စားသုံးသူကာကွယ်အရေးအသင်းက ရန်ကုန်မြို့မှာရှိတဲ့ ရေသန့်ထုတ်လုပ်ရေးလုပ်ငန်းတချို့ကို ဒီရက်ပိုင်းအတွင်းလိုက်လံစစ်ဆေးခဲ့ပြီး အများစုက လုပ်ငန်းခွင်သန့်ရှင်းမှုမရှိသလို လုပ်ငန်းလိုင်စင်မရှိဘဲထုတ်လုပ်နေတာတွေရှိလို့ပိတ်သိမ်းတာတွေအထိဆောင်ရွက်ခဲ့ပါတယ်။ VOAမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်တင်ဆက်ပေးထားပါတယ်။
ဆော်ဒီ အာရေးဗီးယားကို နှစ်စဉ် ဒေါ်လာ သန်း ၄၀ ကျော်ဖိုး ငါးမြစ်ချင်းနဲ့ ရေထွက်ကုန်တင်ပို့တာ ငါးလကျော် ရပ်နားထားရတာကြောင့် ရေထွက်ကုန်တင်ပို့လုပ်ငန်းကျဆင်းနေတာကို အစိုးရအနေနဲ့ ဖြေရှင်းပေးသင့်ကြောင်း ငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။
ဝေဖန်မှုတွေရှိနေပေမယ့်လို့ နိုင်ငံခြားအရက်တရားမဝင်ရောင်းချမှုတွေပိတ်ပင်ဖို့ညွှန်ကြားချက်ကိုရန်ကုန်တိုင်းအစိုးရအနေနဲ့ဆက်လုပ်သွားမယ်လို့စားသုံးသူရေးရာဦးစီးဌာနတာဝန်ရှိသူတဦးက ပြောလိုက်ပါတယ်။
တစ်ချိန်ကရန်ကုန်မြစ်ထဲ ထောင်နဲ့ချီတဲ့လှေတွေကို ကြည့်မြင်တိုင်တဘက်ကမ်း အလတ်ချောင်းကျေးရွာမှာ လုပ်တာပါ။ ဒါပေမဲ့အခုတော့ သစ်ကရှား၊ ကုန်စရိတ်လည်းများမို့ လှေကူးတို့ဆွဲတဲ့သူတွေလည်း သိပ်မရှိတော့ပါဘူး။ ဒီတော့ လှေလုပ်တဲ့ဦးစိုးမြင့် ဘယ်လို ရပ်တည်နေပါသလဲ။ သူ့အကြောင်းအစီအစဉ်မှာကိုဇော်ထက် ရိုက်ကူးတင်ပြထားပါတယ်။
ဒေါ်လာနဲ့မြန်မာကျပ်ငွေလဲလှယ်နှုန်းမှာ ဒေါ်လာတန်ဖိုးနည်းနည်းပြန်ကျလာတယ်ဆိုပေမယ့် စက်သုံးဆီ ဈေးနှုန်းတွေကတော့ ဆက်ပြီး တက်နေဆဲဖြစ်ပါတယ်။
ကျပ်ငွေတန်ဖိုးဟာအရင်ရက်နဲ့ စာရင် အနည်းငယ် ပြန်တက်ပြီး ဒီနေ့ညနေဈေးပိတ်ချိန်မှာ တဒေါ်လာကို ငွေလဲနှုန်း ၁၅၄၀ကျပ် ဖြစ်သွားပါတယ်။
အနာဂတ်မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေတည်ဆောက်ဖို့၊ အကြမ်းဖက်မှုတွေတားဆီးဖို့နဲ့ တရားမျှတမှု ဖော် ဆောင်တဲ့ အခန်းကဏ္ဍတွေမှာ အမျိုးသမီးလှုပ်ရှားမှုတွေ ပိုပြီးပါဝင်လာဖို့ ဆောင်ရွက်သွားမယ်လို့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က နှိုးဆော်လိုက်ပါတယ်။
အနာဂတ်မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့၊ အကြမ်းဖက်မှုတွေတားဆီးဖို့နဲ့ တရားမျှတမှုဖော်ဆောင်တဲ့ အခန်းကဏ္ဍတွေမှာ အမျိုးသမီးလှုပ်ရှားမှုတွေ ပိုပါဝင်လာဖို့ဆောင်ရွက်သွားမယ်လို့ ဒီနေ့အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ အမျိုးသမီးများအဖွဲ့ချုပ်အဖွဲ့ဝင်တွေက နှိုးဆော်လိုက်ပါတယ်။ကိုဇော်ထက်တင်ပြထားပါတယ်။
တရုတ်မြန်မာနယ်စပ်မူဆယ်ခရိုင်ပန်ဆိုင်းမြို့နယ်ထဲမှာမနေ့ကစက်တင်ဘာ၁၉ရက်ကတရုတ်နိုင်ငံသားတချို့ စက်ယန္တယားတွေနဲ့ မြေတူးဖော်၊ကွန်ကရစ်ခြံစည်းရိုးကာတာတွေလုပ်ဆောင်ခဲ့ပြီး မြန်မာအာဏာပိုင်ဘက်ကတရုတ်နိုင်ငံပြည်ပရေးရာတာဝန်ရှိသူတွေဆီကိုကန့်ကွက်လွှာပေးပို့ခဲ့တာကြောင့်ဒီနေ့စက်တင်ဘာ၂၀မနက်ပိုင်းမှာ ခြံစည်းရိုးကာရံတာကို ပြန်ဖျက်သိမ်းသွားပါတယ်။
မြန်မာနိုင်ငံမှာဒီနေ့ရင်ဆိုင်နေရတဲ့အထွေထွေအကြပ်အတည်းတွေဟာ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် ဖြစ်တာကြောင့်ဒီဖွဲ့စည်းပုံကိုဖျက်သိမ်းပြီးလူထုဆန္ဒနဲ့ကိုက်ညီတဲ့အခြေခံဥပဒေတရပ် ပြင်ဆင်အစားထိုးနိုင်ရေးပြင်ဆင်ဖို့ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့သံဃာတော်တွေကတိုက်တွန်းလိုက်ပါတယ်။
ရခိုင်ပြည်နယ် မြို့နယ်တချို့က မွတ်ဆလင်ကလေးတွေကို ပညာသင်ကြားပေးဖို့ နေ့စားလပေး သင်ကြားရေး အကူ ဆရာတွေခန့်သွားနိုင်ဖို့ အခြေခံပညာဦးစီးဌာနက ဆောက်ရွက်နေပါတယ်။
မြန်မာနိုင်ငံ လူကုန်ကူးမှု ပြဿနာ ဆက်ပြီး ရှိနေတာဟာ အလုပ်အကိုင် ရှားပါးမှုတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဖြစ်တဲ့အကြောင်း ဒုတိယသမ္မတ ဦဟင်နရီဗန်ထီးယူက ဒီကနေ နေပြည်တော်မှာ ကျရောက်တဲ့ ဆဋ္ဌမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားမှာ ပြောဆိုသွားပါတယ်။
အခုစက်တင်ဘာ ၁၈ရက်မှာ ကျင်းပမယ့် (၇၃)ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကိုဒေါ်အောင်ဆန်းစုကြည် တက်ရောက်မှာ မဟုတ်ဘဲ အတိုင်ပင်ခံရုံးနဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနက ကိုယ်စားလှယ်အဖွဲ့ကပဲ တက်ရောက်သွားမှာ ဖြစ်ပါတယ်။
အမေရိကန် ဒေါ်လာနဲ့ မြန်မာကျပ်ငွေလဲလှယ်နှုန်းကို ဗဟိုဘဏ်က ၁၅၄၂ ကျပ်သတ်မှတ်ထားပေမဲ့ ဒီကနေ့ ပြင်ပ ငွေလဲနှုန်းမှာ တဒေါ်လာကို မြန်မာကျပ်ငွေ ၁၅၆၀ အထိ ကျပ်ငွေတန်ဖိုး ကျနေဆဲဖြစ်ပါတယ်။
ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်း အောက်မေ့ဖွယ်အထိမ်းအမှတ်နေ့မှာ ဟောပြောခဲ့တာတွေဟာ ဥပဒေနဲ့ မညီညွှတ်ဘူးလို့ဆိုပြီး ပုဒ်မ၃ခုနဲ့ တရားစွဲခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်ကို စွဲချက်တင်ဖို့ စစ်တွေခရိုင်တရားရုံးက ဒီနေ့ စက်တင်ဘာ ၁၀ရက်မှာ ဆုံးဖြတ်လိုက်ပါပြီ။
အာဆီယံစီးပွားရေး အသိုက်အဝန်းကို အကောင်အထည်ဖော်နေချိန်မှာ ပြည်တွင်း အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေ ဈေးကွက်ဆုံးရှုံးတာမျိုး မဖြစ်အောင် အစိုးရက ထောက်ပံ့ကူညီတာမျိုး၊ ကုန်ကြမ်းသွန်းကုန်တွေအပေါ် အခွန်လျော့ ချတာမျိုးတွေ လုပ်ပေးဖို့ စီးပွားရေးပညာရှင်တွေက အကြံပြုပြောဆိုပါတယ်။
လာမယ့်နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲဝင်မယ့်ပါတီတွေအနေနဲ့ စက်တင်ဘာလ ၃ ရက်ကစပြီး မဲဆွယ် စည်းရုံးတာတွေ လုပ်နိုင်ပြီလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေငြာထားပြီးဖြစ်ပါတယ်။
မြန်မာ့တပ်မတော်နဲ့ ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တိုက်ပွဲတွေကြောင့် တရုတ်-မြန်မာနယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နေတဲ့ ကချင်စစ်ဘေးရှောင်တွေ ထောင်သောင်းချီရှိနေဆဲဖြစ်ပြီး ပြည်ပနိုင်ငံတကာအဖွဲ့အစည်းတွေ အဲဒီဒုက္ခသည်တွေဆီ သွားပြီးကူညီတာကို မြန်မာတာဝန်ရှိသူတွေ အထူးသဖြင့် မြန်မာစစ်တပ်က ပိတ်ပင် ကန့်သတ်မှုတွေမလုပ်ဖို့ လူ့အခွင့်အရေးအဖွဲ့ တခုဖြစ်တဲ့ Fortify Rights အဖွဲ့ကတောင်းဆိုလိုက်ပါတယ်။
ပဲခူးတိုင်း၊ တောင်ငူခရိုင်ဆွာချောင်းရေလှောင်တမံ ရေလျှံပြီးဒီနေ့မနက်၆နာရီလောက်မှာ ရေပိုလွဲနံရံတစိတ်တပိုင်းပဲ့ကျခဲ့တာကြောင့်ဆွာမြို့အပါအဝင်ရန်ကုန်-မန္တလေးလမ်းပေါ် ရေလွှမ်းမိုးခဲ့ပြီး လမ်းပိတ်ထားခဲ့ရပါတယ်။အခု ရေတော်ကျသွားပြီဆိုပေမဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းမှာရှိတဲ့ ဆွာချောင်းတံတား ရဲ့တစ်ခြမ်းကိုတော့ အသုံးမပြုနိုင်သေးပါဘူး။
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးကိုကိုကြီး ဦးဆောင်တဲ့ဲ့ ပြည်သူ့ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တရားဝင် ပါတီတစ်ခုအနေနဲ့ မနေ့က မှတ်ပုံခွင့်ပြုလိုက်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်