဝန်ပေးမှူနဲ့ပတ်သတ်ပြီး ဝေဖန်မှူတွေထွက်ပေါ်လျက်ရှိပါတယ်။
နိုင်ငံရဲ့ ပြည်ပကြွေးမြီ ဒေါ်လာသန်းပေါင်း ၁သောင်းကျော်ရှိနေတယ်လို့ စီမံကိန်းနဲ့ ဘဏ္ဍာ ရေးဝန်ကြီးဌာနက လွှတ်တော်ကို တင်သွင်းခဲ့ပါတယ်။ အကြွေးအများဆုံး ဝန်ကြီးဌာန ကတော့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာနဖြစ်ကာ သူ့နောက်မှာတော့ စီမံကိန်းနဲ့ ဘဏ္ဍာ ရေး ဝန်ကြီးဌာနနဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန တွေအသီးသီးရှိနေပါတယ်။
စီးပွားရေးလုပ်ငန်းကုမ္ပဏီတွေအတွက် ပြဌာန်းတဲ့ ကုမ္ပဏီများအက်ဥပဒေဟာ မကြာခင် အသက်ဝင်တော့မှာဖြစ်ပြီး၊ ဒီ ဥပဒေအသစ်အရ စီးပွားရေးကုမ္ပဏီတွေ မှတ်ပုံတင်ဖို့ ပိုပြီး လွယ်ကူချောမွေစေမှာဖြစ်တယ်လို့ ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနက ပြောလိုက်ပါတယ်။
တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံဟာ သိသာအောင်မြင်တဲ့ ရလဒ်တွေ ထွက်မလာနိုင်တာမို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ တကယ်ပဲ အလုပ်ဖြစ်ပါ့မလား သံသယတွေ ဖြစ်နေပါတယ်။ ဒီ ငြိမ်းချမ်းရေးညီလာခံကနေ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဘယ်လောက် အထောက်အကူပြုပါသလဲ။ ဒီသီတင်းပတ်ရဲ့ သတင်းထောက်မှတ်စုမှာ မမေခ က စုစည်းတင်ပြသွားမှာပါ။
ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပတဲ့ ၇၁ ကြိမ်မြောက် အာဇာနည်နေ့ နိုင်ငံတော်အခမ်းအနားကို ဒုသမ္မတ ဦးမြင့်ဆွေဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ လွှတ်တော်ဥက္ကဌတွေ တတ်ရောက်သလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်လည်း တတ်ရောက် ဂါရဝပြုခဲ့ကြပါတယ်။ မမေခ သတင်းပေးပို့ထားပါတယ်။
ရန်ကုန်မြို့ အာဇာနည်ဗိမာန်မှာ ကျင်းပတဲ့ ၇၁ ကြိမ်မြောက် အာဇာနည်နေ့ နိုင်ငံတော်အခမ်းအနားကို ဒုသမတ ဦးမြင့်ဆွေဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ လွှတ်တော်ဥက္ကဌတွေ တတ်ရောက်သလို၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်လည်း တတ်ရောက် ဂါရဝပြု ခဲ့ကြပါတယ်။
နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေ ဖောက်ဖျက်တယ်ဆိုတဲ့ စွတ်စွဲချက်နဲ့ ရိုက်တာသတင်းသမားနှစ်ဦးကို စွဲချက်တင်ဖို့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးကနေ ဆုံးဖြတ်လိုက်ပါပြီ။ သတင်းမီဒီယာသမားတွေကို အကာအကွယ်ပေးနိုင်တဲ့ ဥပဒေ နည်းပါးတာကြောင့်၊ ရိုက်တာသတင်းသမားနှစ်ဦးအမှုမှာ ပြန်လည်ခုခံဖို့ အားနည်းနေတယ်လို့ သတင်းသမားတွေရဲ့ ရှေ့နေတွေက ပြောပါတယ်။
ရိုက်တာသတင်းထောက် ၂ ယောက်ကို ဖမ်းဆီးစစ်ဆေးနေတာဟာ ၆ လ ကျော်အကြာ ဇူလိုင် ၉ ရက်နေ့ကျရင်တော့ သူတို့ကို နိုင်ငံတော်လ ျှို့ဝှက်အက်ဥပဒေနဲ့ တရားစွဲသင့်မသင့်ကို ဆုံးဖြတ်မှာဖြစ်ပါတယ်။ ဒီအမှုနဲ့ပါတ်သက်လို့ ထွက်ပေါ်နေတဲ့ အမြင်အမျိုးမျိုးကို ဗွီအိုအေသတင်းထောက်မေခက သတင်းထောက်မှတ်စုအဖြစ် စုစည်းတင်ပြထားပါတယ်။
လာမယ့် ဇူလိုင် ၉ ရက်နေ့မှာ အစိုးရနဲ့ အမှုရင်ဆိုင်နေရတဲ့ ရိုက်တာသတင်းဌာနသတင်းထောက် တွေကို နိုင်ငံတော် လ ျှို့ဝှက် အက်ဥပဒေနဲ့ တရားစွဲသင့်မသင့် ကို ဆုံးဖြတ်ပေးသွားမယ်လို့ ဒီကနေ့မြောက်ပိုင်းခရိုင်တရားရုံးက ဆုံးဖြတ် လိုက်ပါတယ်။
ပဋိပက္ခတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြန်လည်တည်ငြိမ်မှုရှိလာနေပါပြီ။ ဒါပေမဲ့ မတူညီတဲ့ အသိုင်းအဝိုင်း ၂ ခုကြား ယုံကြည်မှုရှိဖို့ကတော့ အတော်လေး ပြန်လည်တည်ဆောက်ရမယ့် အခြေအနေ ဖြစ်နေပါတယ်။ တတိယအကြိမ် ရခိုင်မြောက်ပိုင်းကို သွားရောက်ခဲ့သူ VOAသတင်းထောက်မမေခက သတင်းထောက်မှတ်စုအနေနဲ့ တင်ပြပေးပါမယ်
စတုတ္ထ အကြိမ် ပြင်ဆင်လိုက်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကိုဒီကနေ့ ပြည်ထောင်စုလွှတ်တော်မှာ အ တည် ပြုလိုက်ပါ တယ်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အရှိန်အဟုန်မြင့်လုပ်ဆောင်လာတဲ့ NLD အစိုးရလက် ထက်မှာ ဒီဥပဒေကို ပြန်လည်ပြင်ဆင်တာဖြစ်ပါတယ်။
ဒုက္ခသည် ပြန်လည်လက်ခံရေး မြန်မာနဲ့ဘင်္ဂလားဒေရှ့်နိုင်ငံ သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ဒုက္ခသည်တွေဖြည့်စွက်ရမယ့် ကိုယ်ရေးအချက်အလက်ပုံစံတွေကို တဖက်အာဏာပိုင် ဘက်က ဖြန့်ဝေပေးတာ မရှိဘူးလို့ ပြန်လည်ရောက်ရှိလာကြတဲ့ ဒုက္ခသည်အချို့ကပြောပါတယ်။
ပဋိပက္ခရှိခဲ့တဲ့ ရခိုင်မြောက်ပိုင်းအခြေအနေ တည်ငြိမ်ပြီး လုံခြုံရေးနဲ့ဖွံဖြိုးရေးပိုင်း တစုံတရာပြန်ကောင်းမွန်လာတာကို တွေ့ရတယ်ဆိုပေမယ့်လည်း ဒေသတွင်း မတူညီတဲ့ လူမှုအသိုင်းအဝိုင်း၂ခုကြား အပြန်အလှန်လက်ခံယုံကြည်မှုရှိလာဖို့ အနေအထားကတော့ လိုအပ်နေသေးကြောင်း ကိုယ်တိုင်ရောက်ရှိနေတဲ့ မမေခက သတင်းပေးပို့ထားပါတယ်။
ပဋိပက္ခတွေရှိခဲ့တဲ့ ရခိုင်မြောက်ပိုင်းဒေသမှာ အခြေအနေတွေ တည်ငြိမ်ပြီး လုံခြုံရေးနဲ့ဖွံဖြိုးရေးပိုင်း တစုံတရာပြန်လည်ကောင်းမွန်လာတယ် တွေ့ရပါတယ်။ ဒါပေမယ့်လည်း ဒေသတွင်း နေထိုင်တဲ့ မတူညီတဲ့ လူမှုအသိုင်းအဝိုင်းနှစ်အခုအကြား အပြန်အလှန်လက်ခံယုံကြည်မှုရှိလာဖို့ အနေအထားကတော့ လိုအပ်နေသေးတယ်။
ဒုက္ခသည် ပြန်လည်လက်ခံရေး မြန်မာနဲ့ဘင်္ဂလားဒေရှ့်နိုင်ငံ သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ဒုက္ခ သည်တွေဖြည့်စွက်ရမယ့် ကိုယ်ရေး အချက်အလက်ပုံစံတွေကို တဖက်အာဏာပိုင် ဘက်က ဖြန့်ဝေပေးတာ မရှိဘူးလို့ ပြန် လည်ရောက်ရှိလာကြတဲ့ ဒုက္ခသည်အချို့ကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်သြဂုတ်လအတွင်း ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို လူတွေသိန်းနဲ့ချီထွက်ပြေးခဲ့တဲ့ အဖြစ်အပျက်တွေရှိခဲ့ရာ ရခိုင်ပြည်နယ်မြောက်ပိုင်းကို VOA သတင်းထောက်တွေ အခုရောက်နေကြပါတယ်။
အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး စစ်ဆေးခံခဲ့ရတဲ့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဟောင်း ဦးကျော်ဝင်းကို တိုင်တန်းချက်တွေဟာ အရေးယူနိုင်လောက်တဲ့အထိ ခိုင်လုံမှုမရှိကြောင်း အဂတိ လိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် ကော်မရှင်က ဒီကနေ့ ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်