အောက်တိုဘာ ၇၊ ၂၀၂၁ - မြန်မာနိုင်ငံမှာ တိုင်းရင်သား လက်နက်ကိုင်တပ်ဖွဲ့ များပေမယ့် ၊ စည်းလုံးညီညွတ်မှု မရှိတဲ့အတွက် စစ်အာဏာရှင်စနစ် သက်ဆိုးရှည်နေပုံကို ဦးအောင်ခင်က သုံးသပ်ထားပြီး၊ ကိုဉာဏ်ဝင်းအောင်က ကူညီ တင်ဆက် ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို အသိအမှတ်ပြုရေး အဆိုတရပ်ကို ပြင်သစ်အထက်လွှတ်တော်မှာ အင်္ဂါနေ့က ကန့်ကွက်မဲမရှိ တညီတညွတ်ထဲ ထောက်ခံအတည်ပြုခဲ့ပါတယ်။ ပြင်သစ်ရဲ့လွှတ်တော်တခုက အခုလို ဆုံးဖြတ်လိုက်တာဟာ အခြား EU နိုင်ငံတွေပေါ်မှာပါ သက်ရောက်မှု ရှိလာနိုင်တယ်လို့ မြန်မာ့အရေးလှုပ်ရှားသူတချို့က မျှော်လင့်နေပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ကိုဗစ်ကာကွယ်ဆေး လှူဒါန်းတဲ့ ကမ္ဘာ့ ဦးဆောင်နိုင်ငံဖြစ်ပြီး ၊ ကိုဗစ်ထိန်းချုပ်နိုင်ရေး ကမ္ဘာ့နိုင်ငံတချို့ကို ကာကွယ်ဆေး သန်း (၁၁၀၀)လှူဒါန်းမယ်လို့ ကတိပြုထားပါတယ်။ ဒခုချိန်ထိတော့ ၁၅% လောက်သာ ပေးပို့နိုင်သေးတဲ့အကြောင်း Patsy Widakuswara ရဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်တင်ပြပေးပါမယ်။
ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေက မင်းတပ် CDF ကို တိုက်ခိုက်မယ်ဆိုတဲ့ သတင်းတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စိုးရိမ်ပြီး ချင်းပြည်နယ်နဲ့ အနီးဆုံးဖြစ်တဲ့ မကွေးတိုင်း ကျောက်ထုမြို့ကို ပြောင်းရွှေ့လာနေပါတယ်။
ကိုဗစ် ကပ်ရောဂါ ကာလအတွင်း စားသောက်ဆိုင်တွေကို ယာယီ ပိတ်ခိုင်းတာ၊ ဆိုင်ထဲ စားခွင့် မပေးပဲ ၊ ပါဆယ်သာ ရောင်းခိုင်းတာတွေ လုပ်လာပြီးနောက် အာရှနိုင်ငံတချို့မှာ 'Cloud kitchen' လို့ခေါ်တဲ့ အစားအသောက် လိုက်ပို့ ရောင်းချတဲ့ သီးသန့်ဆိုင်တွေ ပေါ်လာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
စက်တင်ဘာ ၃၀၊ ၂၀၂၁ - သြစတြေးလျ ၊ ဗြိတိန် ၊ အမေရိကန်တို့ ပါဝင်တဲ့ AUKUS (အော-ကပ်စ်) ကာကွယ်ရေးအဖွဲ့ တည်ထောင်တာဟာ ဒီမိုကရေစီ စနစ်နဲ့ တပါတီ အာဏာရှင်စနစ်ရဲ့ မဟာဗျူဟာ စစ်ပွဲဖြစ်ကြောင်း ဦးအောင်ခင်က ရေးသားပြီး ၊ ကိုဉာဏ်ဝင်းအောင်က ကူညီ တင်ဆက်ထားပါတယ်။
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်နဲ့ မုံရွာဒေသတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ လက်နက်ကိုင်ပြည်သူတွေကြား ဒီရက်ပိုင်းထဲ အပြန်အလှန် ပစ်ခတ်မှုတွေ ပြင်းထန်လာတာကြောင့် ကျေးရွာအတော်များများက ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။
စစ်ကောင်စီကို နိုင်ငံတကာ အသိုင်းအဝိုင်းက လုံးဝ အသိအမှတ်ပြုခြင်း မရှိဘူးပေါ့နော်။ မရှိတဲ့အတွက်ကြောင့်လည်းပေါ့နော်၊ စစ်ကောင်စီရဲ့ ကိုယ်စားလှယ်ကို ဒီလိုမျိုး မျက်နှာစာမှာ လက်ခံဖို့မရှိဘူး ဆိုတာကိုတော့ ကျနော် နိုင်ငံတွေ အတော်များများနဲ့ ပြောဆိုထားချက်အရ ဒါတွေကို သိထားရပါတယ်။
NUG အမျိုးသားညီညွတ်ရေးအစိုးရက လက်ခံထားတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာလအထိ ကုလသမဂ္ဂဆိုင်ရာ အစည်းအဝေးတွေကို ဆက်တက်နေဦးမှာဖြစ်တယ်လို့ ပြောပါတယ်။ သံတမန်ဆက်ဆံရေး စစ်မျက်နှာမှာ အောင်မြင်တဲ့ခြေလှမ်းတခု ရရှိလာတာလို့ ပြောပါတယ်။ ဦးကျော်မိုးထွန်းကို ကိုဉာဏ်ဝင်းအောင် မေးမြန်းထားပါတယ်။
ထိုင်းနိုင်ငံမှာလူတွေရဲ့ဂျိုင်းက ချွေးကိုယူပြီး ကိုဗစ်ကူးစက်ထားမှု ရှိမရှိ စစ်ဆေးနိုင်တဲ့ ကရိယာတခု ချူလာလောင်ကွန်း တက္ကသိုလ်ကတီထွင်တဲ့အကြောင်းနဲ့ အာဖဂန်က နေရပ်စွန့်ခွာလိုတဲ့ တချို့သူတွေက သူတို့ပစ္စည်းတွေကို ရသလောက်ဈေးနဲ့ ရောင်းနေတာကြောင့်အဟောင်းဈေးကြီးတခု ပေါ်လာတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို အသိအမှတ်မပြုပဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုသာ အပြည့်အဝ ထောက်ခံ အားပေးသွားမယ်လို့ တောင်ကိုရီးယားနိုင်ငံမှာ အာဏာရ ကိုရီးယား ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဌ မစ္စတာ ဆုန်ယောင်ဂီးက VOA နဲ့ သီးသန့်တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။
မြန်မာနိုင်ငံမှာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီကို အသိအမှတ်မပြုပဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုသာ အပြည့်အဝ ထောက်ခံ အားပေးသွားမယ်လို့ တောင်ကိုရီးယားနိုင်ငံမှာ အာဏာရ ကိုရီးယား ဒီမိုကရက်တစ်ပါတီ (Democratic Party of Korea) ရဲ့ ဥက္ကဌ မစ္စတာ ဆုန်ယောင်ဂီးက VOA နဲ့ သီးသန့်တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။
စက်တင်ဘာ ၂၃၊ ၂၀၂၁ - မြန်မာပြည်မှာ လူမျိုးရေး အခြေခံတဲ့ လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေတာတွေကို နိဂုံးချုပ်ဖို့အတွက် လူမျိုးရေး အဓိကထားတဲ့စနစ်ကို ဖြေဖျောက်ဖို့ လိုပါတယ်။ ဒီအကြောင်း ဦးအောင်ခင်က ကိုဉာဏ်ဝင်းအောင်နဲ့အတူ တင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတာ ၈ လထဲ ရောက်လာချိန်မှာပဲ ပြည်တွင်းမှာရော ပြည်ပမှာပါ ဆန့်ကျင်မှုတွေ ဆက်ရှိနေတဲ့အထဲ စနေနေ့တုန်းကတော့ အမေရိကန်၊ ကနေဒါနဲ့ နယ်သာလန်နိုင်ငံရောက် မြန်မာတွေက မြန်မာ့အရေးကို ကုလသမဂ္ဂအနေနဲ့ အလေးထား ကိုင်တွယ်ဆောင်ရွက်ဖို့ တောင်းဆိုလိုက်ကြတယ်။
ဒီတပတ် အာရှစီးပွားရေးမှာတော့ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့မှာ ကိုဗစ်ကူးစက်မှု လျော့ကျသွားအောင် တားဆီးပိတ်ပင်မှုက နေ့စဉ်လုပ်ငန်းတွေမှာ အခက်အခဲကြုံလာစေတဲ့အကြောင်းနဲ့ သီရိလင်္ကာနိုင်ငံမှာ လ္ဘက်ထုတ်လုပ်မှု ကျဆင်းလာမှာ စိုးရိမ်နေရတဲ့အကြောင်း Chris Casquejo ရဲ့သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။
စက်တင်ဘာ ၁၆၊ ၂၀၂၁ - စစ်တပ် လက်အောက်ခံ ပြည်သူ့စစ် တပ်တွေနဲ့ ပြည်သူ့ ကာကွယ်ရေးတပ်လို့ ဆိုတဲ့ PDF တပ်ဖွဲ့တွေ ကွဲပြား ခြားနားပုံကို ဦးအောင်ခင်က ရေးသားပြီး ကိုဉာဏ်ဝင်းအောင်က ကူညီ တင်ဆက်ထားပါတယ်။
ဒီတပတ် အာရှစီးပွားရေး ကဏ္ဍမှာတော့ - ထိုင်းနိုင်ငံမှာ ရာစုနှစ်ကျော် ရှိလာခဲ့တဲ့ ဘန်ကောက်-ဘူတာကြီး ပိတ်သိမ်း လိုက်တဲ့ အကြောင်းနဲ့ အင်ဒိုနီးရှားနိုင်ငံက ဆိုင်ကယ်စက်ပြင် ဆရာတဦး လစဉ် ဝင်ငွေ ရ နေတဲ့အကြောင်း Ira Mellman ရဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။
ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်နေရာမှာ ပြည်သူတွေလိုလားတဲ့ သံအမတ်ကြီးကို လက်ခံပေးဖို့ အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုအဖြစ် တနင်္ဂနွေနေ့က ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ဒီအကြောင်း ပြောပြပါမယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလ လူ့အခွင့်အရေးကောင်စီမှာ အရေးယူ ချမှတ်နိုင်ရေးနဲ့ ကုလဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် နေရာမှာ ပြည်သူတွေလိုလားတဲ့ သံအမတ်ကြီးကို လက်ခံပေးဖို့ မြန်မာ့အရေး လှုပ်ရှားသူတွေက ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
၂၀၀၁ ခုနှစ် စက်တင်ဘာ (၁၁)ရက်နေ့တုန်းက အမေရိကန်ပြည်ထောင်စုမှာ 9/11 အကြမ်းဖက်တိုက်ခိုက်မှု ကြုံခဲ့ရချိန်ကစလို့ လူမှုအသိုင်းအဝိုင်းကြား စိုးရိမ်စိတ်နဲ့နေလာခဲ့ရတယ်လို့ အဲဒီအဖြစ်အပျက်ကို ကြုံခဲ့သူ ကုသမဂ္ဂ-ငြိမ်းချမ်းရေးတပ်ဖွဲ့မှာ အရပ်ဖက်အရာရှိအဖြစ် တာဝန်ထမ်းခဲ့တဲ့ ဦးစန်းထွန်းက အတွေ့အကြုံကို ပြောထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်