UWSA ဝတပ်ဖွဲ့ ထိန်းချုပ်ရာ ထိုင်း၊ မြန်မာနယ်စပ် မိုင်းတုံမြို့နယ်အတွင်းမှာ ဒီလအတွင်း စိတ်ကြွဆေးပြား ငါး သန်းနီးပါး ဖမ်းဆီးရမိသလို မူးယစ်ဆေး မှောင်ခိုသမားတွေအဖြစ် သံသယရှိသူ ရှစ် ဦးအသေနဲ့ ကိုး ဦးကို အရှင်ဖမ်းဆီးထားကြောင်း UWSA ရဲ့ လားရှိုးဆက်ဆံရေးရုံး တာဝန်ခံက ပြောပါတယ်။
ဖမ်းဆီးခံတဲ့ ကွတ်ခိုင်မြို့နယ် မုံးစီးရွာ ရဲစခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၄ ဦးဟာ ဒီကနေ့ ညနေ ၃နာရီလောက်မှာ လွတ်မြောက်လာပြီ ဖြစ်ပါတယ်။ လောလောဆယ်သူတို့ဟာ မူဆယ်မြို့ကို ရောက်ရှိနေပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲမှူးကြီးက ပြောဆိုပေမဲ့ ဖမ်းဆီးခဲ့တဲ့ TNLA ဘက်ကတော့ အသေးစိတ် သတင်းထုတ်ပြန်တာ မရှိပါဘူး။
ရှမ်းပြည်မြောက်ပိုင်းမှာ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား ၃လအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ လက်နက်ကြီးထိမှန်တာနဲ့ မြေမြုပ်မိုင်းနင်းမိတာကြောင့် သေဆုံးသူ ၁၀ဦး အနည်းဆုံး ရှိကြောင်းနဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ၇၀လောက်အထိ ဖြစ်ပွားခဲ့ကြောင်း TWO က ပြောပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် ကုန်းဆာရွာအနီးဖြစ်ပွားတဲ့ တိုက်ပွဲကြောင့် ထွက်ပြေး တိမ်းရှောင်နေသူ ၃၀၀ကျော်ရှိကြောင်း ဒေသခံတွေနဲ့ သူတို့ကို ကူညီနေသူတွေက ပြောပါတယ်။
ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ ဒီကနေ့ စတင်ကျင်းပတဲ့ သတ္တမအကြိမ် တိုင်းရင်းမီဒီယာညီလာခံမှာ ကချင်ပြည်နယ် ဝန်ကြီးချုပ်က စတုတ္တမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေအရေးကြီးကြောင်း ပြောဆိုပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်က ဖိတ်ကြားထားတဲ့ကျိုင်းတုံမှာ ကျင်းပမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့လုံး တက်ရောက်မှာဖြစ်ကြောင်း AAရခိုင်အဖွ့ဲ ပြောခွင့်ရက ပြောပါတယ်။ ဒီဆွေးနွေးပွဲမှာ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေဆွေးနွေးဖို့ တပ်မတော်ဘက်ကလည်း ပါဝင် တက်ရောက်ဖို့ ရှိနပေါတယ်။
အစိုးရဲ့ ငြိမ်းချမ်းရေးကော်မရှင်က လာမယ့် ၁၆၊ ၁၇ရက်မှာ ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးဖို့ မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့ကို ဒီလ ၉ရက်နေ့ နေ့စွဲနဲ့ ဖိတ်ကြားလိုက်ပြီး မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေဘက်ကတော့ အခြားနေရာမှာ တွေ့ဆုံဖို့ တောင်းဆိုထားပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသမှာ အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ TNLA တအန်း(ပလောင်)၊ MNDAA ကိုးကန့်နဲ့ AA ရခိုင်တပ်ဖွဲ့တွေပါဝင်တဲ့ ညီနောင်မဟာမိတ်အဖွဲ့က တစ်လတာ တစ်ဘက်သတ် အပစ်ရပ်ကြောင်း ဒီနေ့ ကြေညာလိုက်ပါတယ်။
ရှမ်းပြည်နယ် မြောက်ပိုင်းက တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းဖြစ်တဲ့ လားရှိုး-မူဆယ်လမ်းမှာ ဒီကနေ့လည်း အခြေအနေက ဆက်လက်တည်ငြိမ်လာပြီး ယာဉ်အသွားအလာတွေ ပုံမှန်ရှိနေသလို ပြီးခဲ့တဲ့ရက်ပိုင်းတွေက တိုက်ပွဲ ပြင်းထန်ခဲ့တာကြောင့် ကွတ်ခိုင်မြို့ပေါ်ကို တိမ်းရှောင်လာသူတွေလည်း နေရပ်ရင်းကို စတင်ပြန်နေကြပြီ ဖြစ်ပါတယ်။
ရက်ပေါင်း ၂၀ကျော်ကြာ မတည်မငြိမ်ဖြစ်ခဲ့တဲ့ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ မန္တလေး- လားရှိုး- မူဆယ် ပြည်ထောင်စုလမ်းဟာ ဒီကနေ့မှာတော့ အခြေအနေဟာ ငြိမ်သက်လာပြီး အသွားအလာတွေ ပုံမှန်ပြန်ဖြစ်လာနေပါပြီ။
ဒီရက်ပိုင်းတွေအတွင်း အစိုးရ တပ်မတော်နဲ့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့က ထိုးစစ်ဆင်တာတွေ ရပ်တန့်ပြီး မိမိကိုယ်ကို ခုခံကာကွယ်တာသာ လုပ်ဆောင် တော့မှာ ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး- မူဆယ်လမ်းပိုင်းက ကွတ်ခိုင်မြို့အနီးမှာ ဒီကနေ့ ကားလမ်းကို ပိတ်ဆို့တာတွေရှိခဲ့သလို တိုက်ခိုက်တာတွေလည်း ဆက်လက်ဖြစ်ပွားနေပါတယ်။ မနေ့ညနေပိုင်းက ကွတ်ခိုင်မြို့အနီးမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် လူ ၃၀၀နီးပါးလောက် မြို့ပေါ်ကို တိမ်းရှောင်လာတာတွေရှိနေပါတယ်။
ရခိုင်မြောက်ပိုင်းမှာ တဖက်နိုင်ငံက ဒုက္ခသည်တွေကို ပြန်ခေါ်မယ့်အစီအစဉ်အတွက် ပြင်ဆင် ဆောင်ရွက်မှုတွေ၊ ဖြစ်ထွန်းနဲ့ပတ်သက်ပြီး ဗွီအိုအေ သတင်းထောက်အပါအဝင် သတင်းသမား အဖွဲ့တွေ အခု ရခိုင်မြောက်ပိုင်း မောင်းတောမြို့နယ်ထဲကို ရောက်ရှိနေပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ လားရှိုး-ကွတ်ခိုင်- မူဆယ်လမ်း ဟာ ဒီကနေ့ ကားအသွားအလာတွေ ပြန်လည်စတင်နေပြီး အခြားနယ်စပ်ကုန်သွယ်ရေးလမ်းဖြစ်တဲ့ လားရှိုး-ကွမ်းလုံ- ချင်းရွှေဟော်လမ်းမှာတော့ တံတားတစ်စင်းဖျက်ဆီးခံရပြီး ကားအသွားအလာတွေ ရပ်တန့် နေပါတယ်။
တိုက်ပွဲတွေကြောင့် ရပ်ထားရတဲ့ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းပေါ်က မူဆယ်-ကွတ်ခိုင်လမ်းကို ပြန်လည်ဖွင့်လှစ်ပေးပြီး နာရီပိုင်းအကြာ ဒီနေ့မှာပဲ လက်နက်ကိုင် အဖွဲ့တွေရဲ့ တားဆီးမှုတွေကြောင့် ရပ်ဆိုင်းသွားပါတယ်။
ကွတ်ခိုင်မြို့အနီးမှာ ဒီနေ့ အစိုးရတပ်မတော်နဲ့ မြောက်ပိုင်းအဖွဲ့တွေ တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တာကြောင့် ကျောင်းတွေပိတ်ခဲ့ရပါတယ်။ လောလောဆည် မှာ မူဆယ်၊ နမ့်ခမ်းနဲ့ သိန္နီဘက်တွေမှာ ငြိမ်သက်နေပြီး ဒုက္ခသည်အချို့ နေရပ်ပြန်တာတွေ ရှိပေမဲ့ တရုတ် -မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကတော့ သွားလာလို့ မရသေးပါဘူး။
ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ဒီလ ၁၅ရက်နေ့ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန် ခဲ့တာကြောင့်နယ်စပ်ကုန်သွယ်ရေးဟာလည်း ဒီကနေ့ အထိ တစ်ပတ်ကြာ ရပ်ဆိုင်းနေဆဲဖြစ်ပါတယ်။
ပြင်ဦးလွင်နဲ့ နောင်ချို မြို့နယ်တွေမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေအတွင်း ထိခိုက်ပျက်စီးမှုတွေနဲ့ လုံခြုံရေး အခြေအနေကြောင့် ကုန်သွယ်ရေး လမ်းကြောင်းတွေ ရပ်ဆိုင်းနေသလို ခရီး သည်တွေလည်း သောင်တင်နေကြပါတယ်။
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်က တပ်မတော်နည်းပညာတက္ကသိုလ် DSTA အပါအဝင် နေရာ ၅နေရာကို ဒီကနေ့ မနက်အစောပိုင်းမှာ တရုတ်မြန်မာနယ်စပ်အခြေစိုက် လက်နက်ကိုင် ၃ဖွဲ့က ပူးပေါင်းတိုက်ခိုက် ခဲ့တာကြောင့် တပ်မတော်၊ ရဲနဲ့ အရပ်သား အနည်းဆုံး တစ်ဒါဇင်လောက် သေဆုံးခဲ့ပါတယ်။
အစိုးရငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးဖို့ ကြန့်ကြာနေချိန်မှာ တိုက်ပွဲတွေ ပြင်းထန်လာနေပြီးဒီလို တိုက်ပွဲတွေ ဟာ တွေ့ဆုံဆွေးနွေးဖို့ ယုံကြည်မှုကျဆင်းလာနိုင်တာကြောင့် ထိုးစစ်တွေရပ်ဆိုင်းဖို့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၃ ဖွဲ့က တပ်မတော်ကို တောင်းဆိုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်