မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိခိုက်နေရတဲ့အထဲမှာ မန္တလေးက ကျောက်မျက်ရောင်းဝယ်ရေး လုပ်ငန်းတွေလည်း ပါဝင်နေပါတယ်။ နေ့စဉ် စားဝတ်နေရေးအတွက် အရောင်းအဝယ် လုပ်နေရပေမယ့် စစ်တပ်ကိုရော သူတို့ကို ဆန့်ကျင်တဲ့ လက်နက်ကိုင်အဖွဲ့တွေကိုပါ စိုးရိမ်နေရတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မတည်မငြိမ် အခြေအနေတွေကြောင့် စီးပွားရေးလုပ်ငန်းတွေ ထိခိုက်နေရတဲ့အထဲမှာ မန္တလေးက ကျောက်မျက်ရောင်းဝယ်ရေး လုပ်ငန်းတွေလည်း ပါဝင်နေပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုတွေ၊ စစ်ရေးပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေအတွက် အရေးပေါ်ကယ်ဆယ်ထောက်ပံ့မှုတွေ လိုအပ်မှု အပါအဝင် တိုင်းရင်းသားတွေအခြေအနေ အစီရင်ခံစာနဲ့ ပတ်သတ်ပြီး မေရီလန်း ချင်းတိုင်းသားရင်းများအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဇိုသုန်းမှုန်ကို ကိုဉာဏ်ဝင်းအောင် မေးမြန်းထားပါတယ်။
အသက်ရွယ်ကြီးရင့်သူများလာတဲ့ ဂျပန်နိုင်ငံမှာ အလိုအလျှောက်မောင်းနှင်တဲ့ကားတွေ ပိုမိုထုတ်လုပ်ဖို့ မောင်းသူမဲ့တက္ကဆီတွေ ပြေးဆွဲနိုင်ဖို့အထိ စီစဉ်နေတဲ့ အကြောင်းနဲ့ တရုတ်နိုင်ငံမှာတော့မှတ်ဉာဏ်ချို့ယွင်းတဲ့ ဝေဒနာရှင် ပိုတိုးလာတဲ့အတွက် စီးပွားရေးကဏ္ဍကိုပါ ထိခိုက်လာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
မြန်မာနိုင်ငံက နေရပ်စွန့် ဒုက္ခသည်တွေနဲ့ အခြား ဒုက္ခသည်တွေ ကြုံနေရတဲ့ ၊ လူသားချင်း စာနာမှုဆိုင်ရာအခြေအနေ ဆိုးရွားလာမှု - ခေါင်းစဉ်နဲ့ အစီရင်ခံစာတစောင်ကို ချင်းတိုင်းသားရင်းများအဖွဲ့ကာ ထုတ်ပြန်လိုက်ပြီး ဖိအားတွေပေးကြဖို့ တိုက်တွန်းလိုက်ပါတယ်။ကိုဉာဏ်ဝင်းအောင်က ပြောပြထားပါတယ်။
နိုဝင်ဘာ ၄၊ ၂၀၂၁ - မြန်မာနိုင်ငံကို ကချင်တိုင်းရင်းသားတွေက ဘယ်လောက် သံယောဇဉ် ရှိတယ်ဆိုတာကို အကဲခတ်နိုင်ဖို့အတွက် ၊ ကချင်အမျိုးသမီး "ဂျာငိုင်ဂျပ်"က မကြာသေးမီက စစ်တမ်းကောက်ယူခဲ့ပါတယ်။ ဒီအကြောင်းကို ဦးအောင်ခင်က ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
UN-OCHA ရဲ့ ကြေညာချက်ထဲမှာတော့ ချင်း ၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတွေမှာ မကြာသေးမီက စစ်ကောင်စီတပ်နဲ့ ချင်းဒေသ ကာကွယ်ရေးတပ် CDF ကြား တိုက်ပွဲဖြစ်နေတာ၊ မကွေးနဲ့ စစ်ကိုင်းဖက်မှာလည်း ဒေသခံ PDF တွေနဲ့ တိုက်ပွဲဖြစ်နေတဲ့ အခြေအနေက ပိုဆိုးလာတယ်လို့ ဖေါ်ပြပါတယ်။
ထိုင်းနိုင်ငံမှာ ကာကွယ်ဆေး အပြည့်အဝထိုးပြီးသား နိုင်ငံခြားသားဧည့်သည်တွေကို နိုဝင်ဘာလဆန်းကစလို့ လာရောက်လည်ပတ်ခွင့် ပေးလိုက်ပြီဆိုပေမဲ့ ထိုင်းရဲ့ခရီးသွားလုပ်ငန်းက အရင်လို အခြေအနေမျိုး ပြန်ရဖို့ အတော်ရုန်းကန်ရဦးမယ်လို့ ကျွမ်းကျင်သူတွေ သုံးသပ်ကြပါတယ်။ AFP သတင်းတပုဒ်ကို ကိုဉာဏ်ဝင်းအောင် ပြောပြထားပါတယ်။
ဗီယက်နမ်နိုင်ငံက အနုပညာရှင်တဦး အဝတ် ဖြတ်စတွေနဲ့ ဖန်တီးထားတဲ့ သူ့ရဲ့ပန်းချီကားတွေ ဈေးကောင်းရလာတဲ့အကြောင်းနဲ့ ကိုဗစ်ကြောင့် ဝင်ငွေထိခိုက်နေရတဲ့ အိန္ဒိယနိုင်ငံမှာတော့ ပြည်သူအတော်များများ သူတို့စုဆောင်းထားတဲ့ ရွှေထည်ပစ္စည်းတွေ ထုတ်ရောင်းနေကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
နေအိမ် အဆောက်အဦး ၁၀၀ ကျော် မီးလောင်ပျက်စီးခဲ့ရတဲ့ ချင်းပြည်နယ်၊ ထန်တလန်မြို့ အပါအဝင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်နစ်နာနေရတဲ့ ကိစ္စတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆွေးနွေးဖို့ တက်ကြွလှုပ်ရှားသူတွေ တောင်းဆိုလိုက်ကြပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး IIMM ခေါ် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းမှု ယန္တရားက ဖေ့စ်ဘုတ်နဲ့ ပုံမှန်ထိတွေ့ ဆွေးနွေးမှုတွေ ရှိနေတယ်လို့ IIMM ရဲ့အကြီးအကဲ Nicholas KoumJian က ပြောကြားလိုက်ပါတယ်။KoumJian ကို VOA ရဲ့အယ်ဒီတာ ဦးကျော်ဇံသာက တွေ့ဆုံမေးမြန်းခဲ့ပါတယ်။
အောက်တိုဘာ ၂၈၊ ၂၀၂၁ - ကချင်ပြည်နယ်က တိုင်းရင်းသား(၅)မျိုး ၊ ဆက်ဆံရေး မပြေလည်တာကို တပ်မတော်က အခွင့်ကောင်းယူပြီး ၊ KIA ဆန့်ကျင်ရေး လှုပ်ရှားမှုဖြစ်လာအောင် ကြံစည်ပုံကို ဦးအောင်ခင်နဲ့ ကိုဉာဏ်ဝင်းအောင်တို့က အခုလို တင်ပြထားပါတယ်။
သမ္မတ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာမျိုးအောင်တို့ရဲ့ အမှုလိုက်ရှေ့နေတွေကို တရားခွင်စစ်မေးချက်တွေ ပြန်လည်ပြောဆိုခြင်းမပြုဖို့ တားမြစ်လိုက်တာဟာ တရားသူကြီးရဲ့ နဂိုသတ်မှတ်ချက်ဖြစ်တဲ့ Open Court ဆိုတဲ့ အချက်ကို ဆန့်ကျင်ဖီလာရာ ရောက်နေကြောင်း လူ့အခွင့်အရေး ရှေ့နေ ဦးမင်းလွင်ဦးက ထောက်ပြပါတယ်။
ထောင်နဲ့ချီတဲ့သူတွေရဲ့အမှုကို ပိတ်သိမ်းပြီး ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာထားပေမယ့် စစ်အာဏာသိမ်း ဆန့်ကျင်မှုကြောင့် ဖမ်းဆီးထားသူတွေ တော်တော်များများ ပြန်လွတ် မလာသေးတဲ့ အပေါ်မှာတော့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကလည်း စိုးရိမ်နေတာပါ။
ရေဘေးရော ကိုဗစ်ကပ်ရောဂါဘေးပါ ကြုံရတဲ့ ထိုင်းနိုင်ငံမှာ ရေကြီးနေတဲ့ကြားမှာပဲ စားသောက်ဆိုင်တချို့ ဖွင့်လှစ်ရုန်းကန်နေတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံမှာတော့ ဈေးကွက် လက်ဝါးကြီးအုပ်ဖို့ကြိုးစားတဲ့ အစားအသောက်ပို့ဆောင်ပေးရေး ကုမ္ပဏီတခုကို အာဏာပိုင်တွေက ဒဏ်ငွေ ရိုက်လိုက်တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
အောက်တိုဘာ ၂၁၊ ၂၀၂၁ - စစ်တပ်ရဲ့ နဂို အပစ်ရပ် - မဟာဗျူဟာကြောင့် တိုင်းရင်းသား လက်နက်ကိုင်တွေထဲမှာ ဖရိုဖရဲ ဖြစ်ကုန်ပြီး ၊ " အပစ်ရပ်- အရင်းရှင်"ဆိုတဲ့ လူတန်းစား ပေါ်ပေါက်လာပါတယ်။ အခု စစ်ကောင်စီ လက်ထက်မှာလည်း အကျိုးအမြတ်ရှိတဲ့ ဒီအပစ်ရပ်လမ်းစဉ်ကိုပဲ ဆက်လက် ကျင့်သုံးနကြောင်း ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်
ဂျပန်နိုင်ငံမှာ နှစ်စဉ် လူသိန်းချီလာလေ့ရှိတဲ့ တိုကျိုက Video Game အရောင်းပြပွဲကြီးကို ဒီနှစ် ကိုဗစ်ကြောင့် လူအလာ နည်းသွားတဲ့အကြောင်းနဲ့ တရုတ်နိုင်ငံတွင်း K-pop ပရိသတ်တွေရဲ့ အွန်လိုင်းအကောင့်တွေကို တရုတ်အစိုးရက ကန့်သတ်လိုက်တဲ့အကြောင်း Chris Casquejo ရဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
အောက်တိုဘာ ၁၄၊ ၂၀၂၁ - ရှမ်းပြည်နယ်မှာ တိုင်းရင်သားလက်နက်ကိုင်အချင်းချင်း တိုက်ခိုက်နေတာဟာ စစ်အာဏာရှင်စနစ် သက်စိုးရှည်ဖို့ ဖြစ်စေပါတယ်။ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့ များပြားတဲ့ပြည်နယ်ဖြစ်လို့ ၊ ပြည်သူ့စစ်နဲ့ ဒီမိုကရေစီလိုလားတဲ့ PDF တပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားအောင် အာဏာသိမ်းတပ်က ဖန်တီးနေကြော
EU ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေအနေနဲ့ အာဏာသိမ်း မြန်မာစစ်ကောင်စီကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်မံချမှတ်ကြဖို့ဆိုတဲ့ ဥရောပပါလီမန်ရဲ့ ဆုံးဖြတ်ချက်ကို မြန်မာ့အရေးလှုပ်ရှားတဲ့ အဖွဲ့တွေက ကြိုဆိုလိုက်ကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
အာဖဂန်နစ္စတန်မှာ နိုင်ငံခြားသားတွေတိုင်းပြည်က ထွက်သွားပြီးနောက် ကာဘူးလ်မြို့က ကော်ဇောနဲ့ ရှေ့ဟောင်းပစ္စည်းဈေးကွက် ရောင်းအားကျသွားတဲ့အကြောင်းနဲ့ အိန္ဒိယ အစားအစာတွေမှာ ဂျပန် ပဲငံပြာရည် ထည့်သုံးလာအောင် ဂျပန် Kikkoman ကုမ္ပဏီက ကြိုပမ်းနေတဲ့အကြောင်း Chris Casquejo ရဲ့သတင်းကို ကိုဉာဏ်ဝင်းအောင် တင်ပြထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်