မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကြီးမားတဲ့အခက်အခဲတွေ၊ စိန်ခေါ်ချက်တွေရှိနေတာကို အထူး သတိပြုမိတယ်ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က အသိအမှတ်ပြု ပြောဆိုပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား သဘောတူညီချက်နဲ့ ဒီကနေ့မှာ စလုပ်ဆောင်ဖို့ စီစဉ်တဲ့ဒုက္ခသည်တွေ ပြန်ပို့ရေး အစီအစဉ်ဟာ ပြန်မယ့်သူမရှိတာကြောင့် အကောင်အထည်မဖော်နိုင်ဘူးဖြစ်နေပါတယ်။
ကချင်ပြည်နယ် အမျိုးသားလွှတ်တော် အတွက် ပြည်ထောင်စု ကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက်တာကိုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ကန့်ကွက်သွားဖို့ရှိနေပါတယ်။
ဒီကနေ့ ကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကချင်၊ ချင်း၊ ရခိုင်နဲ့ ရှမ်းစတဲ့ ပြည်နယ်က မဲရုံတွေမှာ မဲပေးသူ အရေအတွက်ဟာ သိသိသာသာ လျော့နည်းနေကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူတွေနဲ့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ မန်ဆူဘုန်းကြီးကျောင်းမှာရောက်နေတဲ့ ထောင်ချီတဲ့ စစ်ရှောင်ပြည်သူ တွေဟာ နယ်မြေပြန်လည်တည်ငြိမ်လာပြီဖြစ်တာကြောင့် နေရပ်ပြန်ကြပြီဖြစ်ပေမယ့် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်နဲ့နမ္မတူဘက်တွေမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
မကြာခင်ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် အသင့်ပြင်ဆင်ထားပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတာဝန်ရှိသူက ပြောဆိုလိုက်ပြီး လက်နက်ကိုင်အဖွဲ့တွေက ဖိအားပေးတာတွေရှိမှာကို စိုးရိမ်ခဲ့တဲ့ ရှမ်းပြည်နယ်က လဲချားမဲဆန္ဒနယ်တွေမှာလည်း အေးအေးချမ်းချမ်းပဲ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ NCA အပစ်ရပ်စာချုပ်ကို လက်မှတ် မရေးထိုးသေးတဲ့ မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် ၃ဖွဲ့ ဟာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီကနေ့ မနက်ခင်းပိုင်းက တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လိုက်ပါနိုင်ရေးကို အဓိက ဆွေးနွေးခဲ့ကြပါတယ်။
တရုတ်- မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ မြန်မာနိုင်ငံဖက်က လယ်ယာထွက်ကုန်တချို့ကို တရုတ်နိုင်ငံက တရားဝင်တင်သွင်းခွင့်မပြုတာကြောင့် လယ်ယာထွက်ကုန်တင်ပို့ရောင်းချသူတွေ အခက်တွေ့နေပြီး ဒီကုန်ပစ္စည်း တင်ပို့တာတွေ ရပ်တန့်သလောက်ဖြစ်နေပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ NCA ခေါ် အပစ်ရပ်စာချုပ်ကို လက်မှတ် မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ဖွဲ့ ဒီလအကုန် တရုတ်နိုင်ငံမှာ တွေ့ဆုံဖို့ ရှိနေပြီး အဓိက တိုက်ပွဲတွေ လျှော့ချရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ရေးအတွက် ဆွေးနွေးဖွယ်ရှိနေပါတယ်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ညှိနှိုင်းလို့ မရသေးတဲ့ ပြည်ထောင်စုက ခွဲမထွက်ရမူနဲ့ပတ်သက်ပြီး ရှမ်းပြည် လူထုသဘောထား မရယူနိုင်သေးသ၍ လက်ခံမှာမဟုတ်ကြောင်း ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS- SSA တောင်ပိုင်းတပ်ဖွဲ့က ကြေညာချက် ထုတ်ပြန်ပါတယ်။
"Sanction ထိမယ်ဆိုရင် အဓိက ခံရမှာက အထည်ချုပ်လုပ်ငန်းက ထိလာမယ်ပေါ့နော်။ သဘောက။ အဲတော့ အထည်ချုပ်လုပ်ငန်းမှာ အလုပ်လုပ်နေတဲ့ အမျိုးသမီးတွေ အမျိုးသားတွေလည်း ပါတာပေါ့နော် သူတို့တွေအပေါ် ဘယ်လို အကျိုးသက်ရောက်မလဲပေါ့နော်။ "
ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းပန်မြို့နယ်အတွင်းဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး RCSS ခေါ် ရှမ်းပြည်တပ်မတော်-တောင်ပိုင်းနဲ့ မကြာခင် တွေ့ဆုံဆွေးနွေးသွားမယ်လို့ PNLO ခေါ် ပအိုဝ်းအဖွဲ့ရဲ့ ခေါင်းဆောင်က ပြောဆိုပါတယ်။
မြန်မာနိုင်ငံအပေါ် ပေးထားတဲ့ ကုန်သွယ်ရေးဆိုင်ရာ အထူး အခွင့်အရေးတွေ မရုပ်သိမ်းဖို့အတွက် EU ခေါ် ဥရောပသမဂ္ဂကို မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ် (CTUM) က တောင်းဆိုလိုက်ပါတယ်။
ရခိုင်ပြည်နယ် အုန်းတောချေ ဒုက္ခသည်စခန်းမှာ မနေ့ညက မီးလောင်ကြွမ်းတာကြောင့် လူ ၆ဦးသေဆုံးပြီး အိမ်ထောင်စု ၁၄၀ကျော်က လူ ၈၀၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ပါတယ်။
အိန္ဒိယ- မြန်မာနယ်စပ် ချင်းပြည်နယ် ရိခေါ်ဒါရ်မြို့မှာ အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံဘက်ကို ခိုးဝင်လာတဲ့ ဘင်္ဂလားဒေ့ရ်ှနိုင်ငံသား ၁၂ဦးနဲ့ လမ်းပြ ၂ယောက်ဒီကနေ့ မနက်မှာ ဖမ်းဆီးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဟာ ဒီကနေ့ ကချင်ပြည်နယ်ကို ပထမဆုံးအကြိမ်အဖြစ်သွားရောက်ခဲ့ရာမှာ ပြည်နယ်အစိုးရနဲ့တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆောင်ရွက်မှုတွေကို မေးမြန်းပါတယ်။
ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲ ဒုတိယနေ့မှာ နိုင်ငံရေးဆိုင်ရာ သဘောတူညီချက်ရရှိဖို့ လိုအပ်နေတဲ့အချက်တွေကို ဆက်လက်ဆွေးနွေးရာမှာ ပြည်ထောင်စုက ခွဲမထွက်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အရေးကို လာမယ့် နိုဝင်ဘာလမှ ဆုံးဖြတ်ချက် မူတစ်ခုထွက်ပေါ်လာနိုင်ရေးအတွက် ဆွေးနွေးဖို့သဘောတူခဲ့ကြပါတယ်။
ဒီကနေ့ နေပြည်တော်မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးထိပ်သီးဆွေးနွေးပွဲမှာအဓိက အချက် ၅ချက်ဆွေးနွေးခဲ့ပြီး ၅ချက်လုံး သဘောတူညီချက် ရခဲ့တယ်လို့ ပါဝင်တက်ရောက်သူတွေက ပြောပါတယ်။ ကျန်ရှိနေတဲ့ ၂ချက်ကို မနက်ဖြန်မှာ ဆက်လက်ဆွေးနွေးမှာဖြစ်ပြီး ဆွေးနွေးပွဲဟာ အပြုသဘောဆောင်ကြောင်း သုံးသပ်ကြပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ ၂မှာ UWSA ၀ တပ်ဖွဲ့ဖမ်းဆီးထိန်းသိမ်းထားတဲ့ မိုင်းပေါက်နယ်အတွင်းမှာ လားဟူ ဓမ္မဆရာ ၉၀ကျော်ကို ခံဝန်ကတိနဲ့ ပြန်လည်လွှတ်ပေးလိုက်ပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့ တအာင်း (ပလောင်) လက်နက်ကိုင်အဖွဲ့ TNLA ကဖမ်းဆီးပြီးထောင် ၃နှစ်ချမှတ်ခဲ့တဲ့ရှမ်းအမျိုးသမီး နန်းမိုဟွမ်ကို မကြာခင် ပြန်လွှတ်ပေးတော့မှာ ဖြစ်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်