မနက်ဖြန် ဇွန်လ ၈ ရက်နေ့ နေပြည်တော်မှာကျင်းပဖို့ရှိနေတဲ့ အမျိုးသားနဲ့ ပြည်သူ လွှတ်တော်အစည်းအဝေးနှစ်ရပ်စလုံးကို ပယ်ဖျက်လိုက်ပြီး၊ ဘာကြောင့် အခုလိုလုပ်သလဲဆိုတာ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင် ရှင်းရှင်းလင်းလင်းမသိရပါဘူး။
မေလ ၂၂ ရက်နေ့ မလေးရှားနိုင်ငံ ၊စီမရစ်မြို့မှာရှိတဲ့ ကုန်လှောင်ရုံအတွင်း မူးရစ်ဆေးဝါးများကို မြန်မာ(၃)ဦးပါ တရားခံ (၆)ယောက် နှင့်အတူမလေးရှား အကောက်ခွန်ဦးစီးဌါန ကဖမ်းဆီ်းနိုင်ခဲ့ပါတယ် ။ အမှုကွင်းဆက်အရ တာမွေမြို့နယ် နတ်မောက်ရပ်ကွက်နေ ထွက်ပြေးတိမ်းရှောင်နေသူ မောင်မောင် (ခ) Hj Yassin ကို ရှာဖွေခဲ့ရာမှာ ပြင်ဦးလွင် ၁၆ မိုင် မှာ ဖမ်းမိခဲ့တာလို့ ပြည်ထဲရေးထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့ဝင်တွေလုံခြုံရေးအတွက် ကားဝယ်ဖို့ သိန်း၉ထောင်နီးပါး အသုံးစရိတ်တင်ပြတောင်းဆိုမှုအပေါ် အများပြည်သူအကြားဝေဖန်မှုတွေ မြင့်တက်နေသလို ရန်ကုန်တိုင်းလွှတ်တော်မှာလည်း အချေအတင်ဖြစ်နေပါတယ်။
ရခိုင်ဒေသကနေ တဖက်နိုင်ငံဘက်ကို စွန့်ခွာသွားကြတဲ့ မူစလင်ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ မှာ ကုလသမဂ္ဂ အေဂျင်စီ တွေအနေနဲ့ ပွင့်လင်းမြင်သာမှု ရှိစွာ ပူးပေါင်းပါဝင်နိုင်မယ်လို့ မြန်မာအစိုးရဘက်ကဆိုလိုက်ပါတယ်။ ပြန်လည်လက်ခံရေးအပြင် ပြန်လည်နေရာချထားရေးပိုင်းမှာပါ ကုလသမဂ္ဂ အေဂျင်စီတွေနဲ့ပူးတွဲလုပ်ဆောင်သွားမှာလို့ဆိုလိုက်ပေမယ့် ကုလလုံခြုံရေးကောင်စီက တောင်းဆိုထားတဲ့ ရခိုင်ဒေသတွင်းစုံစမ်းစစ်ဆေးခွင့်ကိုတော့ မူလသဘောထားအတိုင်း လက်ခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ရိုက်တာသတင်းထောက်တွေကိုတရားရုံးတင်စစ်ဆေးနေတဲ့အမှုမှာအမှုကြန့်ကြာအောင်အချိန်ဆွဲနေတယ်လို့ဖမ်းဆီးခံရိုက်တာ သတင်းထောက်တွေက ပြောပါတယ်။အမှုမှာမမှန်သက်သေတင်ပြမှုတွေလည်းရှိနေတယ်လို့သူတို့က ပြောနေပါတယ်။
ပြည်ပကနေ LNG ဓာတ်ငွေ့ဝယ်ယူတင်သွင်းပြီး လုပ်မယ့် လ ျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းတွေကို တရားဝင် တင်ဒါ မခေါ်ဘဲ ဆောင်ရွက်တဲ့အပေါ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဝေဖန်ထောက်ပြမှုရှိခဲ့ပြီး တင်ဒါမခေါ်ဘဲပေးခဲ့တာ မှာ လုပ်ပိုင်ခွင့်ရတဲ့ ကုမ္ဗဏီတခုဟာ အဂတိလိုက်စားမှုကော် မရှင်ကနေ ခေါ်ယူစစ်ဆေးတယ်လို့သတင်းထွက် အပြီး ဝန်ကြီးရာထူးကနေ နှုတ်ထွက်ခဲ့တဲ့ စီမံဘဏ္ဍာဝန်ကြီး ဟောင်းဇနီး လုပ်နေတဲ့ ကုမ္ဗဏီဖြစ်နေတာမို့ တရားမ ျှတစွာ လုပ်ပိုင်ခွင့်ရတာမဟုတ်ဘူးလို့ အတိုက်အခံပါတီ ကြံ့ခိုင် ရေးအမတ်က လွှတ်တော်မှာစွပ်စွဲလိုက်ပါတယ်။
အစိုးရယန္တရားအတွင်း အဂတိလိုက်စားမှုတွေကို ပိုအရှိန်မြင့်ကိုင်တွယ်မယ်လို့ သမ္မတသစ်က ပြောသွားပြီးနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲဘက်ကလည်း ပိုပြီးလုပ်ဆောင်လာတာတွေ့ရပါတယ်။ အခုလိုအစိုးရရဲ့လုပ်ဆောင်မှုတွေက ဘယ်လောက်ထိရောက်ပါသလဲ။ သတင်းထောက်မှတ်စုအစီအစဉ်မှာ မမေခ တင်ဆက်ထားပါတယ်။
မကြာသေးခင်က အမေရိကန်အောက်လွှတ်တော်က တခဲနက် အတည်ပြုလိုက်တဲ့ မြန်မာစစ်တပ်နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေကို အရေးယူမယ့် ဥပဒေပြင် ဆင်ချက်မူကြမ်းက အမေရိကန်နဲ့ မြန်မာစစ်ဖက် ဆက်ဆံမှုအပေါ်မှာ အကန့်အသတ် ဖြစ်စေမှာမဟုတ်ဘူးလို့ တပ်ပိုင်းဆိုင်ရာ အဆင့်မြင့်အရာရှိတဦးက ဆို လိုက်ပါတယ်။ လက်ရှိနှောင့်နှေးနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ရဲ့ နှောင့်နှေးနေရမှုဟာ တပ်မတော်ရဲ့ စစ်ရေးနည်းနဲ့ဖိအားပေးမှုတွေ ကြောင့်မဟုတ်သလို၊ နိုင်ငံတော်သမ္မတက ညွှန်ကြားလာရင် စစ်ဆင်ရေးတွေ ရပ်ပေးဖို့အသင့်ရှိတယ်လို့ ပြောလိုက်ပါတယ်။
တာဝန်ကနုတ်ထွက်သွားတဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနေရာဦးကျော်ဝင်းနေရာအတွက် သမ္မတက အသက် ၈၀ အရွယ်ရှိပြီဖြစ်တဲ့ ဒီချုပ်စီးပွားရေးကော်မတီအဖွဲ့ဝင် ဦးစိုးဝင်းကို ပြည်ထောင်စုလွှတ်တော်မှာ အမည်စာရင်းတင်သွင်းလိုက်ပါတယ်။
ဘင်္ဂလားဒက်ရှ်ဘက်က ကြန့်ကြာမှုတွေကြောင့် ဒုက္ခသည်တွေကို ပြန်လက်ခံရေး မစနိုင်သေးကြောင်း မြန်မာအာဏာပိုင်တွေ ပြောနေတဲ့တချိန်တည်းဒုက္ခသည်ပြန်လက်ခံရေး မြန်မာကို ဝိုင်းပြီးဖိအားပေးကြဖို့ ဘင်္ဂလားဒက်ရှ် ဝန်ကြီးချုပ်ကလည်း တိုက်တွန်းလိုက်ပြန်ပါတယ်။
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးမှုလုပ်နေပြီး၊ မကြာခင်မှာတော့ ဒီ စုံစမ်းမှုတွေ့ရှိချက်ကို နိုင်ငံတော်သမ္မတထံ တင်ပြတော့မှာဖြစ်တယ်လို့ ကော်မရှင်ရဲ့ ဥက္ကဌက ပြောလိုက်ပါတယ်။
နိုင်ငံတော် လျို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲခံထားရတဲ့ Reuters သတင်းထောက်တွေရဲ့ အမှုမှာ ရဲတပ်ဖွဲ့ဖက်က တရားလိုပြသက်သေ အဖြစ်တင်ပြတဲ့ အထောက်အထား ၂၃ခုကို တရားရုံးက လက်ခံလိုက်ပါတယ်။ သတင်းထောက်တွေရဲ့ လက်ကိုင်ဖုန်းတွေကနေ တကယ်ရယူခဲ့ တယ် လို့ဆိုပေမယ့် တချို့အချက်တွေဖုန်းထဲဘယ်လိုရောက်နေတာကို ဖုန်းပိုင်ရှင်သတင်းထောက် တွေကိုယ်တိုင် မသိတာတွေရှိတယ်လို့ သတင်းထောက်တွေရဲ့ ရှေ့နေ ကဆိုထားပါတယ်။
ငြိမ်းချမ်းရေးဦးစားပေးမယ်ဆိုတဲ့ NLD အစိုးရလက်ထက်မှာ စစ်ရေးတင်းမာမှုတွေ ပိုများလာတာမို့ ငြိမ်းချမ်းရေးဆန္ဒပြပွဲတွေ နေရာအနှံ့ဖြစ်ပေါ်နေသလို သူတို့ကို အရေးယူတဲ့နေရာမှာ အာဏာပိုင်တွေက ဥပဒေကိုလက်တလုံးခြားအသုံးချတယ်ဆိုတဲ့ ဝေဖန်သံတွေ ကြားနေရတာပါ။ သတင်းထောက်မှတ်စုအစီအစဉ်မှာ မမေခ တင်ပြပေးထားပါတယ်။
သတင်းစုဆောင်းမှုနဲ့ CSO အခွင့်အရေး USAID တောင်းဆို
ရိုက်တာသတင်းထောက်နှစ်ဦးနဲ့အတူ သိမ်းဆည်းရမိတဲ့ ရဲတပ်ဖွဲ့ရဲ့ လျှို့ဝှက်မှတ်တမ်းတွေ ဘယ်လိုရလဲဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဒီနေ့တရားရုံးထွက်ချက်တွေမှာ ရှုပ်ထွေးစရာတွေနဲ့ ကွဲလွဲချက်တွေဖြစ်လာပါတယ်။
ရိုက်တာအမှုမှာ အမှုရင်ဆိုင်နေတဲ့ ဒုရဲမှူးဟောင်းကို ရဲစည်းကမ်းထိန်းသိမ်းရေး အက်ဥပဒေနဲ့ ထောင်တနှစ် ချခဲ့တာဟာ အမှန်တရားကိုဖြေဆိုမယ့် ရဲဝန်ထမ်းတွေ အတွက် နှုတ်ပိတ်တဲ့လုပ်ရပ်ဖြစ်တယ်ဆိုပြီးဒုရဲမှူးဟောင်း မိုးရန်နိုင်က ကနေ့ ရုံးထွက်မှာ ပြောသွားပါတယ်။
အစိုးရလျှို့ဝှက်ချက် ဥပဒေ ဖောက်ဖျက်မှုနဲ့ တရားစွဲခံထားရတဲ့ Reuters သတင်းထောက် ၂ ဦးအမှု မှာ တရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်ကို မယုံကြည် ရသော သက်သေတဦး အဖြစ် အစိုးရ ရှေ့နေဘက်က တင်ပြထားတာကို မြောက်ပိုင်းခရိုင်တရားရုံးက ဒီကနေ့ တရားရုံးကြားနာမှုအတွင်း ပယ်ချလိုက်ပါတယ်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်မတိုင်ခင်မှာပဲ ရခိုင်ပြည်နယ် အကျပ်အတည်းနဲ့ ပတ်သက်လို့ ပိုမိုကြိုးပမ်း ဆောင်ရွက်ဖို့ နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Human Rights Watch က တိုက်တွန်းလိုက်ပါတယ်။ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှု အခြေအနေတွေကို လတ်တလေ ကိုင်တွယ် ဆောင်ရွက်နေတာတွေဟာ လုံလောက်မှု မရှိဘူးလို့လည်း HRW အဖွဲ့က ပြောဆိုခဲ့တာပါ။
ရခိုင်ပဋိပက္ခအတွင်း မြန်မာစစ်တပ်ကနေ မူဆလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ် မှုတွေနဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေလုပ်ခဲ့တယ်လို့ နိုင်ငံတကာရဲ့စွပ်စွဲပြောဆိုနေတွေဟာ ထင်ကြေးအနေနဲ့ စွပ်စွဲနေတာသာ ဖြစ်ပြီး ယုံကြည်ဖို့ခက်ခဲတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က တုံပြန်လိုက်ပါတယ်။
အစိုးရလျှို့ဝှက်ချက် ဥပဒေ ဖောက်ဖျက်မှုနဲ့ တရားစွဲခံထားရတဲ့ Reuters သတင်းထောက် ၂ ဦးအမှု မှာတရားလိုပြသက်သေ ဒုရဲမှူး မိုးရန်နိုင်ကို မယုံကြည် ရသော သက်သေ ဖြစ်မဖြစ် လာမယ့် မေ (၂)ရက်နေ့မှာ တရားသူကြီးက အဖြေပေးဆုံးဖြတ်သွားမှာပါ။
နောက်ထပ်ကြည့်ရှုရန်