မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား NCA လက်မှတ်ရေးထိုးတာ ၃နှစ်ပြည့်တဲ့နေ့ ပုပ္ပားမှာ ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အများစုက တက်ရောက်ဖို့ ရှိနေပြီး ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ တက်၊ မတက် ဒီရက်ပိုင်းအတွင်း ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။
ရှမ်းပြည်နယ် အထူးဒေသ၂မှာ UWSA ခေါ် ၀ တပ်ဖွဲ့က ထိန်းသိမ်းထားတဲ့ ဝလူမျိုး ခရစ်ယာန် ဓမ္မဆရာ ၁၀၀လောက်ကို ဒီရက်ပိုင်းအတွင်း ပြန်လွှတ်ပေးခဲ့ကြောင်းနဲ့ လားဟူ ဓမ္မဆရာ ၉၀ ကျော်ကိုတော့ လွှတ်မပေးသေးကြောင်း လားဟူ နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က တာဝန်ရှိသူက ပြောပါတယ်။
ဧရာဝတီ မြစ်ဆုံစီမံကိန်း ယာယီရပ်ဆိုင်းတဲ့ ၇နှစ် ပြည့်ချိန်မှာ ဒေသခံတွေက ဒီစီမံကိန်း လုံးဝရပ်ဆိုင်းဖို့ အချိန်တန်ပြီဖြစ်ကြောင်း ထုတ်ဖော်ခဲ့ကြသလို စီမံကိန်းရပ်ဆိုင်းရေးအတွက် တပြည်လုံးက သဘောထားဆန္ဒတွေ ရယူပြီး နိုင်ငံတော် သမ္မတထံကို တင်ပြသွားဖို့လည်း ပြင်ဆင်နေပါတယ်။
UWSA ခေါ် ၀ တပ်ဖွဲ့ထိန်းချုပ်ရာဒေသက မိုင်းပေါက်နယ်အတွင်းမှာ ခရစ်ယာန်ဘုရားကျောင်း ၅၀ကျော်ပိတ်ခံရပြီး အမှုတော်ဆောင်သာသနာဝန်ထမ်း ၉၀ကျော်ကို ထိန်းသိမ်းထားကြောင်း လားဟူ နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ်က တာဝန်ရှိသူက ပြောပါတယ်။ ဒီအရေးအခင်းကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြေလည်စေဖို့အတွက်လည်း အစာရှောင်ဆုတောင်းကြဖို့အတွက် အဖွဲ့ချုပ်ဝင် အသင်းတော်တွေ ကိုတိုက်တွန်းထားပါတယ်။
ရခိုင်ပြည်နယ်ကနေ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးခဲ့ရတဲ့အထိ လုံခြုံရေးတပ်ဖွဲ့တွေက ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက အစီရင်ခံစာသစ်တစောင် ထုတ်ပြန် ပြောဆိုလိုက်တဲ့အတွက် မြန်မာစစ်တပ်အပေါ် ဖိအားတွေ တိုးလာမယ်လို့ အကဲခတ်တွေ ခန့်မှန်းနေကြပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့အနေအထား တဖွဲ့နဲ့တဖွဲ့ မတူပေမယ့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အားလုံး ပါဝင်လာနိုင်ဖို့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ရာမှာ အချင်းချင်းနားလည်မှု ပိုမို ရခဲ့ကြကြောင်း KIO ဌာနချုပ် လိုင်ဇာမှာ ကျင်းပတဲ့ တိုင်းရင်းသားညီလာခံကို တက်ရောက်ခဲ့သူ ခေါင်းဆောင်တဦးက VOA ကို ပြောပါတယ်။
ဒီကနေ့ မနက်အစောပိုင်းက တရုတ်- မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်း ပန်ဆိုင်း(ကြူကုတ်)မြို့နယ် ဖိုင်ကောင်းကျေးရွာ အုပ်စုအတွင်းက နယ်မြေအငြင်းပွားမှု တခုဖြစ်ခဲ့ပါတယ်။ တရုတ်နိုင်ငံ လုံခြုံရေးတပ်ဖွဲ့တွေက မြန်မာပိုင် နယ်နမိတ်ထဲကို ဝင်ရောက်ပြီး နယ်စပ်ဖြတ်ကူးတဲ့ လမ်းကို ပိတ်ဆို့ တံတိုင်းတည်ဆောက်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးတင်စစ်ဆေးရေး တောင်းဆိုထားတဲ့ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး အဖွဲ့ရဲ့ အပြီးသတ် အစီရင်ခံစာဟာ အင်အားနည်းတဲ့ နိုင်ငံတခုအပေါ် ဝိုင်းပြီး ဖိအားပေးတဲ့ လုပ်ရပ်ဖြစ်ပြီး၊ လက်မခံတဲ့အကြောင်း မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် အဖွဲ့ဝင်တဦးက VOA ကို ပြောပါတယ်။
ရှမ်းအမျိုးသမီးတယောက်ဖြစ်တဲ့ နန်းမိုဟွမ်ကို တအာင်း (ပလောင်) လက်နက်ကိုင်အဖွဲ့ TNLA က ဖမ်းဆီးသွားတာ တစ်လ ပြည့်မြောက်တဲ့နေ့မှာ သူ့ကို ပြန်လွှတ်ပေးဖို့ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့မှာ ဒီကနေ့ လူ ထောင် နဲ့ ချီပြီး ဆန္ဒြုပခဲ့ပါတယ်။
မန္တလေးမြို့မှာ ဖြစ်ပျက်နေတဲ့ အကြမ်းဖက်လုယက်မှုတွေကို ဆွေးနွေးအဖြေရှာဖို့ ကျင်းပမယ့် လူထုတွေ့ဆုံပွဲကို တိုင်းဒေသကြီး အစိုးရဆီတင်ပြရာမှာ အကြောင်းမပြန်တာကြောင့် ရပ်ဆိုင်းလိုက်ရပါတယ်။
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်မှာ အငြင်းပွားနေတဲ့ လယ်ယာပိုင်ဆိုင်မှု ကိစ္စနဲ့ပတ်သက်ပြီး တောင်သူူ ၆၈ယောက်ကို ရေနံသာ သမဝါယမ အသင်းက လျော်ကြေး သိန်း ၅ထောင်ကျော် ရလိုကြောင်း တရားစွဲဆိုထားတဲ့အမှုကို ဒီကနေ့ တိုင်း တရားက ပလပ်လိုက်ပါတယ်။
လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်အတွင်းက လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေကို ဖိအားပေးတာမျိုးတွေ မလုပ်ဖို့ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက တောင်းဆို လိုက်ပါတယ်။
မကွေးတိုင်းဒေသကြီးက ဆောမြို့နယ် ကျောက်မီးသွေးတွင်းမှာ ပိတ်မိနေသူ ၄ ယောက် ကျန်နေပမယ့်၊ မြေပြိုတာနဲ့ ဓါတ်ငွေ့တွေ တွင်းထဲမှာ ရှိနိုင်တာကြောင့် ကယ်ဆယ်တဲ့လုပ်ငန်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကယ်ဆယ်ရာမှာ ပါဝင်ဆောင်ရွက်ခဲ့သူက ပြောပါတယ်။
မကွေးတိုင်းဒေသကြီး ဆောမြို့နယ်မှာ ကြာသပတေးနေ့မနက်က ကျောက်မီးသွေးတွင်းပေါက်ကွဲတာကြောင့် လူ ၄ ဦးသေ ဆုံးပြီး ၄ ဦး ပိတ်မိနေပါတယ်။
ရခိုင်ပြည်နယ် အရေးနဲ့ ဆက်စပ်ပြီး ကုလသမဂ္ဂနဲ့ NLD အစိုးရ အပေါ် ကန့်ကွက် ဆန့်ကျင်ကြောင်း ရေးသားထားတဲ့ စာတွေ မန္တလေးမြို့က နေရာ ၄ နေရာထက်မနည်းမှာ မနေ့က စာတွေကပ်ခဲ့ကြပါတယ်။
အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်နဲ့ NCA ခေါ် အပစ်ရပ်စာချုပ်ကို လက်မှတ် မရေးထိုးသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၃ဖွဲ့ဟာ ဒီကနေ့ တရုတ်နိုင်ငံမှာ တွေ့ဆုံပြီး တိုက်ပွဲတွေ လျှော့ချရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ရေးအတွက် ဆွေးနွေးခဲ့ကြပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်အတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေအကြားမှာတိုက်ပွဲတွေ ထပ်မံဖြစ်ပွားနေပြီး ရာနဲ့ချီတဲ့ဒုက္ခသည်တွေ ထပ်မံထွက်ပြေးနေရပါတယ်။ ပြီးခဲ့တဲ့လတွေက တိမ်းရှောင်ခဲ့သူတွေနဲ့ပါဆိုရင် ဒီရက်ပိုင်းအတွင်းမှာ ဒုက္ခသည် ၃ထောင်လောက် အိုးအိမ်စွန့်ခွာပြီး စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရပါတယ်။
မြန်မာအစိုးရက ဖွဲ့စည်းထားတဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ရဲ့ လုပ်ငန်းတွေကို ဒီအပတ်အတွင်း မှာ စတင်အကောင်အထည် ဖော်နေပြီး မနက်ဖြန်မှာဆိုရင် ရခိုင်ပြည်နယ်ကို သွားရောက်ဖို့ရှိနေပါတယ်။ လေ့လာ စမ်းစစ်သူတွေကတော့ ဒီကော်မရှင်ရဲ့ တွေ့ရှိချက်တွေဟာ၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ ပတ်သက်ပြီး မြန်မာစစ်တပ်ခေါင်းဆောင်တွေမှာ တာဝန်ရှိတယ်ဆိုတဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာ ဖေါ်ပြချက်တွေကို ချေပဖို့ ခက်ခဲနိုင်ကြောင်း သုံးသပ်တာတွေ ရှိနေပါတယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းက လုံခြုံရေးစခန်း ၃၀ လောက်ကိုARSA အကြမ်းဖက်သမားတွေက တပြိုင်နက်တည်းလို ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဒီလ ၂၅ ရက်နေ့မှာ တနှစ်ပြည့်မှာဖြစ်ပြီး ဒီရက်ပိုင်းအတွင်း မောင်တောခရိုင်မှာ လုံခြုံရေးကို အရင်ကထက် ပိုမိုပြီး တိုးမြှင့်ထားပါတယ်။
တရုတ်မြန်မာနယ်စပ်အခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ စုဖွဲ့ထားတဲ့ FPNCC ခေါ် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးရေးကော်မတီက မြန်မာပြည်က ရေဘေးသင့်ပြည်သူတွေကို ကူညီထောက်ပံ့ဖို့ ပြင်ဆင်နေပြီး အလှုငွေကို ငြိမ်းချမ်းရေးကော်မရှင်ကတဆင့်ပေးပို့ဖို့ ရှိနေပါတယ်။
နောက်ထပ်ကြည့်ရှုရန်