တရုတ်နိုင်ငံက နည်းပညာကုမ္ပဏီကြီးတခုဟာ မောင်းသူမဲ့ တက္ကဆီ ဝန်ဆောင်မှုလုပ်ငန်းကို မကြားသေးခင်က စတင် ပြေးဆွဲနေတဲ့အကြောင်းနဲ့ အမျိုးသမီး စားဖိုမှူးရှားပါးတဲ့ ဟောင်ကောင်မှာ လူတွေ အားကျ အတုယူရတဲ့ စားဖိုမှူးတဦးရဲ့ ကိုဗစ်ကာလထဲ လှုပ်ရှားရုန်းကန်မှုအကြောင်း Josh Nist ရဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
ဇွန် ၁၇၊ ၂၀၂၁ - စစ်ကောင်စီ လက်အောက်မှာ လအနည်းငယ်နေရတာဟာ ကိုဗစ် ကပ်ရောဂါဒဏ်ကို (၁)နှစ် ခံရတာထက် ဆိုးဝါးကြောင်း နိုင်ငံခြားကုမ္ပဏီ စစ်တမ်းမှာ ဖေါ်ပြထားတာကို ဦးအောင်ခင်က သုံးသပ်ရေးသားပြီး ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့ကနေ ထွက်ပြေးလာရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေဆီ ပေးပို့တဲ့ ရိက္ခာ လမ်းကြောင်းကို အာဏာပိုင်တွေက ပိတ်ဆို့ သိမ်းဆည်းနေတာကြောင့် တောတောင်တွေထဲ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေ သောက်ရေသန့်နဲ့ အရေးပေါ် အကူအညီရဖို့ ခက်ခဲနေပါတယ်။
ကမ္ဘာ့အင်အားကြီး ၇ နိုင်ငံ G-7 အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ ထိပ်သီးညီလာခံ အင်္ဂလန်မှာ ကျင်းပနေချိန်မှာပဲ မြန်မာ့အရေး ကူညီဖြေရှင်းပေးဖို့ တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်ကြပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ စားသောက်ကုန်ဈေးနှုန်း ကြီးမြင့်ပြီး ရိက္ခာဝယ်ယူဖို့ အခက်အခဲတွေ ကြုံလာရတဲ့ အကြောင်းနဲ့ ကိုဗစ်ကူးစက်မှု ပြန်တိုးလာတာကြောင့် သြစတြေးလျ နိုင်ငံ Melbourne မြို့မှာ လူတွေ နေအိမ်မှာပဲ နေကြဖို့ဆိုတဲ့ ကန့်သတ်ချက်တွေ ကြုံခဲ့ရတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ ။
ဇွန် ၁၀၊ ၂၀၂၁ - စစ်အာဏာရှင် ဆန့်ကျင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ အရပ်သား အတိုက်အခံ အုပ်စုတွေဟာ အမေရိကန်အစိုးရရဲ့ အကူအညီကို ရယူလိုပါတယ်။ ဒါကြောင့် ဘယ်လို ကူညီတာဟာ အကောင်းဆုံးလဲ ဆိုတာကို ဦးအောင်ခင်က ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
ကိုဗစ်ကြောင့် အမေရိကန်ပြည်ထောင်စုအတွင်း ခရုကမာကောင် ရောင်းချတဲ့ စားသောက်ဆိုင်အများစု ယာယီ ပိတ်လိုက်ရတဲ့အတွက် ကမာ မွေးမြူရေးသမားတွေ စီးပွားထိခိုက်လာပါတယ်။ သဘာဝဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့တွေကတော့ ကမာတွေ မျိုးမတုံးအောင် ကမာကောင်တွေ လိုက်ဝယ်နေတဲ့အကြောင်း AP သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် စည်လှောင်ကျေးရွာအုပ်စုက ဆန္ဒပြ ဒေသခံတွေကို စစ်ကောင်စီတပ်က ဇွန်လ(၆)ရက်နေ့မှာ လာရောက်ပစ်ခတ်တဲ့အတွက် လူငယ်တဦး သေဆုံးပြီး တချို့ ဒဏ်ရာရရှိသွားတယ်လို့ ဒေသခံတွေနဲ့ ဒုက္ခသည်တွေ ကူညီပေးနေသူ တချို့က ပြောပါတယ်။
မြန်မာ့အရေး ကြားဝင်ဖြေရှင်းဖို့ ကြိုးပမ်းရာမှာ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအနေနဲ့ အာဏာသိမ်း စစ်ကောင်စီနဲ့သာ ဆက်ဆံမယ်ဆိုရင် ထိရောက်နိုင်မှာ မဟုတ်ကြောင်း မြန်မာ့အရေး လှုပ်ရှားသူတွေရဲ့ စနေနေ့က ဆန္ဒပြပွဲတွေမှာ ပြောဆိုလိုက်ကြပါတယ်။
ကိုဗစ်ကူးစက်မှု ဟန့်တားနိုင်ရေး ကန့်သတ်ချက် တွေကြောင့် အာရှရဲ့ စီးပွားရေးကိုပါ ထိခိုက်လာနေတဲ့ အကြောင်းနဲ့ ဟောင်ကောင်မှာတော့ နဂိုက အကြီးအကျယ် ခင်းကျင်းပြသလေ့ရှိတဲ့ အနုပညာပြပွဲတခုကို ၊လူကိုင်တိုင်ကြည့်တာမျိုးရော အွန်လိုင်းက ကြည့်နိုင်အောင်ပါ စီစဉ်ခဲ့တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ ။
ဇွန် ၃၊ ၂၀၂၁ - တရုတ် အစိုးရရဲ့ စီးပွားရေး စီမံကိန်းတွေ -မြန်မာပြည်မှာ အောင်မြင်စွာ အကောင်အထည်ဖေါ်နိုင်အောင် စစ်ကောင်စီ ကြိုးပမ်းနေပုံ ကို ဦးအောင်ခင်က ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်ရှိနေသလိုပဲ ပြည်ပရောက် မြန်မာတွေကလည်း စစ်တပ်က အာဏာသိမ်းထားတာကို ဆက်လက် ဆန့်ကျင်နေကြောင်းနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို နိုင်ငံတကာ အစိုးရတွေက ပိုပြီး အသိအမှတ်ပြုလာအောင် အမေရိကန်နဲ့ ဥရောပ နိုင်ငံတချို့မှာ စနေနေ့က ဆန္ဒထုတ်ဖော် ပြသခဲ့ကြပါတယ်။
သြစတြေးလျနိုင်ငံမှာ စက်ဘီးနဲ့ အစားအသောက်လိုက်ပို့သူတွေကနစ်နာကြေးနဲ့ အကျိုးခံစားခွင့်ပိုရရှိဖို့ မျှော်လင့်လာတဲ့ အကြောင်းနဲ့ စင်္ကာပူနိုင်ငံမှာတော့သိပ္ပံပညာရှင်တွေက အသားတုတွေကို ဓါတ်ခွဲခန်းမှာ ဖန်တီးထုတ်လုပ်ရင်း လူကြိုက်များတဲ့ အာရှ-အစားအသောက်တွေ တီထွင်လာကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။
မေ ၂၇၊ ၂၀၂၁ - စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပြဿနာကို ဦးအောင်ခင်နဲ့ ကိုဉာဏ်ဝင်းအောင်က အခုလို တင်ပြထားပါတယ်။
ကနီနဲ့ မင်းတပ်မြို့တဝိုက်က စစ်ဘေးရှောင်ပြည်သူတွေဟာ မကြာခင် မိုးတွင်း ကျရောက်လာတော့ မှာမို့ အရေးပေါ် စားနပ်ရိက္ခာ၊ ဆေးဝါး လိုအပ်နေပြီး ၊ ဒုက္ခသည်တွေအတွက် အကူအညီတွေ ပေးပို့ရာမှာ ပုံမှန်လမ်းကြောင်းအတိုင်း မပို့နိုင်တော့ပဲ အခက်အခဲတွေ ကြုံလာရတယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တချို့က ပြောပါတယ်။
မြန်မာနိုင်ငံမှာ လုံခြုံရေးအာဏာပိုင်တွေရဲ့ ဖြိုခွင်းမှုတွေကြားကပဲ စစ်အာဏာသိမ်းမှုအပေါ် ဆက်လက် ဆန့်ကျင်နေသူတွေကို အားပေးတဲ့အနေနဲ့ အမေရိကန် အပါအဝင် ပြည်ပနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ စနေနေ့က စုဝေးလှုပ်ရှားကြပါတယ်။
NLD ပါတီကို အကြောင်းပြချက်တခုခုနဲ့ ဖျက်သိမ်းလိုက်မယ်ဆိုရင် နိုင်ငံတကာရဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှုတွေကို ရင်ဆိုင် လာရလိမ့်မယ်လို့ တိုင်းနဲ့ပြည်နယ်တွေမှာရှိတဲ့ NLD ပါတီ တာဝန်ရှိသူတချို့က ပြောဆိုလိုက်ပါတယ်။
တရုတ်နိုင်ငံမှာတပတ်ရစ်နာမည်ကြီး Brand ပစ္စည်းဈေးကွက်ထဲမှာအတုနဲ့အစစ်ကိုခွဲခြားပေးနိုင်မယ့် ရာဖြတ်ပညာရှင်တွေ ပိုပြီး လိုအပ်လာတဲ့အကြောင်းနဲ့ ဂျပန်နိုင်ငံမှာတော့ Fujitsu နည်းပညာကုမ္ပဏီက သောင်းနဲ့ချီတဲ့ သူ့ဝန်ထမ်းတွေကို အွန်လိုင်းကတဆင့်အလုပ်လုပ်နိုင်ဖို့ စီစဉ်ပေးလာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။
မေ ၂၀၊ ၂၀၂၁ - စစ်အာဏာရှင်စနစ် နိဂုံးချုပ်ပြီး ဒီမိုကရေစီဓလေ့ ကျင့်သုံးနိုင်ရေးအတွက် မြန်မာပြည်မှာ နှလုံးရည် တိုက်ပွဲရော၊ လက်နက်ကိုင် တိုက်ပွဲပါ ဆင်နွှဲနေရပုံကို ဦးအောင်ခင် က ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင်း ထပ်မံဖြစ်ပွားလာတဲ့ တိုက်ပွဲတွေကြောင့် ပြည်တွင်းစစ်ရှောင်ဒုက္ခသည် အရေအတွက် ပိုတိုးလာနေပြီး၊ စားနပ်ရိက္ခာ ဆေးဝါး စတဲ့ အရေးပေါ် အကူအညီ လိုအပ်ချက်တွေ ရှိလာတယ်လို့ ကူညီကယ်ဆယ်ရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
နောက်ထပ်ကြည့်ရှုရန်