သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွတ်ငြိမ်းခွင့် ကြေညာထားပေမဲ့ မလွတ်မြောက်သူတွေ ရှိနေတဲ့အပေါ် ပြည်တွင်း၊ ပြည်ပစိုးရိမ်


ပြန်လွတ်လာနိုး အင်းစိန်ထောင်ရှေ့ စောင့်ဆိုင်းနေကြည့်သည့် မိသားစုဝင်များ (အောက်တိုဘာ ၁၈ ၊ ၂၀၂၁ )
ပြန်လွတ်လာနိုး အင်းစိန်ထောင်ရှေ့ စောင့်ဆိုင်းနေကြည့်သည့် မိသားစုဝင်များ (အောက်တိုဘာ ၁၈ ၊ ၂၀၂၁ )

[[ Zawgyi ]]

စစ်ကောင်စီက ကြေညာထားတဲ့ လွတ်ငြိမ်းသက်သာခွင့်အမိန့်နဲ့ ပြန်လွှတ်ပေးမယ်လို့ သတင်းထွက်နေ သူတွေထဲက လူသိထင်ရှားတဲ့ သတင်းစာဆရာ၊ စာရေးဆရာနဲ့ အနုပညာရှင်တွေ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ ရန်ကုန် ရှေ့နေအသိုင်းအဝိုင်းက ပြောပါတယ်။ ထောင်နဲ့ချီတဲ့သူတွေရဲ့အမှုကို ပိတ်သိမ်းပြီး ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာထားပေမယ့် စစ်အာဏာသိမ်း ဆန့်ကျင်မှုကြောင့် ဖမ်းဆီးထားသူတွေ တော်တော်များများ ပြန်လွတ် မလာသေးတဲ့ အပေါ်မှာတော့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကလည်း စိုးရိမ်နေတာပါ။ အပြည့်အစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲအတွင်း ပါဝင်ခဲ့လို့ အဖမ်းဆီးခံရပြီး၊ မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးမှာ အမှုရင်ဆိုင် ကြားနာစစ်ဆေးနေသူတွေထဲက လူ(၅)ထောင်ကျော်ရဲ့အမှုတွေကို ပိတ်သိမ်းပြီး ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီက အောက်တိုဘာ(၁၈)ရက် တနင်္လာနေ့က ကြေညာခဲ့တာပါ။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းသက်သာခွင့်အမိန့်နဲ့ ပြန်လွတ်မယ်လို့ သတင်းထွက်နေ သူတွေထဲက လူသိထင်ရှားတဲ့ သတင်းစာဆရာ၊ စာရေးဆရာနဲ့ အနုပညာရှင်တွေလည်း ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးဘူးလို့ VOA ရဲ့ပင်တိုင်ဆောင်းပါးရှင် သတင်းစာဆရာ ဦးစည်သူအောင်မြင့်ရဲ့ အမှုလိုက်ရှေ့နေ ဒေါ်နှင်းဝင်းအောင်က ပြောပါတယ်။

"စာရေးဆရာတွေလည်း မလွတ်သေးဘူး။ ပြီးတော့ ဆရာမကြီး သန်းမြင့်အောင်တို့ ဆိုရင်လည်း သိထားတာတော့ လွတ်မယ်ဆိုပြီး သိထားတာလေ။ ဒါပေမဲ့ လွတ်တဲ့ထဲ ပါမလာဘူးပေါ့နော် ခုချိန်ထိ။ ပိုင်တခွန်တို့ ဆိုလည်း မလွတ်လာသေးဘူး။ "

သတင်းစာဆရာ ဦးစည်သူအောင်မြင့်လည်း ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပါဘူး။ ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နဲ့တရားစွဲခံထားရတဲ့ အနုပညာရှင် ၂၄ ယောက်နဲ့ လူသိများကျော်ကြားသူ ၁၀ ယောက်ရဲ့ အမှုတွေကိုလည်း ပိတ်သိမ်းခဲ့တယ်လို့ အာဏာပိုင်တွေဖက်က ပြောထားပါတယ်။

ဖမ်းဆီးခဲ့သူတွေထဲက ထောင်ချီတဲ့ နိုင်ငံရေးလှုပ်ရှားသူတွေကို ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီက ပြောထားပေမယ့် သူတို့ ပြောထားတဲ့ အရေအတွက်အတိုင်း ပြန်လည်လွတ်မြောက်လာတာ မတွေ့ရသေးဘူးလို့ ရှေ့နေ ဒေါ်နှင်းဝင်းအောင်က ဆိုပါတယ်။

" မိန်းကလေးတွေချည်းပဲ ၂၀၀ နီးပါးကျန်သေးတယ်၊ အဆောင်တွေမှာ ကျန်နေသေးတာ။ ကျမတို့ အမှုသည်တွေနဲ့ တွေ့တဲ့အခါမှာ သူတို့ရဲ့ ပြောပြချက်အရ သိတာပေါ့နော်။ ယောက်ျားလေးတွေလည်း ကျန်နေခဲ့သေးတယ်၊ တော်တော်များများ ကျန်သေးတယ်။ အဲဒါ ၅၀၅ တွေ ပြောတာနော်။ ပေါက်ကွဲတို့ ဘာတို့ညာတို့ အခြားဟာတွေ မဟုတ်ပဲနဲ့ ၅၀၅ တွေချည်းပဲ ကျန်တာသပ်သပ်။ သူတို့ပြောတာတော့ ရဲက စာရင်းပေးတဲ့သူပဲ သူတို့လွှတ်ပေးရတာပါလို့ပဲ ပြောတာပေါ့။ ကျမတို့ အခုကြည့်ရ သလောက်တော့ သူတို့ပြောထားတဲ့ ၄ ထောင်ကျော်ဆိုတာ မရှိသေးဘူး။ "

ပြန်လွတ်လာသူတွေထဲက တချို့လည်း ပြန်လည်အဖမ်းဆီး ခံနေရတဲ့ အခြေအနေတွေ ရှိနေတာပါ။ မြန်မာစစ်ကောင်စီရဲ့လုပ်ရပ်ဟာ နိုင်ငံတကာ ဖိအားတွေကိုလျှော့ဖို့သာ ရည်ရွယ်ပုံရတယ်လို့ လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။

" စစ်ကောင်စီ လုပ်နေတဲ့လုပ်ရပ်က နိုင်ငံတကာဖိအားတွေ သက်သာသွားအောင် ဆိုပြီးတော့၊ အပြစ်မဲ့ ဖမ်းဆီထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေကိုပေ့ါနော် တချို့ ပြန်လွှတ်ပေးတယ်။ နောက်ပြီးတခါ သူတို့ ပြန်လွှတ်ပေးမယ်လို့ ထုတ်ပြန်ထားတဲ့ စာရင်းနဲ့တောင် မကိုက်သေးပဲနဲ့ အခုလွတ်လာတဲ့ သူတွေက အတော်နည်းသေးတယ် ဆိုတာတွေကို ကျနော်တို့ တွေ့ရတယ်။ တချို့ကျတော့လည်း လွှတ်ပြီးခါမှ ပြန်ဖမ်းတယ်၊ ပြန်ဖမ်းခံရသူက ၁၁၀ ကျော်လောက် ရှိတယ်လို့ သိရတယ်။ အဓိကတော့ဗျာ စစ်ကောင်စီရဲ့ ရိုးသားပွင့်လင်းမှုပဲ အဓိက လိုအပ်တာပေါ့ဗျာ။ အဲဒီတော့ ကတိပေးထားတဲ့အတိုင်း လွှတ်ပေးမယ် ဆိုတဲ့သူတွေကို ပြန်လည်လွှတ်ပေးဖို့ ၊ နောက်ပြီးတော့ ဆက်လက်ပြီး ဖမ်းဆီးထိန်းသိမ်းထားတဲ့ သူတွေကိုလည်း ထပ်မံလွှတ်ပေးဖို့ လိုတယ်။ ဒါမှသာ နိုင်ငံတကာက စစ်ကောင်စီပေါ်မှာ အယုံအကြည် ရှိလာမှာ ဖြစ်တယ်။"

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrew ကတော့ - အကျဉ်းသား (၅,၀၀၀)ကျော် ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီက ကြေညာထားပေမဲ့ လွှတ်ပေးပြီးမှ ပြန်လည်ဖမ်းဆီးနေတဲ့ သတင်းတွေကိုလည်း သူရရှိထားကြောင်း သောကြာနေ့ နယူးယောက် ကုလသမဂ္ဂ ရုံးချုပ်မှာ ကျင်းပတဲ့ အထွေထွေညီလာခံ တတိယကော်မတီမှာ ပြောဆိုခဲ့တာပါ။

မန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံခဲ့ရသူပေါင်း (၈,၀၀၀)ကျော်ရှိပြီး ၊ အဲဒီထဲမှာ သတင်းထောက် အနည်းဆုံး အယောက်(၁၀၀)ပါဝင်ကြောင်းလည်း လူ့အခွင့်အရေး ကိစ္စတွေကို ကိုယ်တွယ်ရတဲ့ တတိယကော်မတီကို အထူးကိုယ်စားလှယ်က တင်ပြခဲ့ပြီး၊ စစ်ကောင်စီက ပြန်လွှတ်ပေးဖို့ ကတိပြုထားတဲ့အတိုင်း လက်တွေ့ ဖြစ်မဖြစ် အနီးကပ်စောင့်ကြည့်နေကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

{{ Unicode }}













XS
SM
MD
LG