စီးပွားရေးလုပ်ငန်းကုမ္ပဏီတွေအတွက် ပြဌာန်းတဲ့ ကုမ္ပဏီများအက်ဥပဒေဟာ မကြာခင် အသက်ဝင်တော့မှာဖြစ်ပြီး၊ ဒီ ဥပဒေအသစ်အရ စီးပွားရေးကုမ္ပဏီတွေ မှတ်ပုံတင်ဖို့ ပိုပြီး လွယ်ကူချောမွေစေမှာဖြစ်တယ်လို့ ရင်းနှီးမြုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွန်ကြားမှု ဦးစီးဌာနက ပြောလိုက်ပါတယ်။ ဘယ်လိုများ ပိုပြီး လွယ်ကူလာမလဲ၊ ဒီလို လွယ်ကူမှုကို အသုံးချပြီး အခြားအလွဲသုံးစားလုပ်မှုတွေ ရှိလာနိုင်မလား။ ဗွီအိုအေ သတင်းထောက် မမေခ စုံစမ်းမေးမြန်းသတင်းပေးပို့ထားပါတယ်။
အရင်ကလို ကုမ္ပဏီတခုထူထောင်မယ်ဆိုရင် သတ်မှတ်ထားတဲ့ ဘဏ်ကိုသွားကာ မတည်ငွေတင်ပြရတာတွေ၊ မှတ်ပုံတင်ပြီးနောက်မှာလည်း အကြောင်းကြောင်းကြောင့် ရှယ်ရာ တိုးလျော့တာ သတ်မှတ်မတည်ငွေ တိုးလျော့တာစတာတွေကို တရားရုံးသွားပြီး တင်ပြကျမ်းကျိန်ရတာတွေ မရှိတော့ဘဲ ကုမ္ပဏီတခုကို လွယ်လင့်တကူ အွန်လိုင်းကနေ မှတ်ပုံတင်နိုင်တော့မယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြား မှုဦးစီးဌာနက ညွှန် ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးကဆိုလိုက်ပါတယ်။ ဥပဒေသစ်မှာ ဖြေလျော့လိုက် တာ တွေနဲ့ပတ်သတ်လို့ သူပြောပြလာတာက
"ကုမ္ပဏီသက်တမ်းတိုးတာမရှိတော့ဘူး စိတ်ဆိုးရင်လဲတောင်းပန်ပါတယ်။ အရင်က ၅နှစ်တကြိမ်သက်တမ်းတိုးရမှာ အခုမရှိတော့ဘူး။ ကုမ္ပဏီထောင်ပြီး အပြောင်း အလဲရှိရင် ကျနော်တို့ အွန်လိုင်းကနေတက်ပြီၤး လုပ်ပေး။ အပြောင်းအလဲမရှိရင်ဆက် လုပ်။ ဖျက်မယ်ဆိုလာပြော။ သက်တမ်းတိုးတာဘာညာဘာမှမရှိ စိတ်ချမ်းသာသလို လုပ်ကြဘဲ"
ဒီဥပဒေဟာ လာမယ့် သြဂုတ်လမှာ စတင်အသက်ဝင်မှာပါ။ ဒီလိုအသက်ဝင်လာတော့ မှာ ဖြစ်တဲ့ ဒီဥပဒေမှာ လက်ရှိ တည်ဆဲကုမ္ပဏီတွေအနေနဲ့ ပြန်လည် မှတ်ပုံတင်ဖို့လို မယ်လို့ ဦးအောင်နိုင်ဦးကဆိုပါတယ်။ ဥပဒေသစ်ဟာ နည်းဥပဒေထွက်ရှိမှာ မဟုတ်ဘူး လို့လဲ သူကဆိုပါတယ်။ ဥပဒေသစ် မှာ မှတ်ပုံတင်တဲ့ ကုမ္ပဏီတွေကို အဆင့် ၄ဆင့် ခွဲခြားဖော်ပြမှာဖြစ်ပြီး တိကျတဲ့ ဥပဒေလိုက်နာမှူရှိတဲ့ ကုမ္ပဏီ၊ ဥပဒေချိုးဖောက်မှူ တစုံတရာရှိထားတဲ့ ကုမ္ပဏီ၊ ဥပဒေအရသတိပေးမှူ များစွာခံထားရတဲ့ ကုမ္ပဏီနဲ့ စာရင်း ကနေ လုံးဝပယ်ဖျက်ခံရတဲ့ ကုမ္ပဏီတွေဆိုပြီးတင်ပြထားမယ်လို့ဆိုပါတယ်။
"ကုမ္ပဏီ ဥပဒေမှာ Blacklist လုံးဝမရှိဘူး။ ဥပဒေလိုက်နာတဲ့ ကုမ္ပဏီနဲ့ မလိုက်နာ တဲ့ ကုမ္ပဏီဒါဘဲရှိမယ်။ ဥပဒေချိုးဖောက်ရင် ဥပဒေအတိုင်းဘဲသွားမယ်။ စာရင်းသွင်းတာဘာညာ Blacklist လုပ်တာ ဘာညာ ဘာမှမရှိဘူး။ လာသွင်းဖို့လာ ပြောလဲ သွင်းမပေးဘူး"
လွယ်လင့်တကူ မှတ်ပုံတင်ထားနိုင်အောင်ဆောင်ရွက်ထားပေမယ့် ဥပဒေမဲ့လုပ်ရပ်တွေ ဖြစ်မလာနိုင်ဖို့ ဥပဒေသစ်မှာ ထိန်းကြောင်းထားတာ ရှိတယ်လို့ ဦးအောင်နိုင်ဦးကဆိုပါ တယ်။ ဘယ်လိုထိန်းကြောင်းထားသလဲဆိုတာကို ဗွီအိုအေကမေးမြန်းတာမှာတော့ သူက
"အရေးယူတဲ့ အပိုင်းမှာ ကျတော်တို့က ၂မျိုးရှိတယ်။ တခုက ဒဏ်ကြေးဆောင် ခိုင်းတာပေါ့။ ဖောက်ဖျက်တဲ့ ဥပဒေကလက်ခံနိုင်တယ် မကြီးလေးဘူးဆို ဒဏ်ကြေးနဲ့ ပြီးမယ်။ ဥပဒေအရဆိုးဆိုးရွားရွားချိုးဖောက်ရင်တော့ထောင်ဒဏ်တွေပါမယ်။ ပြည်သူ တွေကို လိမ်တာမရှိအောင် ဘယ်လိုကုမ္ပဏီလည်းဆိုတာကို ကျနော်တို့ ဆိုဒ်မှာတက် ကြည့်တာနဲ့ သိနိုင်မယ်။"
မကြာခင် တည်ဆဲဖြစ်မယ့် ဒီဥပဒေသစ်ကို လုပ်ငန်းရှင် အချို့ကတော့ အကောင်းမြင် မှူတွေရှိနေပါတယ်။
ဆောက်လုပ်ရေးလုပ်ငန်းရှင် ဒေါ်ရင်ရင်မြတ်က ဥပဒေသစ်ကိုကြိုဆိုတယ်လို့ ဗွီအိုအေ ကိုပြောပြပါတယ်။
" ဒါကအရမ်းကောင်းတဲ့ အစီအစဉ်တခုလို့မြင်ပါတယ်။ ပိုလည်းလွယ်ကူသွားပါတယ်။ အချိန်ကုန်လူပင်ပန်းအများကြီးသက်သာသွားတယ်။"
ဒီဥပဒေသစ်ဟာ ပြည်တွင်းကုမ္ပဏီတွေသာမက နိုင်ငံခြားကနေ လာရင်းနှီးမယ့် နိုင်ငံခြား ကုမ္ပဏီတွေကိုပါ သက်ရောက်စေမှာဖြစ်ပြီး ဒီဥပဒေတည်ပါက ရန်ကုန်စတော့အိတ်ချိန်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကို ခွင့်ပြုသွားနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။