အမေရိကန်ပြည်ထောင်စု ပြည်နယ်တချို့မှာ ကိုဗစ် ကူးစက်မှုတွေ တကြော့ပြန် ပြန်မြင့်တက် ပြင်းထန်လာတဲ့အခြေအနေကို တင်ပြထားပါတယ်။
ဇန်နဝါရီ ၇၊ ၂၀၂၁ - ကျောက်စိမ်းလုပ်ငန်းမှာ တပ်မတော်အရာရှိတွေ ၊ ကုမ္ပဏီပိုင်ရှင်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက အများဆုံး အကျိုးခံစားနေရပါတယ်။ ဒါပေမဲ့ ပြည်သူလူထုမှာတော့ ရေမဆေးကျောက်ရှာဖွေသူ ဘဝနဲ့သာ နိဂုံချုပ်ရပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီတင်ဆက်ထားပါတယ်။
ထိုင်းနိုင်ငံမှာ ဒီရက်ပိုင်း COVID-19 ကူးစက်မှုတွေ တကြော့ပြန် ပြန်မြင့်တက်လာတာကို ထိန်းချုပ်နိုင်ဖို့အတွက် လူအများစုဝေးလေ့ရှိတဲ့ ဘားဆိုင်တွေ၊ အပန်းဖြေ ပန်းခြံကြီးတွေကို အာဏာပိုင်တွေက ယာယီ ပိတ်ထားလိုက်ပါတယ်။ ဒီအကြောင်း ရိုက်တာသတင်းတပုဒ်ကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ဗြိတိန်နိုင်ငံမှာ စတင်တွေ့ရှိတဲ့ ကူးစက်မြန် - ဗီဇပြောင်း ကိုဗစ်ရောဂါပိုးသစ်ကို အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ်မှာလည်း ရှာဖွေ တွေ့ရှိလာပါတယ်။ ဒီ ဗီဇပြောင်း ကိုဗစ်ပိုးသစ်ဟာ ကိုလိုရာဒို ပြည်နယ်မှာ ပထမဆုံးအဖြစ် တွေ့ရှိခဲ့တာပါ။ Mariama Diallo ပေးပို့တဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။
ဒီဇင်ဘာ ၃၁၊ ၂၀၂၀ - ကျောက်စိမ်းနဲ့ ကျောက်မျက်လုပ်ငန်းဟာ ထုတ်လုပ်တဲ့တန်ဖိုး ကြီးမားသလောက် တိုင်းပြည်က အကျိုးခံစားရတာ အလွန်နည်းပါးနေပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီ တင်ဆက်ထားပါတယ်။
၂၀၂၁မှာ အမျိုးသားညီညွတ်ရေး အစိုးရသစ်တရပ် ပေါ်ပေါက်လာဖို့ မျှော်မှန်းထားကြတဲ့အတိုင်း ၊ တိုင်းရင်းသားပါတီတွေရဲ့ လိုလားချက်ကို ဆွေးနွေးနိုင်ဖို့အတွက် ရွေးကောက်ပွဲမှာ အများစုအနိုင်ရထားတဲ့ NLD ပါတီ ထိပ်တန်းခေါင်းဆောင် အဖွဲ့တဖွဲ့ဟာ ပထမဦးဆုံးအဖြစ် ကချင်ပြည်နယ် ခရီးစဉ်ကို စတင်လိုက်ပြီ ဖြစ်ပါတယ်။
COVID-19 ကာကွယ်ဆေးဝယ်ယူရေး အိန္ဒိယရဲ့ Serum Institute ကုမ္ပဏီနဲ့ မြန်မာကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်တဲ့ တချိန်တည်းမှာပဲ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာတော့ ကာကွယ်ဆေး ဦးစားပေးထိုးနှံပေးမယ့် လူစာရင်းကို ပြုစုနေကြပါပြီ။
ဒီဇင်ဘာ ၂၄၊ ၂၀၂၀ - နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းတွေဟာ သူတို့ရရှိတဲ့အမြတ်စ ွန်းကို သီးခြား စာရင်းလုပ်ပြီး သိမ်းဆည်းထားပါတယ်။ ဦးသိန်းစိန် အစိုးရ တက်လာတော့လည်း အဲဒီစာရင်းတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ် ရိုဟင်ဂျာဒုက္ခသည်စခန်းထဲက ကလေးတွေရဲ့ စိတ်ဒဏ်ရာကို ကုစားနိုင်ဖို့နဲ့ သူတို့ရဲ့ ပညာရေးမှာ အထောက်အကူ ဖြစ်စေဖို့ "Sesame Street" အမေရိကန် ရုပ်သံအစီအစဉ်က ရိုဟင်ဂျာဇာတ်ကောင်လေးတွေကို ဖန်တီး မိတ်ဆက်ပေးလိုက်တဲ့အကြောင်း ရိုက်တာသတင်းကို အခြေခံပြီး ကိုဉာဏ်ဝင်းအောင်က ပြောပြထားပါတယ်။
အမေရိကန်ပြည်ထောင်စု အနောက်ဘက်ခြမ်း ကယ်လီဖိုးနီးယားပြည်နယ်မှာ ဒီရက်ပိုင်းထဲ ကိုဗစ်ကူးစက်မှုနှုန်း မြင့်တက်နေပြီး ဆေးရုံတွေက အထူးကြပ်မတ် ကုသဆောင်တွေမှာ လူနာတွေနဲ့ ပြည့်ကြပ်နေတဲ့အတွက် ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
NLD ပါတီက တိုင်းရင်းသားပါတီတွေနဲ့ တွေ့ဆုံမယ့်ကိစ္စကို အပြုသဘောဆောင်တဲ့ ခြေလှမ်းအဖြစ် ကြိုဆိုပေမယ့် ၊ ဖက်ဒရယ် ပြည်ထောင်စုလမ်းကြောင်းကို လျှောက်လမ်းနိုင်မယ့် ခိုင်မာတဲ့မူဝါဒတွေ ချမှတ် လုပ်ဆောင်နိုင်ဖို့က ပိုအရေးကြီးကြောင်း တိုင်းရင်းသားပါတီခေါင်းဆောင် တချို့က ပြောပါတယ်။
မလေးရှားနိုင်ငံက မိသားစုတစုဟာ ကိုဗစ်ကြောင့် ထိခိုက်နေတဲ့ စီးပွားရေး နလန်ပြန်ထူဖို့နေအိမ်အပြင်မထွက်သူတွေအတွက်ပီဆာလုပ်ရောင်း လာတဲ့အကြောင်းနဲ့ ဗီယက်နမ်နိုင်ငံမှာတော့ ရှေးခေတ်နန်းတွင်း ဝတ်စုံတွေကို လူငယ်တွေကြား ပြန်လည် ခေတ်စားလာအောင်ဒီဇိုင်နာတချို့က ကြိုးပမ်းလာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် တင်ပြမှာပါ။
ကိုဗစ် ကပ်ရောဂါအခြေအနေကြောင့် အမေရိကန်နိုင်ငံတလွှား စားနပ်ရိက္ခာ လှူဒါန်း ပေးဝေနေတဲ့ဌာနတွေမှာ အကူအညီတောင်းခံသူ အရင်ထက် ပိုများလာပါတယ်။ VOA သတင်းထောက် Mariama Diallo ရဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။
ဒီဇင်ဘာ ၁၇၊ ၂၀၂၀ - စစ်ကိုင်းတိုင်း ဗန်းမောက် ဝန်းသိုနဲ့ ပင်လယ်ဘူးမြို့နယ်တွေက နေရာ အတော်များများမှာ တရုတ်ကုမ္ပဏီကို ကြေးနဲ့ ဆက်စပ်သတ္တုတေ ွ ရှာဖွေ တူးဖေါ်ခွင့် ပေးလိုက်တဲ့ကိစ္စအေကြာင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီ တင်ဆက်ထားပါတယ်။
အမေရိကန် ရွေးကောက်ခံသမ္မတ Joe Biden က သူ့အစိုးရတက်လာတဲ့အခါ ရုရွားသမ္မတ Vladimir Putin လို အာဏာရှင်တွေကို ဆန့်ကျင် ရင်ဆိုင်သွားမှာဖြစ်ပြီး NATO မဟာမိတ်အဖွဲ့နဲ့ ဆက်ဆံရေး ပြန်လည်ကောင်းမွန်အောင် ဦးစားပေးလုပ်သွားဖို့ ရည်ရွယ်ထားတယ်လို့ ကတိပေးပြောဆိုထားပါတယ်။ ကိုဉာဏ်ဝင်းအောင် ပြောပြမှာပါ။
အမေရိကန်နိုင်ငံသားတွေကို ဒီဇင်ဘာ ၁၄ ရက် တနင်္လာနေ့ကစလို့ ကိုဗစ်ကာကွယ်ဆေး ထိုးပေးတာ့မှာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းထဲက ရိုဟင်ဂျာတွေကို ပင်လယ်ကွေ့ထဲရှိတဲ့ ဘာဆန်ချာကျွန်းဆီ ပို့နေတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ လုပ်ရပ်နဲ့ပတ်သက်လို့ ပြည်ပအခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကြား သဘောထားအမြင် အမျိုးမျိုး ကွဲပြားနေတဲ့ အကြောင်းပြောပြပါမယ်။
ဂျပန်နိုင်ငံက ဈေးဝယ်စင်တာမှာ ကိုဗစ် စည်းကမ်းချက် မလိုက်နာသူတွေကို စက်ရုပ်တွေက လိုက်လံသတိပေးနေတဲ့အကြောင်းနဲ့ အင်ဒိုနီးရှားနိုင်ငံက စားသောက်ဆိုင်တခုမှာတော့ လူတွေရဲ့ ခြေထောက်ကို ငါးတွေက သန့်ရှင်းရေးလုပ်ပေးတဲ့ ဝန်ဆောင်မှု ပေးနေတဲ့အေကြာင်း Ira Mellman ရဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြမှာပါ။
ဒီဇင်ဘာ ၁၀၊ ၂၀၂၀ - ဒီမိုကရေစီ ဓလေ့ကို ပြုစုပျိုးထောင်ရာမှာ ပြည်သူ့သဘောထား စစ်တမ်းဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်နေကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီတင်ဆက်ထားပါတယ်။
တောင်ကိုရီးယားနိုင်ငံမှာ ရောဂါကူးစက်မှု ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်လာပြီး ၊ ကိုရီးယားရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အလုပ်ချိန် လျှော့ချခံရတာ ၊ တချို့လည်း စက်ရုံတွေ ယာယီပိတ်ထားလို့ အလုပ်လုပ်မဲ့ဖြစ်နေတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်လာရပါတယ်။
နောက်ထပ်ကြည့်ရှုရန်