ရှမ်းပြည်နယ် တာယန်းမြို့နယ်အတွင်း အစိုးရ တပ်မတော်နဲ့ ရှမ်းပြည်တပ်မတော်SSA မြောက်ပိုင်းအကြားမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် အနည်းဆုံး ဒေသခံ ၄၀၀ကျော်ဟာ နေအိမ်တွေကို စွန့်ခွာပြီး ဘုန်းကြီးကျောင်းတွေမှာ သွားရောက်ခိုလှုံနေကြရပါတယ်။
UNFFM က မြန်မာ့တပ်မတော်နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်က ထုတ်ပြန်ချက်အပေါ် တပ်မတော်ကရော၊ နိုင်ငံခြားရေးဌာနကပါ ပယ်ချပါတယ်။ တပ်မတော်က လုပ်ဆောင်တဲ့ စီးပွားရေးလုပ်ငန်းတွေဟာ လက်နက်ကိစ္စ၊ စစ်ဆင်ရေးကိစ္စတွေနဲ့ မသက်ဆိုင်ဘူးလို့ တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ်ကပြောပြီး မှန်ကန်တဲ့ ထုတ်ပြန်ချက်မဟုတ်ဘူးလို့ တုံ့ပြန်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်အတွင်းမှာ တပ်မတော်ယာဉ်တန်းကို အမည်မသိ လက်နက်ကိုင်အဖွဲ့က မိုင်းဆွဲတိုက်ခိုက်တာကြောင့် ၃ ယောက်ကျဆုံးပြီး ၁၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၀ ပြည့်နှစ်ကျရင် ငြိမ်းချမ်းရေးရဖို့ မျှော်လင့်ထားကြောင်းနဲ့ တဖက်သတ် အပစ်အခတ်ရပ်စဲရေး ၃ ကြိမ် ကြေညာထားပြီး ဖြစ်ကြောင်း ဒီကနေ့ နေပြည်တော်က သတင်းစာရှင်းလင်းပွဲမှာ တပ်မတော် တာဝန်ရှိသူတွေက ပြောဆိုလိုက်ပါတယ်။
ရခိုင်မြောက်ပိုင်းမှာ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်မှုနဲ့ မြန်မာစစ်ဖက်ခေါင်းဆောင် ၄ ဦးကို အမေရိကန်ပြည်ထောင်စုက ပြည်ဝင်ခွင့်ပိတ်ပင် အရေးယူခဲ့တာနဲ့ ပတ်သက်လို့၊ Standard Army တည်ဆောက်ဖို့ ကြိုးစားနေတဲ့ မြန်မာတပ်မတော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ မြန်မာစစ်တပ်ဖက်က တုံ့ပြန်ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ပြင်ဆင်ရေးပူးပေါင်းကော်မတီရဲ့ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက် မယ်ဆိုတဲ့ အစီရင်ခံစာပါ အချက်တွေထဲ အရေးကြီးဆုံးပြင်ဆင်ရမယ့်အချက်နဲ့ စိန်ခေါ်ချက် အများဆုံးအချက်ဟာ ပုဒ်မ ၄၃၆ ဖြစ်နိုင်ကြောင်း သုံးသပ်ကြပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး လွှတ်တော်ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့ပြီး၊ အစီရင်ခံစာပါ အကြံပြုချက်တွေကို အခုဇူလှိုင်လအကုန်ပိုင်း လွှတ်တော်မှာ အချေအတင်ဆွေးနွေးမယ်လို့ မျှော်လင့်ရပါတယ်။
ဇူလိုင်လ ၁၁ရက်နေ့က နေပြည်တော်မှာ NRPC နဲ့ RCSS တို့ တွေ့ဆုံဆွေးနွေးရာမှာတစ်နှစ်နီးပါးလောက် ရပ်ဆိုင်းနေတဲ့ ၂၁ရာစုပင်လုံ အပါအဝင်တရားဝင် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်ရေးအပါအဝင် အပစ်ရပ်ဒေသတွေမှာ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးအတွက် အဓိကထားဆွေးနွေးခဲ့ကြပါတယ်။
လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနသစ်တစ်ခု တိုးချဲ့ဖွဲ့စည်းရေးအတွက် ရှမ်းပြည်နယ် လွှတ်တော် အထူးအစည်းအဝေးမှာ သဘောတူညီချက်ရယူရာမှာ ကန့်ကွက်မဲများတဲ့အတွက် ဝန်ကြီးဌာနအသစ် ဖွဲ့စည်းရေးဟာ အတည်မပြုနိုင်ခဲ့ပါဘူး။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီပါ အစုအဖွဲ့အသီးသီးက တင်ပြထားတဲ့ ပြင်ဆင်လိုတဲ့ အချက်တွေကို ဒီတစ်ပတ်အတွင်းမှာ အစီရင်ခံစာအဖြစ် ပြုစုပြီး ဒီလ ၁၇ ရက်နေ့ မတိုင်မီ ပြည်ထောင်စုလွှတ်တော်ကို တင်သွင်းနိုင်ဖို့ ရှိကြောင်း ကော်မတီက တာဝန်ရှိသူက ပြောပါတယ်။
၁၉၈၉ ဗမာပြည်ကွန်မြူနစ်ပါတီကနေ ခွဲထွက်တည်ထောင်လိုက်တဲ့ မိုင်းလားဒေသကို တိုင်းရင်းသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဖြစ် တည်ထောင်သွားမယ်လို့ ငြိမ်းချမ်းရေးနှစ် ၃၀ပြည့်အခမ်းအနားမှာ ထပ်ကြေညာပါတယ်။ မိုင်းလားရဲ့ နိုင်ငံရေးအခြေအနေနဲ့ အလားအလာတွေကို သတင်းထောက်မှတ်စုမှာ ကိုမိုးဇော်က သုံးတင်ပြထားပါတယ်။
NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ရှေ့မရောက်ဖြစ်နေတဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့ ကြိုးပမ်းနေကြရာမှာ၊ တစ်ဆို့မှုကျော်လွှားရေးဆိုင်ရာအလုပ်အဖွဲ့အစည်းဆိုပြီး စည်းဝေးတိုင်ပင်ဖို့ရှိနေပါတယ်။
မိုင်းလားဒေသရဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၄ ကို ၁၉၈၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ စတင်တည်ထောင်ခဲ့တာကြောင့် ၂၀၁၉ ခုနှစ် ဇွန်လ ၃၀ ရက်နေ့မှာ နှစ် ၃၀ ပြည့်အခမ်းအနားကို မိုင်းလားမြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ၄ မိုင်းလားမြို့မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး နှစ် ၃၀ပြည့်အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်က ပေးပို့တဲ့ သဝဏ်လွှာမှာ အပစ်ရပ်စာချုပ် NCA ကိုလက်မှတ်ရေးထိုးပြီး နိုင်ငံရေးဆွေးနွေးပွဲ ရလဒ်နဲ့အညီ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။
ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားမြို့မှာ ကျင်းပမယ့် အထူးဒေသ ၄ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားကို ရောက်ရှိနေတဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေဟာ ဒီနေ့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးဖို့ ရှိနေပါတယ်။
ရှမ်းပြည်နယ် အရှေ့ပိုင်းအထူးဒေသ ၄ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်အခမ်းအနားကို တက်ရောက်ဖို့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ မိုင်းလားမြို့ကို ရောက်ရှိနေချိန်မှာ အခြေအနေပေးလာမယ်ဆိုရင် တွေ့ဆုံဆွေးနွေးဖို့ အတွက် အသင့်ရှိကြောင်း ရခိုင်တပ်မတော် AA က ပြောပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ် ရှစ်မြို့နယ်မှာ အင်တာနက် ဖြတ်တောက်ထားတာကို ရပ်ဆိုင်းပြီး အမြန်ဆုံး ပြန်သုံးခွင့်ပေးဖို့ ပြည်နယ်အစိုးရကတဆင့် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အရေးကြီး အဆိုကို ရခိုင်ပြည်နယ် လွှတ်တော်မှာ ဒီကနေ့ တင်သွင်းလိုက်ပါတယ်။
အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ နယ်စပ်ဒေသပူးပေါင်းစစ်ဆင်ရေးဟာ မြန်မာ့တပ်မတော်ရဲ့ မူဝါဒအရ နယ်စပ်တည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်တာဖြစ်ကြောင်း တပ်မတော် ပြောခွင့်ရသူက ပြောပါတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ၂၀၀၈ ဖွဲ့စည်းပုံပါ အခန်းတွေအားလုံးကို ဆွေးနွေးပြီးစီးသွားပြီး သတ်မှတ်ရက်အတိုင်း အစီရင်ခံစာ တင်ပြဖို့ ရှိကြောင်း ပူးပေါင်းကော်မတီရဲ့ အတွင်းရေးမှူးက ပြောပါတယ်။
ချင်းပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးအပါအဝင် ဘာသာရေးခေါင်းဆောင်တွေကို လူမှုကွန်ရက်စာမျက်နှာ facebook က တဆင့် အသက်အန္တရာယ် ခြိမ်းခြောက်နေတာတွေကို ဖော်ထုတ် အရေးယူဖို့ ပြင်ဆင်နေကြောင်း ချင်းပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နဲ့ စက်မှုလက်မှု ဝန်ကြီးက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်