သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်လက်နက်ဈေးကွက်


Karen National Union (KNU) soldiers stand guard with their assault weapons at Oo Kray Kee village in Karen State near Thai-Myanmar border on January 30, 2012. The Karen National Union (KNU) is waging the world's longest-running insurgency, launched 63 yea
Karen National Union (KNU) soldiers stand guard with their assault weapons at Oo Kray Kee village in Karen State near Thai-Myanmar border on January 30, 2012. The Karen National Union (KNU) is waging the world's longest-running insurgency, launched 63 yea
စစ်လက်နက်ဈေးကွက်
please wait

No media source currently available

0:00 0:05:28 0:00
တိုက်ရိုက် လင့်ခ်

ဦးအောင်ခင်ရဲ့ မြန်မာ့အရေး သုံးသပ်ချက်

လွန်ခဲ့တဲ့ဇွန်လကုန်က ထိုင်း-မြန်မာနယ်စပ် ချင်းရိုင်းမှာ မူးယစ်ဆေးနဲ့အတူ လက်နက်မျိုးစုံ (၆၀၀) ကျော် ဖမ်းဆီးရမိတဲ့သတင်းဟာ ရှင်သန်နေတဲ့ စစ်လက်နက်ဈေးကွက်ကို မီးမောင်းထိုးပြသလို ဖြစ်နေပါတယ်။ မတ်လကုန်ပိုင်းကလည်း မဲဆိုင်း၊ တာချီလိတ်မှာ လက်ပစ်ဗုံးတရာကျော် ဖမ်းဆီးရမိပြီး၊ မေလကုန်က ခေတ်မီသေနတ် (၃၀) ကို ထိုင်းရဲက ဖမ်းဆီးခဲ့ပါတယ်။ မြန်မာ့လက်နက်မှောင်ခိုဈေးကွက်အတွက် ရည်ရွယ်တဲ့ သေနတ်တွေပါ။ နယ်စပ်မှာ ဖမ်းဆီးရမိတဲ့ လက်နက်အများစုဟာ တရုတ်လုပ်တွေ ဖြစ်ပါတယ်။ စစ်အစိုးရရဲ့ စစ်လက်နက်ပစ္စည်း (၄၀) ရာခိုင်နှုန်းကို ရုရှားနိုင်ငံက ဝယ်ယူတာလို့ သိရပါတယ်။

ဗမာစစ်တပ်ကို လက်နက်ရောင်းတဲ့ တရုတ်ကုမ္မဏီ (၅) ခုအကြောင်း Justice for Myanmar အဖွဲ့က မကြာမီက ဖော်ပြပါတယ်။ မြန်မာ့ဈေးကွက်မှာ တရုတ်က လက်နက်ရောင်းနေတာ ကြာပါပြီ။ အစိုးရကို တရားဝင်ရောင်းတာရှိသလို အခြားတပ်ဖွဲ့တွေ မှောင်ခိုဈေးကွက်မှာ ရောင်းတာလည်း ရှိပါတယ်။ နယ်စပ်ဒေသမှာ စစ်လက်နက်ပစ္စည်း ဖမ်းဆီးရမိတဲ့သတင်းဟာ မြန်မာပြည်သားတွေအဖို့တော့ မထူးဆန်းတော့ပါဘူး။ နှစ်ပေါင်းများစွာ ကြားသိနေရတဲ့ သတင်းမျိုး ဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ် ဇူလိုင်လက ထိုင်းနိုင်ငံ မဲ့ဆောက်နယ်စပ်မြို့မှာ တရုတ်ပြည်လုပ် လက်နက်ဒေါ်လာ (၁) သန်းဖိုး ဖမ်းဆီးရမိတဲ့သတင်းဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ AK47 မောင်းပြန်ရိုင်ဖယ်စက်သေနတ်၊ လက်ပစ်ဗုံး၊ စက်သေနတ်နဲ့ ခဲယမ်းမီးကျောက်တွေကို ထိုင်းရဲက ဖမ်းဆီးလိုက်ပါတယ်။ AA ရခိုင်စစ်တပ်နဲ့ နယ်စပ်အခြေစိုက် အိန္ဒိယသူပုန်တွေအတွက် ရည်ရွယ်တဲ့ စစ်လက်နက် ဖြစ်တယ်လို့ သိရပါတယ်။ ဧပြီလကလည်း မောင်းပြန်ရိုင်ဖယ် (၅၀၀)၊ စက်သေနတ် (၃၀)၊ လက်ပစ်ဗုံး၊ ခဲယမ်းနဲ့ တရုတ်လုပ် FN-6 ပုခုံးထမ်း Madpad ဒုံးကျည်းအချို့ကို ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်း မိုနာခါလီကမ်းခြေမှာ ဖမ်းဆီးရမိတဲ့သတင်း ထွက်လာပါတယ်။ AA ရခိုင်တပ်ဟာ ၂၀၀၉ က ကချင်ပြည်နယ်မှာ တည်ထောင်စဉ်ကစပြီး တရုတ်စက်ပစ္စည်းတွေကို သုံးတယ်လို့ ဆိုပါတယ်။ တရုတ်ပြည်တောင်ပိုင်းကမ်းခြေကနေ စစ်လက်နက်တွေကို ငါးဖမ်းသင်္ဘောလေးနဲ့ သယ်ဆောင်လာတာ ဖြစ်တယ်လို့ သိရပါတယ်။

အမေရိကန်သုတေသီ Dr. Anders Corr ဆိုသူကတော့ AA တပ်ဖွဲ့ရဲ့ ရန်ပုံငွေ (၉၅) ရာခိုင်နှုန်းဟာ တရုတ်ပြည်က လာတာလို့ ဆိုပါတယ်။ စစ်လက်နက်ပစ္စည်းတင်မကဘဲ စစ်ဝတ်စုံပါ တရုတ်က ထောက်ပံ့တာ ဖြစ်ပါတယ်။ ဗမာစစ်တပ်နဲ့ တိုင်းရင်းသားတပ်ဖွဲ့တွေဟာ တရုတ်လုပ် စစ်လက်နက်ကို သုံးနေတာ ကြာပါပြီ။ လွန်ခဲ့တဲ့နှစ် ဇန်နဝါရီလ (၁၅) ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်မှာ တရုတ်စစ်လက်နက်တွေ ဖမ်းမိတဲ့သတင်း ထွက်လာပါတယ်။ ဒီအထဲမှာ မြေပြင်ပစ် ၁၀၇ မမ ဒုံးကျည်နဲ့ လေယာဉ်ပစ် FN-6 ဒုံးကျည်တွေလည်း ပါဝင်ပါတယ်။ ကိုးကန့်၊ တာအင်း၊ ရခိုင်၊ ကချင်စတဲ့ မြောက်ပိုင်းတပ်ဖွဲ့တွေဟာ ဝပြည်နယ်ထုတ် စစ်လက်နက်ပစ္စည်းတွေကိုလည်း သုံးစွဲကြပါတယ်။

ရှမ်းပြည်နယ်မှာ ခိုလှုံနေတဲ့ KMT တရုတ်တပ်သား တစ်သောင်းကျော် ယူဆောင်လာတဲ့ အမေရိကန်လုပ် စစ်လက်နက်တွေ တိုင်းရင်းသားတပ်ဖွဲ့လက်ထဲ ရောက်သွားတာလည်း ရှိပါတယ်။ ဗကပ - ဗမာပြည်ကွန်မြူနစ်ပါတီကို ထောက်ပံ့တဲ့ တရုတ်စစ်လက်နက်မျိုးစုံလည်း ထောင်ပုံရာပုံ ရှိပါတယ်။ ဗကပနယ်မြေမှာ တရုတ်က ၁၉၇၇ မှာ လက်နက်စက်ရုံ ဆောက်ပေးတယ်လို့ ဆိုပါတယ်။ လာအိုကိုပေးတဲ့ လက်နက်တွေ မြန်မာပြည် ရောက်သွားတာလည်း ရှိပါတယ်။ ၁၉၅၀ ကနေ ၁၉၇၅ အထိ (၂၅) နှစ်အတွင်း လက်နက်ငယ် (၃) သိန်း၊ စက်သေနတ် (၃) ထောင်နဲ့ လောင်ချာ (၃) ထောင် အမေရိကန်က လာအိုကို ပေးခဲ့ပါတယ်။ အဲဒီတုန်းက ကမ္ဘောဒီးယားကလည်း အမေရိကန်လက်နက်ကြီးငယ် အများအပြား ရရှိခဲ့ပါတယ်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနဲ့ ထိဆက်နေတဲ့ ထိုင်းနိုင်ငံဟာ စစ်လက်နက် မှောင်ခိုဈေးလို ဖြစ်နေပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားရာဒေသဟာ စစ်လက်နက် ဝယ်လိုအား အကောင်းဆုံးနေရာ ဖြစ်လာပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်စစ်အုပ်ချုပ်ရေးကာလမှာ ဂျပန်နဲ့ ဗမာတပ်ဖွဲ့တွေ ကိုင်ဆောင်တဲ့ လက်နက်တွေ အများအပြား ရှိပါတယ်။ မဟာမိတ်တပ်တွေ စစ်နိုင်တော့ အင်္ဂလိပ်-အမေရိကန် လက်နက်တွေ များပြားလာပါတယ်။ လွတ်လပ်ရေးရပြီး မကြာမီ တပ်မတော်တပ်ရင်းအချို့ ပုန်ကန်ထကြွတာရယ်၊ ကရင်သူပုန် ထကြွတာရယ်ကြောင့် ပြည်တွင်းပဋိပက္ခ ကျယ်ပြန့်လာပါတယ်။ ကမ္ဘောဒီးယား ပြည်တွင်းစစ်ပြီးတဲ့အခါ မြန်မာပြည်ဟာ စစ်လက်နက်ဈေးကွက် ဖြစ်လာပါတယ်။ တိုင်းရင်းသားတပ်ဖွဲ့တွေက အများဆုံး ဝယ်ယူကြပါတယ်။ အိန္ဒိယနယ်စပ်အထိ လက်နက်ဈေးကွက် ကျယ်ပြန့်သွားပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးချိန်ကစပြီး လက်နက်ငယ်တွေ မြန်မာပြည်မှာ စတင်ပြန့်ပွားလာတာ အခုထက်ထိ အရှိန်ရနေတုန်းပါ။ အခုတော့ လက်နက်ကြီးနဲ့ ဒုံးကျည်လက်နက်တွေပါ ပါဝင်လာတာကို တွေ့ရပါတယ်။ တရုတ်လုပ် မြေပြင်ဝေဟင်ပစ် ပုခုံးထမ်း Madpad ဒုံးကို ဝ နဲ့ မြောက်ပိုင်းတပ်ဖွဲ့အချို့ ကိုင်ဆောင်ကြောင်း သိရပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူငယ်တွေပါဝင်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မှာလည်း အင်အားတိုးပွားနေသလို လက်နက်လည်း လိုအပ်နေမှာ ဖြစ်ပါတယ်။ စစ်တပ်ကြီးစိုးနေတဲ့ တိုင်းပြည်မှာ လက်နက်ကိုင်တော်လှန်ရေးနဲ့ လက်နက်ဈေးကွက် ရှင်သန်နေတာ ဖြစ်ပါတယ်။


== Unicode ==









XS
SM
MD
LG