တတိယအကြိမ်မြောက် လွှတ်တော်ညီလာခံတွေ ပြန်မစခင် ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေကို ဇန်နဝါရီ ၂၉ နဲ့ ၃၀ ရက်နေ့တွေမှာ ကိုဗစ်ကာကွယ်ဆေး ထိုးဖို့ စီစဉ်ထားကြောင်း ကိုယ်စားလှယ်တွေက ပြောပါတယ်။
ဇန်နဝါရီ ၂၈၊ ၂၀၂၁ - စစ်အစိုးရခေတ်ရဲ့ ရပ်ကွက် ကျေးရွာအုပ်စု ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ဟာ အခုခေတ်မှာ ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့ ဖြစ်လာပါတယ်။ ဒါပေမဲ့ ပြည်သူလူထု ပါဝင်မှုကတော့ နည်းပါနေသေးကြောင်း ဦးအောင်ခင် က ရေးသားပြီး ကိုဉာဏ်ဝင်းအောင် က ကူညီတင်ဆက်ထားပါတယ်။
ကိုဗစ်ကြောင့် အင်ဒီုးရှားနိုင်ငံမှာ လူသန်းနဲ့ချီ အလုပ်လက်မဲ့ ဖြစ်ခဲ့ပြီးနောက် အများစုဟာ အွန်လိုင်း ဈေးကွက်မှာ ဝင်ငွေ ရှာလာကြတဲ့အကြောင်း AP သတင်းတပုဒ်ကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
အိန္ဒိယနိုင်ငံဟာ မြန်မာအပါအဝင် ဝင်ငွေနည်းတဲ့ အိမ်နီးချင်းနိုင်ငံတွေကို ကိုဗစ်ကာကွယ်ဆေး ထောက်ပံ့ဝေငှရင်း၊ ကာကွယ်ဆေးပေးတဲ့ သံတမန်နည်းကို အသုံးပြုလာပါတယ်။ ဒါဟာတရုတ်ရဲ့ သြဇာအောက်ကနေ တောင်အာရှနိုင်ငံတွေကို ပြန်ဆွဲထုတ်ဖို့ မျှော်လင့်နေကြောင်း Anjana Pasricha ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြပါမယ်။
ကာကွယ်ဆေး အမြောက်အမြားထုတ်တဲ့ အိန္ဒိယနိုင်ငံဟာ မြန်မာအပါအဝင် ဝင်ငွေနည်းတဲ့ အိမ်နီးချင်းနိုင်ငံတွေကို ကိုဗစ်ကာကွယ်ဆေး ထောက်ပံ့ဝေငှရင်း "ကာကွယ်ဆေးပေး-သံတမန်နည်း" ကို အသုံးပြုလာပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးထိုးဖို့ လုပ်လာနေပြီဆိုတဲ့ အသိကြောင့် တဖက်မှာ ပြည်သူတွေကြား ပေါ့လျော့မသွားဘဲ ကိုဗစ်ကာကွယ်တားဆီးရေးဆိုင်ရာ ကျန်းမာရေး စည်းကမ်းချက်တွေကို ဆက်လက်လိုက်နာဖို့ လိုတယ်လို့ မြန်မာနိုင်ငံ ဆေးသိပ္ပံ ကျွမ်းကျင်ပညာရှင်တချို့က သတိပေးလိုက်ကြပါတယ်။
သမ္မတသစ် ဂျိုးဘိုင်ဒန် စတက်လာချိန်မှာပဲ ဒေါ်နယ်ထရမ့်လက်ထက်က ပြည်ဝင်ခွင့်ဗီဇာ အမျိုးအစားတချို့ပိတ်ပင် ကန့်သတ်ထားတာကို ပြန်ရုပ်သိမ်းလိုက်တဲ့အပေါ် မြန်မာအမေရိကန်တချို့က အကောင်းမြင် ကြိုဆိုကြပါတယ်။
VOA to Asai ဌာနရဲ့ အပတ်စဉ် စီးပွားရေးကဏ္ဍမှာတော့ စင်္ကာပူနိုင်ငံဟာ ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်တယ် ဆိုပေမယ့် ဆေးဝါးထုတ်တဲ့စက်ရုံတွေ အလုပ်ဖြစ်နေတဲ့အကြောင်းနဲ့ ၊ အာဖဂန်နစ္စတန်နိုင်ငံက နို့ထွက်ပစ္စည်းကုမ္ပဏီတခုဟာ အောင်မြင်အောင် ကြိုးစားနေတဲ့အကြောင်း Ira Mellmanရဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
ဇန်နဝါရီ ၂၁၊ ၂၀၂၁ - သယံဇာတနဲ့ ပတ်သက်လို့ အကျိုးအမြတ်ခံစားရ နေသူတွေကို အစိုးရက ဖေါ်ထုတ်ဖို့ လိုအပ်တယ်လို့ သယံဇာတထုတ်ယူမှု ပွင့်လင်းမြင်သာရေးအဖွဲ့က ပြောကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီတင်ဆက်ထားပါတယ်။
အာရှနဲ့ ဥရောပကြားမှာ တူရကီနိုင်ငံကို ကြားခံအဖြစ် မြင်ကြလေ့ရှိပြီး သန်းပေါင်းများစွာသော ဒုက္ခသည်တွေဟာ ဥရောပနိုင်ငံတွေဘက် မကူးပြောင်းခင် တူရကီမှာ ခရီးတထောက်နား ပြင်ဆင်လေ့ရှိကြတာပါ။
ရွေးကောက်ခံသမ္မတ Joe Biden သမ္မတသစ်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမယ့် ဇန်နဝါရီလ ၂၀ ရက်မတိုင်မီ နိုင်ငံတဝန်း လက်နက်ကိုင် ဆန္ဒပြတာတွေ ပေါ်ပေါက်လာနိုင်ချေရှိတဲ့ သတင်းတွေကြောင့် ပြည်နယ်အသီးသီးက မြို့တော်တွေမှာရှိတဲ့ လွှတ်တော်အဆောက်အဦ တဝိုက်နဲ့ အရေးပါတဲ့ နေရာတွေမှာ လုံခြုံရေး တင်းကျပ်ထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို အောက်လွှတ်တော်က တရားစွဲဆိုလိုက်တဲ့ကိစ္စအပေါ် အမေရိကန်နိုင်ငံသား မြန်မာတွေကြားမှာ သဘောထားအမြင်အမျိုးမျိုးနဲ့ သုံးသပ် ရှုမြင်နေပါတယ်။
VOA to Asai ဌာနရဲ့ အပတ်စဉ် စီးပွားရေးကဏ္ဍမှာတော့ နီပေါနိုင်ငံက စွန့်ဦးတီထွင် လုပ်ငန်းရှင်တဦးဟာ ကိုဗစ်ကာလအတွင်း ဒေသခံတွေ ဖန်တီးထားတဲ့ လက်မှုပစ္စည်းနဲ့ လက်ယက်ထည်တွေကို ၊ ကမ္ဘာကို တင်ပို့ဖို့ ကြိုးပမ်းနေတဲ့အကြောင်း Doug Bernard ရဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။
ဇန်နဝါရီ ၁၄၊ ၂၀၂၁ - သယံဇာတ ထုတ်ယူမှုမှာ သိသာမြင်သာ ပွင့်လင်းတာဝန်ရှိစွာ လုပ်ကိုင်ဖို့တိုက်တွန်းနေတဲ့ "တွင်းထွက်သယံဇာတထုတ်ယူမှု ပွင့်လင်းမြင်သာရေးအဖွဲ့"ရဲ့ လုပ်ငန်းတိုးတက်လာပုံကို ဦးအောင်ခင်က သုံးသပ်ထားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီ တင်ဆက်ထားပါတယ်။
ရှမ်းပြည် မြောက်ပိုင်းက စစ်ဘေးရှောင် ပြည်သူတွေဟာ ကိုဗစ်ကာလ ကန့်သတ်ချက်တွေကြောင့် အရေးပေါ်အကူအညီ မရနိုင်ပဲဖြစ်နေပြီး ၊ အဲဒီဒေသမှာ ခုချိန်ထိ အိမ်မပြန်နိုင် ဖြစ်နေရတဲ့ စစ်ဘေးဒုက္ခသည် ထောင်ချီ ရှိနေတယ်လို့ ကုလသမဂ္ဂအပါအဝင် ကူညီကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းထဲ ဂျပန်နိုင်ငံမှာ ကိုဗစ်ကူးစက်မှု အသစ်တွေ စံချိန်တင် မြင့်တက်လာတာကြောင့် အရေးပေါ်အခြေအနေ ကြေညာထားရပြီး ၊ ဂျပန်အမျိုးသမီးငယ်တချို့ကတော့ တိုကျိုမြို့ လူစည်ကားတဲ့အရပ်မှာ ပန်းပွားအက တွေနဲ့ ဖျော်ဖြေတင်ဆက် နေတဲ့အကြောင်း ရိုက်တာသတင်းတပုဒ်ကို ကိုဉာဏ်ဝင်းအောင် ပြောပြထားပါတယ်။
ဗီယက်နမ်နိုင်ငံဟာ အများပြည်သူနဲ့ နိုင်ငံရေးဆိုင်ရာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် နိုင်ငံတကာ ပဋိညာဉ်စာချုပ်ကို ချိုးဖောက်ပြီး အာဏာသုံး နှိမ်နင်းနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက စွပ်စွဲလိုက်ပါတယ်။
အမေရိကန်လွှတ်တော် အဆောက်အဦ Capitol Hill ကို ဇန်နဝါရီ ၆ ရက်နေ့က ဆန္ဒပြသူတွေ ဝင်ရောင်စီးနင်းခဲ့တဲ့လုပ်ရပ်ဟာ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေရဲ့ အားထားစရာ အမေရိကန်ရဲ့ ဒီမိုကရေစီပုံရိပ်ကို များစွာ ထိခိုက်စေတယ်လို့ အမေရိကန်ရောက် မြန်မာ့နိုင်ငံရေး သုံးသပ်သူတွေက ပြောဆိုလိုက်ကြပါတယ်။
ဂျပန်နိုင်ငံက Kirin ကုမ္ပဏီအနေနဲ့ မြန်မာစစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက် MEHL နဲ့ စီးပွားရေး ပူးတွဲ လုပ်ဆောင်နေတာကို အဆုံးသတ်သင့်ပြီလို့ HRW အပါအဝင် အခြားလူ့အခွင့်အရေး အဖွဲ့တွေက တောင်းဆိုလိုက်ကြပါတယ်။ ြ
အွန်လိုင်းက အဝတ်အစားဝယ်ယူသူတွေ ကိုယ့်နဲ့ကိုယ်တိုင်းမကိုက်မှာကို ပူစရာမလိုရအောင် စမတ်ဖုန်းနည်းပညာတခု အသုံးပြုလာတဲ့အကြောင်းနဲ့ ၊ ဟောင်ကောင်စားသောက်ဆိုင်တခုမှာ မသန်စွမ်းသူတွေကို ဝန်ထမ်းအဖြစ် အလုပ်ခန့်ထားပြီး ရောင်းချနေတဲ့အကြောင်း Ira Mellman ရဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြပါလိမ့်မယ်။
နောက်ထပ်ကြည့်ရှုရန်